ဖဝါးထက်က ပုလဲသွယ် (၇၇)

1K 143 2
                                    

Translation of Pearl In The Palm.

Translator - Jinnie Grace

ဖဝါးထက်က ပုလဲသွယ် (၇၇)

________

တိရှောင်းက သူမကို နှိပ်ပေးနေသည်မို့ သူမ နည်းနည်းသက်သာာသွားသည်။ “စိတ်မပူပါနဲ့။ မင်းက ငယ်သေးတယ်။ ဒါမျိုးတွေ တွေးမနေနဲ့။ ကိုယ်က မင်းကို နှစ်နည်းနည်းကြာအောင် အလိုလိုက်ချင်သေးတာ။ ကလေးကိစ္စက နောက်မှပြောကြမယ်”

ယဲ့လီကျူးက အိပ်ငိုက်နေသည်မို့ တိရှောင်းပေါင်ပေါ်မှာတင် အိပ်မောကျသွားသည်။

သူတို့ အိမ်တော်ကို ရောက်တော့ ကျောက်ယွင်က စင်္ကြံတွင် ရပ်နေလေသည်။

တိရှောင်းက ယဲ့လီကျူးကို ဘေးသို့ ချလိုက်သည်။ သူမနဖူးက အခုထိပူနေသေးပြီး အိပ်ရာကလည်း မနိုးသေးပေ။

ကျောက်ယွင်က ယဲ့လီကျူး အိပ်နေသည်ကို မသိဘဲ တိရှောင်းရှေ့သို့ လျှောက်လာကာ “ဦးရီးတော်ဟု ခေါ်လိုက်သည်။

တိရှောင်းက သူ့ကိုအေးစက်စွာပြောသည်။ “တိုးတိုး”

ထိုကျမှ သူမအိပ်နေမှန်း ကျောက်ယွင်သိတော့သည်။

အမှန်အတိုင်းပြောရလျှင် ဒေါ်လေးလုပ်သူက သူ့ထက်ငယ်နေသဖြင့် ကျောက်ယွင် နေရတော့ခက်သည်။ သူဦးရီးတော် မြက်နုကြိုက်တာကိုလည်း ထူးဆန်းသလို ခံစားရသည်။

ကျောက်ယွင်က အသံကို နှိမ့်ကာပြောလိုက်သည်။ “ဒေါ်လေးက အိပ်နေတာလား”

တိရှောင်းက ယဲ့လီကျူးကို ချီလာသည်။ “သူ အားနည်းနေတုန်းပဲ”

ကျောက်ယွင်က တိရှောင်းနောက်က လိုက်လာကာ စကားတွေ ပြောနေလေသည်။ “ဦးရီးတော် အခုရက်ထဲ ကျောက်ယိနဲ့ လုရွှမ်ထျန်နဲ့ အရမ်းကပ်နေတာ..ကျွန်တော် ဦးရီးတော်နဲ့….”

သူစကားပြောလို့တောင်မပြီးသေးခင် တိရှောင်းက တံခါးကို ဖွင့်ကာ ပြောလိုက်သည်။

“နောက်နှစ်ရက်နေရင် ဆက်ပြောမယ်။ အခု ငါ့မိန်းမ ဖျားနေတယ်”

ကျောက်ယွင် အင်မတန်အံ့ဩသွားမိသည်။

သူတိရှောင်းကို ကောင်းကောင်းသိသည်။ ဒီလို အရေးကြီးကိစ္စတွေဆိုလျှင် သူက အရေးမကြီးတာတွေကို ဘေးဖယ်ထားတတ်သည်။ အခုတော့ ယဲ့လီကျူးကို ဂရုစိုက်ဖို့ ကျန်တာတွေ ဖယ်ထားတာကို ကြည့်ခြင်းဖြင့် ယဲ့လီကျူးက အရေးကြီးမှန်းသိသာစေသည်။

ဖဝါးထက်က ပုလဲသွယ်Where stories live. Discover now