Part 13

1.1K 69 20
                                    

"ရပြီ သွားတော့"

"နေအုံး...ခင်ဗျား ဒီဘက်လှည့်စမ်း"

ရှင်းဟန် ကားပေါ်ရောက်ရောက်ချင်း အရှေ့ဘက်ရှိ ဟန်လင်းသန့်အား ကားထွက်ရန်ပြင်ခိုင်း‌လိုက်ချိန် ရာစု၏တားမြစ်သံကိုပါတစ်ဆက်တည်းကြားလိုက်ရသည်။

"ခင်ဗျား ထိလာတာပဲ"

"အနည်းနဲ့အများတော့ ခံရတာပေါ့ဟ"

ကားအနောက်ခန်းထဲတွင် ရာစုနှင့်ရှင်းဟန် ထိုင်နေကြသည်။ရှင်းဟန်၏ နှုတ်ခမ်းထက်ရှိပေါက်ပြဲဒဏ်ရာအား ရာစုအသေအချာစိုက်ကြည့်ကာ မရိုးမယွဖြစ်နေမိသည်။

"အရမ်းများသွားတာပဲ"

"သင်တိုင်းရှင်းဟန် အတွက်ကဒီလောက်နဲ့ စာမဖွဲ့တတ်ဘူး။အသေးအမွှားလေး။သက်တော်စောင့်တစ်ယောက်လုပ်နေပြီး ဒါလေးမှခံနိုင်ရည်မရှိရင်လည်း..."

"ရော့...ဖိထားလိုက်"

ရာစု မိမိအိတ်ကပ်ထဲရှိ လက်ကိုင်ပုဝါကိုထုတ်ပေးသော်လည်း ငြင်းဆန်ကာ နှုတ်ခမ်းထက်ရှိဒဏ်ရာကိုလက်ခုံဖြင့်ပွတ်ဆွဲလိုက်သူ။

"ဒါ...ဒါက?"

"အင်း...အဲ့ဒီလူဆီကရလာတာ"

ဟန်လင်းသန့် ကားအရှေ့ခန်းထဲမှ အနောက်ဘက်သို့လှည့်ကာ ရှင်းဟန် ပြနေသောဆွဲကြိုးကိုယူလိုက်သည်။ထို့နောက် အသေအချာကြည့်နေမိသည်။မြွေလော့ကတ်သီးနှင့် ဆွဲကြိုးမှာ ကြိုးကိုသေချာကြည့်တော့ သာမန်ကြိုးများနှင့်မတူဘဲ အနုစိတ်လှသည်။

ဟန်လင်းသန့် ရာစုကိုသေချာတယ်ဟူသောအကြည့်ဖြင့်ကြည့်ပေးလိုက်သည်။ဟန်လင်းသန့်နဲ့ရာစုတို့အချိတ်အဆက်ကို ရှင်းဟန် နားမလည်သော်လည်း ဒီဆွဲကြိုးလိုပုံစံကိုတစ်နေရာရာမှာမြင်ဖူးသလိုဖြစ်နေသည်။သို့သော် သူ စဉ်းစားမရ။မြင်တော့မြင်ဖူးတယ်။ပုံဖော်လို့ကလည်း လုံးဝမရ။

ဒီလိုဒီဇိုင်း၊ဒီလိုလော့ကတ်မျိုးက တစ်နေရာတွင်သာရှိသည်။

ထိုနေရာကား.....

မက်ဒူဆာ ဂိုဏ်း။

"ဒါက မက်ဒူဆာ ဂိုဏ်းရဲ့သင်္ကေတ။မက်ဒူဆာ ဂိုဏ်းဆိုတာ မြေအောက်လောကသားတွေရဲ့ ရှင်ဘုရင်လို့‌တောင်သတ်မှတ်ကြတယ်။လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ဂိုဏ်းရဲ့အစအနကိုရှာလို့မတွေ့တော့ဘူး။အခု ပြန်ပေါ်လာပြီထင်တယ်"

You've reached the end of published parts.

⏰ Last updated: May 20 ⏰

Add this story to your Library to get notified about new parts!

Love Behind The Complexity Where stories live. Discover now