Part 24

1.1K 127 0
                                    

24 01

အခန်း (၂၄)

'ကျီရှန်းလို့' အတွင်းမှာတော့ ကျန်းလီတို့ သုံးယောက်သားက လက်ဝတ်ရတနာတွေကို ရွေးချယ်နေကြတယ်။ ကျန်းလီရထားတဲ့ 'မကောင်းဆိုးဝါးသခင်မလေး' ဆိုတဲ့ဂုဏ်ပုဒ်ကြောင့်လားတော့ မသိဘူး ဆိုင်ထဲက ဝန်ထမ်းတွေအားလုံးက ၁၂၀%လောက် အလွန်အကြူးကို တစ်ချက်မှအမှားမခံဘဲ ဧည့်ခံနေကြတယ်။ ဆိုင်ထဲမှာ ဝယ်သူတစ်ယောက်မှ မရှိလို့လဲ ဖြစ်နိုင်တယ်။ အစောက ပိုင်ရှင်​ဖြစ်ပုံရတဲ့ ဝန်ထမ်းကအသစ်စက်စက် လက်ဝတ်ရတနာတွေကို ကျန်းလီရွေးချယ်နိုင်ဖို့အတွက် တစ်ခုပြီးတစ်ခု မမောနိုင် မပန်းနိုင် ထုတ်ပြနေတယ်။ အစကတော့ ရှန်းချောင်က သူမ ကျန်းယို့ရောင်အတွက် လက်ဆောင်ရွေးမယ်ဆိုတုန်းက တကယ့်စိတ်ရင်းမဟုတ်ဘဲ နောက်ကွယ်မှာ မကောင်းတာ တစ်ခုခုကြံစည်ထားတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ အထင်နဲ့အမြင်တလွဲစီဖြစ်နေတာ သိလိုက်ရတယ်။ ရှန်းချောင်က သူမဒီလောက်စေတနာအပြည့်နဲ့ ဂရုတစိုက် ရွေးချယ်ပေးတဲ့အပြင် အရမ်းကို ရက်ရက်ရောရောနဲ့ အနီရောင်ကျောက်မျက်နဲ့ မျက်ရည်စက်သဖွယ် ပုံဖော်ထားတဲ့

ဇာမဏီမီးလျှံငှက်ပုံဦးရစ်တန်ဆာကို တွေဝေခြင်းမရှိဝယ်လိုက်တယ်။ အဲဒါက အတိအကျ ငွေတုံး၃၀၀ ကုန်ကျတယ်။ သူမကို ကျန်းသခင်မကြီးက ပေးထားတဲ့ငွေတုံးတွေက ၄၀၀လောက်ပဲပါတာ အခုဆိုသူမမှာ ၁၀၀ဘဲ ကျန်တော့မှာဆိုပေမဲ့ ကျန်းလီက လုံးဝနောင်တရပြီးနှမြောသတဖြစ်မနေဘူး။ ရှန်းချောင်ကတော့ကျန်းသခင်မလေး ဘာတွေတွေးနေလဲဆိုတာ မသိတော့ဘူး။

ဆိုင်ရှင်နဲ့ဝန်ထမ်းတွေအကုန်က ကျန်းလီတစ်ယောက်စိတ်ပြောင်းသွားပြီး သူတို့အတွက် ကိစ္စတွေကို ပိုခက်အောင်လုပ်မှာကို ကြောက်ကြတာကြောင့် အပြည့်အဝထက်ပိုပိုသာသာ ဧည့်ခံနေကြတာဖြစ်တယ်။ ဒါပေမယ့် သူမက ယန်ကျင်းက တခြားဂုဏ်သရေရှိ သခင်မလေးတွေထက်တောင် ဖော်ရွေနေတာက အတော်လေး စိတ်ကူးကြည့်ရင်တောင် မဖြစ်နိုင်စရာကြီးပဲ။ သူကအဲ့ဦးရစ်တန်ဆာကို ဝယ်ပြီးတော့ ကျန်တဲ့ငွေပမာဏလောက်နဲ့ 'ကျီရှန်းလို့'မှာ ဘာမှ ဝယ်လို့မရတော့ဘူး။ သူတို့ကပြန်ထွက်လာပြီး ရထားလုံးဆီသွားနေတုန်း တုန်အာက မနီးမဝေးက အပေါင်ဆိုင်လေးကို ညွှန်ပြရင်း ကျန်းလီကို ပြောတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now