ဖဝါးထက်က ပုလဲသွယ် (၇၈)

906 145 1
                                    

Translation of Pearl In The Palm.

Translator - Jinnie Grace

ဖဝါးထက်က ပုလဲသွယ် (၇၈)

________

မိဖုရားရှန်က အမြဲ မိဖုရားခေါင်ကြီး နှိမ်တာ ခံနေရသည်။ မြို့တော်တွင် တိရှောင်း မရှိသည့် အချိန်မှသာ ဘုရင်ဆီကို သွားရောက်ချွဲနွဲ့ကာ မိဖုရားခေါင်ကြီးကို ပြက်ရယ်ပြုရဲတာသာ ဖြစ်သည်။

အခုတော့ မိဖုရားရှန်တစ်ယောက် ထိုသို့မလုပ်ရဲပေ။ မိဖုရားခေါင်ကြီး၏ ပုံစံကိုကြည့်ရင်း သူမ ဒေါသတွေကို မျိုသိပ်ထားရသည်။

မိဖုရားရှန်က ကြောင်လက်သည်း ဖွက်ကာ ဘာမှမပြောဘဲ နေနေတော့ သူမအပြစ်ကို မိဖုရားခေါင်ကြီး ရှာလို့မရပေ။ သူမ မျက်လုံးတွေကတော့ အေးစက်လို့နေသည်။ သူမက ခေါင်းကိုငုံ့ထားကာ လက်ဖက်ရည်ကိုသာ ငုံ့သောက်လျက်ရှိ ၏။

မိဖုရားရှန်တို့က မိဖုရားခေါင်ကြီးဆီ အကြာကြီးမနေကြပေ။ အရင်လိုလည်း ခနဲ့တဲ့တဲ့တွေ ပြောရဲကြမှာ မဟုတ်တော့။

ယဲ့လီကျူးကတော့ ခဏလောက် ဆက်ထိုင်နေသေးသည်။ မိဖုရားခေါင်ကြီးက သမားတော် ခေါ်ပေးပြီး သူမကို သွေးခုန်နှုန်း စမ်းပေးသည်။ သူမက ပြောလိုက်သေးသည်။ “တို့ အခုတစ်လော ကျန်းမာရေး မကောင်းဘူးလေ။ အဲဒါကြောင့် နန်းတွင်းသမားတော် အသစ်နဲ့ပြနေတာ။ နေကောင်းလာတာတောင် သိပ်မကြာသေးဘူး။ ယဲ့မိန်းက‌လေးလည်း လွန်ခဲ့တဲ့ရက်တွေက အအေးမိနေတယ် ကြားတယ်။ အဲ့ဒါကြောင့် နန်းတွင်းသမားတော်ကို စမ်းသပ်ပေးဖို့ ခေါ်လိုက်တာ”

ယဲ့လီကျူးက ခေါင်းညိတ်ပြလိုက်သည်။

သွေးခုန်နှုန်းစမ်းပြီးတော့ မိဖုရားခေါင်ကြီးက မေးလိုက်၏။ “အခြေအနေ ဘယ်လိုလဲ”

နန်းတွင်းသမားတော်က ခါးကိုကိုင်းကာ ပြောလိုက်သည်။ “မင်းသမီးချင်က လေစိမ်းတွေမိလို့ အအေးမိသွားတာပါ။ အနားယူဖို့တော့ လိုနေတယ်။ နောက်ဆို အအေးမိမခံရင် ကောင်းပါလိမ့်မယ်”

မိဖုရားခေါင်ကြီးက ယဲ့လီကျူးကို ကြည့်ပြီးပြောလိုက်သည်။ “ယဲ့သခင်မလေးက သူများထက် ပိုအားနည်းတတ်တာ တို့သိပါတယ်”

ဖဝါးထက်က ပုလဲသွယ်Donde viven las historias. Descúbrelo ahora