အခုဆိုရင် သူနဲ့ ကျွန်မနဲ့ တွဲဖြစ်ခဲ့တာ အချိန်အတိုင်းအတာ တစ်ခုလောက် ရှိသွားခဲ့ပြီ...
ဘာများ ထူးခြားသွားလဲဆိုတော့ အဲ့သလောက်ထိ ထူးထူးခြားခြားကြီး ပြောင်းလဲသွားတာမျိုးတွေတော့ မရှိပါဘူး။ 'သူ' ဆိုတဲ့ တစ်စုံတစ်ယောက်ဟာ ကျွန်မရဲ့ ဘဝထဲမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပတ်သပ်လာခဲ့တာက လွဲလို့ပေါ့...
ကျွန်မရဲ့ ဘဝထဲကို ရုတ်တရက်ဆန်ဆန်နဲ့ ဝင်ရောက်လာခဲ့တဲ့ မိုးပြေးလေးဟာဖြင့် အခုတော့ ကျွန်မအပိုင် ဖြစ်လာခဲ့ပြီ...
အခုဆိုရင်တော့ဖြင့်...
သူက ကျွန်မရဲ့ကောင်လေးပါ...
ကျွန်မ အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးပေါ့...
ပြီးတော့ သူကလည်း ကျွန်မကို ချစ်တယ်တဲ့လေ...သူနဲ့ကျွန်မနဲ့က အခြားသော စုံတွဲတွေလိုမျိုး အရမ်းကို ပုံမှန်ပါပဲ...
ကျွန်မရဲ့ တစ်နေ့တာကို သေးငယ်တဲ့ အရာလေးတွေကတစ်ဆင့် သူ ဝင်ရောက် စွတ်ဖက်လာခဲ့တယ်...ဘယ်လိုမျိုးလဲဆိုတော့...
မနက်မိုးလင်းတာနဲ့ 'Good morning' စာတိုလေးဟာလည်း အဆင်သင့် ရောက်ရှိနေပြီးသား...
တစ်ခါတလေကျရင်တော့ voice message လေးတွေ ပို့လာပြီးတော့လည်း သူက လူကို ကျီစားတတ်သေးတယ်။
"နေဖင်ထိုးနေပြီ ! မထသေးဘူးလား ကလေးမ ! "
ဖုန်းထဲကနေ ကြည်လင်စွာနဲ့ ထွက်ပေါ်လာတဲ့ သူ့ရဲ့အသံ ခပ်ဩဩလေးဟာလည်း ကြည်လင်နေခဲ့တယ်။
သူ့ကို အဲ့လိုခေါ်ရင် သူက သိပ်သဘောကျတာလေ...သူက တစ်ခါတလေကျရင် ကျွန်မကို 'ကလေးမ' လို့ ရံဖန်ရံခါကျ ခေါ်တတ်သေးတာ...
'မနက်စာ စားပြီးပြီလား?'
'မနက်စာကို သေချာ ဂရုစိုက်ပြီးတော့ စားဦးနော် ! '
'ကျောင်းသွားတော့မှာလား?'
'လမ်းမှာ ဂရုစိုက်ဦးနော်...'
အစရှိသဖြင့် မနက်ခင်းဆိုရင် သူ့ဆီကနေ အလားတူ စာတိုလေးတွေကို လက်ခံရရှိတတ်တယ်။ အဲ့လို အချိန်ဆို ခံစားချက်က ရင်ဘက်ထဲကနေ လိပ်ပြာတွေ အကောင် ထောင်သောင်းမက အုပ်စုလိုက် ပျံထွက်သွားသည့်နှယ် စိတ်လှုပ်ရှားစရာကောင်းလှတယ်။