Part 1

21.4K 504 60
                                        

"ပိုက်ဆံယူပြီးအလုပ်မလုပ်ချင်ရင် ဖာခံ စားလိုက်။အငြိမ်သားပဲ"

'အဲ့လိုမဟုတ်ပါဘူးကွာ'

"ကျစ်!"

စိတ်ပျက်စရာကောင်းလှသော ဖုန်းပြောခြင်းကို စုတ်သပ်တစ်ချက်သပ်ပြီး ချလိုက်သည်။စိတ်မကြည်နေသောကြောင့် လှေကားပေါ်မှဆင်းရာတွင် ခြေလှမ်းများက မြန်ဆန်သွက်လက်နေသည်။လက် လွှဲလိုက်သည့်အခါတိုင်း ဆုပ်ကိုင်ထားသောအကျီမှာလည်း လွှဲရာအတိုင်းအငြိမ်မနေရစွာရှေ့ရောက်လိုက်၊နောက်ရောက်လိုက်ဖြစ်နေပေသည်။

"သား ရာစု"

အပြင်ကိုတန်းထွက်မည်ကြံသော်လည်း ထမင်းစားခန်းထဲမှ အဒေါ်ဖြစ်သူရဲ့ခေါ်သံကြောင့် ရာစု ခြေလှမ်းတို့ကိုဉီးတည်ရာပြောင်းလိုက်သည်။

'ယနေ့သတင်းရဲ့ထိပ်ဆုံးခေါင်းစီးမှာပါဝင်လာတာကတော့ မြန်မာနိုင်ငံရဲ့ top 10 ဝင် လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Rarh Cu Enterprise အကြောင်းပဲဖြစ်ပါတယ်။'

ကြည့်သူမဲ့ဖွင့်ထားသော tv ဖန်သားပြင်ထက်ရှိသတင်းထဲမှအကြောင်းအရာများသည် ဧည့်ခန်းထဲတွင်ပျံ့နှံ့လျှက်။

"အန်တီ ပြောစရာရှိလို့"

"အင်း"

အဒေါ်ဖြစ်သူစကားကြောင့် စားပွဲဝိုင်းရှိထိုင်ခုံတစ်လုံးကိုဆွဲယူကာ လက်ထဲမှကိုင်ထားသောအကျီကို ထိုင်ခုံကျောမှီတွင် တင်ချလိုက်သည်။ပြီးမှ သူဝင်ထိုင်လိုက်သည်။

"မျက်နှာက ဘာဖြစ်နေတာလဲ။ဘာ ညစ်စရာရှိလို့လဲ ဟင်"

"အလုပ်လုပ်တာစည်းစနစ်မကျလို့"

"အော်...မနက်စာ စားအုံးလေ"

"တော်ပြီ...ခင်ဗျား ဘာပြောမလို့လဲ"

"သား hotel ဆောက်မယ်ဆိုတဲ့နေရာကအဆင်ပြေလား။အဲ့နေရာကလူတွေရော နေရာဖယ်ပေးလား"

"စီစဉ်နေတုန်း...ထိန်းရခက်ရင် တရားဉပဒေအရသွားမှာ။သူတို့နေရာရဲ့ စာချုပ်ကတရားဝင်ကျုပ်လက်ထဲရှိပြီးသား။ဘာသိချင်သေးလဲ"

"ရပါပြီ"

ချက်ချင်းပင် အကျီကိုဆွဲယူကာ ထိုနေရာမှထ,ခဲ့လိုက်သည်။ဒေါ်နုနုသက် နဲ့သူနဲ့က တူဝရီးတော်ပေမဲ့ ရာစု အဒေါ်တစ်ယောက်လို သဘောထားခဲ့သည်မှာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကပင်ကုန်ဆုံးသွားခဲ့သည်။ယခုတော့ မေးထူးခေါ်ပြောလောက်ပဲရှိသည်။သူ့အဒေါ်ကလွဲလို့ ကျန်တဲ့သူများနဲ့အဆင်ပြေတယ်။

Love Behind The Complexity Donde viven las historias. Descúbrelo ahora