အခန်း ( 5 ) ငါကောင်လေး တစ်ယောက်ကို ချစ်မိသွားလို့

153 15 3
                                    

ည 7:00 နာရီ . . . .

"အား . . .ကျွတ်. .ကျွတ် ခေါင်းကိုက်လိုက်တာ"
ဟွမ်ကျွင့်ကျယ် နားထင်နှစ်ဖက်အား လက်
ဖြင့်ဖိချေလိုက်သည်။ထို့နောက် တံခါးအပြင်ဘက်မှ မှောင်မဲနေသော ပတ်ဝန်းကျင်အား ကြည့်ကာ ပြောလိုက်သည်။

"အိုး .   .မိုးတောင်ချုပ်သွားပြီဘဲ ရှကော ပန်းခြင်းလာမယူသေးဘူးလား"

ဟွမ်ကျွင့်ကျယ် စားပွဲခုံပေါ်ရှိ ပန်းခြင်းတင်ထားတဲ့ နေရာကိုကြည့်လိုက်ရာ ထိုနေရာတွင် ပန်းခြင်းအစား ခေါက်ချိုးထားတဲ့စာလေးတစ်စောင်က နေရာယူထားသည်။ကျွင့်ကျယ် ထိုစာလေးအား လှမ်းယူလိုက်ကာ ဖွင့်ဖတ်လိုက်သည်။

နိုးပြီလား. .ဒီစာလေးကိုတွေ့ပြီဆိုရင်တော့ မင်းနိုးနေလို့ဘဲ ကိုယ်ပန်းခြင်းကို ယူသွားလိုက်ပြီ မင်းအိမ်မက်ကောင်းကောင်းလေးမက်နေတာတွေ့လို့ ကိုယ်မနိုးတော့တာ ဖြစ်နိုင်ရင် ကိုယ့်ကိုပါ ထည့်မက်ပေးရင်တော့ ပိုကောင်းတာပေါ့ . .ကိုယ့်ကိုတစ်ချိန်လုံးစောင့်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မနက်ကြရင်တွေ့ကြမယ်နော် အခုတော့ မင်းလည်းပင်ပန်းနေတာဆိုတော့ စောစောနားတော့ Good nightနော် ဟွမ်လေး မွ😘 . .
( T.N:စကားပြောတာမဟုတ်ဘဲ စာနဲ့ပြောထားတာမို့လို့ ဒါလေးတွေ " . . ."မထည့်ဘဲ စာလုံးစောင်းစောင်းလေးတွေဘဲ ရေးထားပါတယ် )

ဟွမ်ကျွင့်ကျယ် စာလေးကိုဖတ်ရင်းပြုံးလိုက်မိသည်။ပြီးနောက် ပြန်တည်လိုက်ကာ . .
"ကျစ် . .ငါက ဘာလို့ပြုံးနေရတာလဲ . .
ရှကောကလည်းတကယ်ပါဘဲ စာရေးတာရေးပေါ့ နောက်ဆုံးက emoji ကဘာလဲ သူကိုယ်တိုင်ဆွဲထားတာလား ကလေးဆန်
လိုက်တာ"

ဟွမ်ကျွင့်ကျယ် စားပွဲခုံအောက်က အံ့ဆွဲလေးကို ဆွဲဖွင့်လိုက်ကာ ထိုခေါက်ချိုးထားတဲ့စာလေးကို ထည့်ထားလိုက်သည်။ထို့နောက် ထိုင်ခုံပေါ်ကထကာ တံခါးသွားပိတ်လိုက်သည်။

ပြီးနောက် ရေချိုးခန်းထဲသို့ဝင်ကာ ရေနွေးနွေးလေးဖြင့် ခပ်မြန်မြန်ရေချိုးလိုက်ကာ
အိပ်စက်အနားယူဖို့ ပြင်ဆင်လိုက်သည်။

မီးအလင်းရောင်သဲ့သဲ့ထွန်းလင်းနေသောအခန်းငယ်လေးတွင် ကောင်လေးတစ်ယောက်၏ပြုံးနေသော နှုတ်ခမ်းပါးတို့မှ ကိုယ် ကိုယ်တိုင်ကြားရရုံမျှသာတိုးညှင်းသောလေသံဖြင့် ပြောလာသည်။
"ရှကောလည်း good nightပါနော်
ဒါ . .ကျွန်တော် ခင်ဗျားကိုကြိုက်လို့မဟုတ်ဘူးနော်. .ဒါက ဒီတိုင်း .    .    .ဒီတိုင်းပါဘဲ
ဘာအဓိပ္ပာယ်မှမရှိဘူး"

For Get Me Not 🌸 Where stories live. Discover now