" အာ . . ရှကော စောင့်ရတာကြာသွား
ပြီလား "" မဟုတ်တာ ကိုယ်လည်း ခုဏလေးကမှ ရောက်တာပါ "
ရှကျစ်ကွမ်း ပန်းဆိုင်လေးထဲမှ အသည်းအသန်ပြေးထွက်လာသော ဘောင်းဘီအတိုလေးနဲ့အပေါ်ထပ် ကုတ်အင်္ကျီလေးဝတ်ထားတဲ့ ဆံပင်လုံးလုံးလေးနဲ့ကောင်လေးကို ကြည့်ကာပြောလိုက်သည်။" လာလေ . . ကိုယ်တို့သွားရအောင် ကားပေါ်တက် "
ရှကျစ်ကွမ်း ကားတံခါးဖွင့်ပေးလိုက်ရင်း ကောင်လေးကိုပြုံးကာ ပြောလိုက်သည်။" ဟုတ်ကဲ့ "
" ရှကော ကျွန်တော်တို့ ဘယ်သွားကြမှာလဲ "
နှစ်ယောက်လုံးကားပေါ်တက်ပြီးနောက်
ဟွမ်ကျွင့်ကျယ် သူ့ဘေးကလူကြီးကိုကြည့်ကာ မေးလိုက်သည်။" ကိုယ်တို့ဒိတ်ဖို့အတွက် နေရာတွေအများကြီး ကိုယ်ရှာတွေ့ထားတယ် ဒါပေမယ့် တစ်ရက်ထဲနဲ့အကုန်လုံးကို သွားဖို့ကတော့ မဖြစ်နိုင်ဘူး "
ရှကျစ်ကွမ်း ကားမောင်းနေရင်း မေးလာသောအကောင်ပေါက်လေးကို တစ်ချက်
ကြည့်ကာ ပြန်ပြောလိုက်သည်။" ဒါကြောင့် မင်းသွားချင်တဲ့ နေရာတွေ ဘာတွေရှိရင် ကိုယ့်ကိုပြောလေ. . . "
" ကျွန်တော် ရုပ်ရှင်တော့သွားကြည့်ချင်တယ် ကျွန်တော့်မိဘတွေရှိထဲက ဟောင်ယန်ကျေးရွာမှာဘဲနေတာဆိုတော့ ကျွန်တော်ရုပ်ရှင်မကြည့်ရတာကြာပြီ "
" အင်း . . ကောင်းပြီ
ဒါဆို မင်းကိုယ့်ကို ဘယ်အမျိုးအစားကြည့်ရတာကြိုက်တာလဲဆိုတာပြောပြ...ကိုယ်ရုပ်ရှင်အက်ပ်မှာ ကြည့်လို့ကောင်းမယ့် ဇာတ်ကား ရှာပေးမယ် "
ရှကျစ်ကွမ်း ကားဆီထည့်ဖို့ ကားကိုရပ်လိုက်ရင်း ဟွမ်ကျွင့်ကျယ်ကိုကြည့်ကာ ပြောသည်။" အာ . . ခဏလေး ကျွန်တော်စဉ်းစားလိုက်အုံးမယ် "
" ဆရာ . . ဆီဘယ်လောက်ထည့်မှာလဲဗျ "
" အပြည့်ထည့်လိုက် . . ဒီမှာ ကဒ် "
ရှကျစ်ကွမ်း ကောင်လေးကိုကြည့်နေရာမှ ကားမှန်ချလိုက်ပြီး အပြင်ဘက်မှဝန်ထမ်းကို ကြည့်ရင်း ငွေရှင်းကဒ်ထုတ်ပေးလိုက်ကာ ပြောသည်။စက္ကန့်အနည်းငယ် ကြာပြီးနောက်....
" ဆရာ . .ကျွန်တော်တို့ ဆီအပြည့်ထည့်ပေးပါ့မယ် ခဏလောက်စောင့်ပေးပါ ဒီမှာဆရာရဲ့ကဒ်ပါ "
VOCÊ ESTÁ LENDO
For Get Me Not 🌸
Fanficအလှပဆုံးပန်းတွေထဲကပန်းသေးသေးလေးတွေပါဘဲ လူတိုင်းအတွက်မဟုတ်ရင်တောင်ကိုယ့်အတွက်တော့ အရမ်းအရေးပါတယ် မင်းလိုပေါ့. . . ရှကျစ်ကွမ်း. . . . တကယ်လို့တွေ့ဆုံခြင်းတွေက ခွဲခွာဖို့အတွက်ဆိုတာကိုသာ ကျွန်တော်စောစ...