Part 48

1K 99 0
                                    

Ch 48

မင်ယီကျောင်းတော်က ဆရာမတွေအားလုံးနဲ့ ရွှယ့်ဖန်းဖိန်းက ဆက်ဆံရေးကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် သိသိသာသာ မကောင်းတဲ့သူကို မေးရင်တော့ ဒီဆရာမ ကျီကိုပဲ လက်ညှိုးထိုးပြရမှာပဲ။ ရိုးရာဓလေ့ ပွဲအခမ်းအနားတွေကို ဦးစီးဦးဆောင်ရတဲ့ ဆရာမကျီက အရင်တုန်းက ဧကရီမိဖုရားကြီးရဲ့ နန်းဆောင်က ရံရွေတော်ဖြစ်ခဲ့ပြီး မင်ယီကျောင်းတော် တည်ဆောက်ပြီးတဲ့နောက်မှ မိဖုရားကြီးရဲ့ အမိန့်ကြောင့် ဒီမှာ ဆရာမလာလုပ်ရတာဖြစ်တယ်။ အဲ့တော့ သူကအစထဲက အင်မတန် ဂုဏ်မောက်တယ်။

သူက ဘယ်သူ့ကိုမဆို ယဥ်ကျေးမှု အနေအထိုင် ကောင်းမွန်တဲ့ စရိုက်ကိုကြည့်ပြီး တန်ဖိုးဖြတ်တာ ရွှယ့်ဖန်းဖိန်းတုန်းက မခံမရပ်နိုင်နဲ့ အိမ်တိုင်ရာရောက် လာဝေဖန်တာကိုကြည့်ရင် သိနိုင်တယ်။ အခုလည်း ကျန်းလီက အတိတ်မှာ နာမည်ဆိုးရှိပြီးသားဆိုတော့ သူ့ရဲ့ အတန်းသားတွေထဲမှာ ဒီလိုလူမျိုးရှိနေတာကို သူ့ရင်ထဲ အင်မတန်စက်ဆုပ် ခံပြင်းနေမှာပဲ။

သူမက ဝင်လာလာချင်းမှာပဲ စာစသင်တော့တယ်။ မင်ယီကျောင်းတော်ရဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေဖြစ်တဲ့ 'ယန်တိုင်းပြည်၏ ယဥ်ကျေးမှု' 'ထုံးတမ်းအစဥ်အလာနှင့် ရိုးရာပွဲအခမ်းအနားများ' 'အမျိုးသမီးရေးရာ စာပေများ' 'ဘာသာတရားကိုင်းရှိုင်းမှုနှင့် သားသမီးတို့၏ ကျင့်ဝတ်အဖြာဖြာ' စတဲ့စတဲ့ စာအုပ်တွေအားလုံးကို ကျန်းလီက အရင်ထဲက ဖတ်ဖူးပြီး စိတ်ထဲ စွဲမြဲစွာ ကျန်ရှိနေသေးတယ်။ ဒါပေမယ့် သူ့ဘေးက လျိုရွှီကတော့ စိတ်ပါဝင်စားစွာ အာရုံစိုက် နားထောင်နေတယ်။

ကျီလုအော်က သင်နေရင်း ကျောင်းသူတချို့ကို ရွေးကာ အရင်သင်ခန်းစာတွေကိုလည်း ပြန်မေးတယ်။ သူက တကယ်ကို တင်းကျပ်တဲ့ဆရာမမို့ အားလုံးက ကြောက်ကြတာကြောင့် အကုန်လုံး စိတ်နှစ်ပြီး ဂရုတစိုက် သင်ယူနေကြတယ်။ သို့သော်လည်း သူမက ကျန်းလီကိုတော့ စာမေးခြင်းလည်းမရှိသလို တစ်ချက်တောင် လှည့်မကြည့်ဘူး။ ယေဘုယျအားဖြင့် ပြောရမယ်ဆို မင်ယီကျောင်းမှာ ကျောင်းသူသစ်တစ်ယောက် ရောက်လာတိုင်း ဆရာမတွေက မိတ်ဆက်ပေးတာဖြစ်ဖြစ် စကားအနည်းငယ်ပြောပြီး သူတို့ကို ဂရုစိုက်ကြောင်းပြတာဖြစ်ဖြစ် လုပ်လေ့ရှိပေမယ့် အခုကျ လူတစ်ယောက်တိုးလာတယ်ဆို တိုးလာတယ်ပေါ့ဆိုတဲ့အတိုင်း အရေးမပါသလို အသိအမှတ်ပြုတာတောင် မရှိဘူး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now