Part 9.2

1.6K 178 0
                                    

အခန်း (၉.၂)

အချစ်ရေးရာ

ကျန်းလီက သခင်မကြီးလျူကို ကျေးဇူးတင်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ သခင်မကြီးလျူက ကျန်ရှိနေတဲ့ သခင်မကြီးတွေနဲ့ မိန်းမပျိုတွေ အကုန်လုံးကို သီလရှင်ကျောင်းမှာ အနားယူဖို့ရာ ခေါ်ဆောင်သွားခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ယူရန်းက ကျန်းလီရဲ့ နောက်ကို လိုက်သွားခဲ့တယ်။ကျန်းလီနဲ့ တုန်အာတို့က သူတို့သုံးနေကျ အခန်းကနေပြီးတော့ သီလရှင်တစ်ပါးရဲ့ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ အခန်းကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဘုရားကျောင်းထဲမှာ၊ သီလရှင်တစ်ပါးကိုတောင်မှ လုံးဝ မတွေ့ခဲ့ရဘူး။

ယူရန်းက ရေယူဖို့ အပြင်ကို ထွက်သွားတဲ့အချိန်မှာ အခွင့်ကောင်းယူပြီးတော့၊ တုန်အာက ကျန်းလီကို အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်။

"သခင်မလေး၊ ဘာတွေ ဖြစ်နေတာလဲ။ သီလရှင်တွေကရော ဘယ်နေရာမှာတွေလဲ။ ဒီ ေနရာကို လာတဲ့ လူတွေက ဘာကြောင့် အရမ်း များနေရတာလဲ"

ကျန်းလီက ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ တစ်ခုခုတော့ လုပ်ခဲ့လိမ့်မယ်လို့တော့ တုန်အာက ခန့်မှန်းမိခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျန်းလီက ဘာတွေ လုပ်ခဲ့သလဲဆိုတာကို သူမက သေချာ မသိခဲ့ဘူး။ ဒီရက်ပိုင်းမှာတော့ မျောက်တွေကို အစာကျွေးဖို့ သူမကို ကျန်းလီက ပြောတယ်။ ဒါပေမဲ့ မျောက်တွေကို အစာကျွေးရုံနဲ့ ဘယ်အဖြစ်အပျက်မှ ဖြစ်နိုင်ခဲ့မှာ မဟုတ်ဘူး။

ကျန်းလီက ညင်သာစွာ ပြောတယ်။

"နင့်ကို မျောက်တွေကို အစာကျွေးဖို့ ငါ တောင်းဆိုခဲ့ဖူးတယ်မလား။ ဟယ်လင် ဘုရားကျောင်းကို အုပ်ချုပ်ရတဲ့ သခင်ကြီး တုန်မင်းမှာ လောင်ဝူလို့ ခေါ်တဲ့ အရွယ်ရောက်ပြီးသား တပည့်တစ်ယောက် ရှိတယ်။ ဒီတပည့်က ငါတို့ရဲ့ ဗုဒ္ဓဘာသာ သီလရှင်ကျောင်းက ကျောင်းထိုင် သီလရှင် ကျင်အန်းနဲ့ အဆက်အသွယ် ရှိတယ်။ လတိုင်း ၁၉ ရက်နေ့မှာ သူတို့က ဟယ်လင် ဘုရားကျောင်း နောက်ကျောမှာ သူတို့က ချိန်းတွေ့ကြလိမ့်မယ်။ တောင်ပေါ်ရှိ ဒီမျောက်တွေကို လွန်ခဲ့တဲ့ လဝက်ကတည်းက မုန့်တွေ ကျွေးမွေးထားခဲ့တယ်။ ညတိုင်း၊ ဒီမျောက်တွေက နင် အစာကျွေးခဲ့တဲ့ နေရာမှာ စောင့်ဆိုင်းနေကြတာ။ ဒီနေ့ညက ဆယ့်ကိုးရက်မြောက်နေ့ညဖြစ်ပြီးတော့ ပုံမှန်လိုပဲ မျောက်တွေက နင် အစာလာကျွေးမှာကို စောင့်နေကြလိမ့်မယ်။ ကျင်အန်းနဲ့ လောင်ဝူကိုတွေ့တဲ့အခါ၊ သူတို့က အစားအသောက်တွေကို ယူဆောင်လာပြီးတော့ သူတို့ကိုလာကျွေးကြတယ်လို့ပဲ ထင်နေခဲ့ကြတယ်။ သူတို့နှစ်ယောက်လုံးမှာ နဂိုကတည်းက အပြစ်ရှိစိတ်က ရှိနေပြီးသားဆိုတော့၊ လှုပ်ရှားသံတွေက သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့တယ်။ အပြန်အလှန်အနေနဲ့ပဲ ဒီနရာမှာရှိတဲ့ သခင်မကြီးတွေနဲ့ လူကြီးမင်းတွေကို စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့တယ်။ လာကြတဲ့ သခင်မကြီးတွေနဲ့ မိန်းမပျိုတွေ အားလုံးက ချမ်းသာပြီးတော့ လေးစားစရာ ကောင်းတဲ့သူတွေပဲ။ သူတို့က ဒီသန့်ရှင်းစင်ကြယ်တဲ့ ဗုဒ္ဓဘာသာ မြေပေါ်မှာ ညစ်ညမ်းစက်ဆုပ်ဖွယ်ကိစ္စတွေကို ဘယ်လို သည်းခံနိုင်မှာလဲ။ သူတို့က ရှင်းပြချက်တွေနဲ့ စည်းကမ်းချက်တွကို လိုက်နာဖို့ သေချာပေါက် တောင်းဆိုကြလိမ့်မယ်။ ဒါကြောင့်မို့ သီလရှင်တွေ အကုန်လုံး ဖမ်းဆီးခံထားရပြီးသား ဖြစ်နေလိမ့်မယ်"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now