chapter 150

509 51 1
                                    

Chapter 150
Imperial MeowJune 20, 2023
Chapter 150

ယစ်မူးစေတတ်သောဆေးတစ်ဖုံ



ဤလေသံမှာ ထူးဆန်းလွန်းပေ၏။တစ်ဖက်မိန်းက‌လေးက သူမအား မှတ်မိသွားခြင်း‌လော။

ချန်ရုံ့ခမျာ အတွေးပေါင်းစုံဖြင့် တစ်ကိုယ်လုံးတောင့်တင်းသွားသည်။အဖြေတစ်စုံတစ်ရာမရရှိသည့်အတွက် တစ်ဖက်မိန်းကလေးက ထပ်တူညီသောမေးခွန်းကိုပင် လေသံမြှင့်၍ ထပ်ပြောလာပြန်၏။

" ချန်အိမ်တော်က အားရုံလားရှင့် ... "

ဤတစ်ကြိမ်၌ ချန်ရုံတစ်ယောက် လန့်ဖျပ်သွားပြီး  ချန်အိမ်တော်သားများအား တစ်ချက်လှည့်ကြည့်ကာ ထိုမိန်းကလေးအား တိုးညင်းသောလေသံဖြင့် တီးတိုး‌မေးမြန်းလိုက်လေသည်။

"  ဘယ်သူလဲ မသိဘူး ..."

ထိုအခါ ၎င်းမိန်းကလေး၏အနောက်မှ လူလတ်ပိုင်း အရွယ် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။သူမသည် ရိုးရိုးရှင်းရှင်း ဝတ်စားထားသော်လည်း ရုပ်ရည်ပြေပြစ်ပြီး ကျက်သရေရှိလှပေ၏။ထိုအမျိုးသမီးက ချန်ရုံ့အားပြုံးပြလျက် ညင်သာစွာပြောဆိုလာခဲ့သည်။

" ချီလန်က အရှာလွှတ်လိုက်လို့ပါ ... "

ချီလန်ဟု ဆိုလိုက်ခြင်းလော။

အနီးအနားတွင်ရပ်နေသော ရင်းနှီးသည့်ဝမ်အစေခံတစ်ဦးကိုလည်း ချန်ရုံတွေ့ရှိလိုက်ရသည်။သူမက ခေါင်းငုံ့လျက် ခပ်တိုးတိုး‌မေးမြန်းလိုက်လေ၏။

" ချီလန်က ကျွန်မဆီက တစ်ခုခုလိုအပ်တာမျိုးရှိလို့လား "

" အဲ့လိုပဲထင်ပါတယ် "

ထိုအခါ ချန်ရုံက တစ်ဖက်အမျိုးသမီးအား ခေါင်းညိတ်ပြလိုက်သည်။ယင်းနောက်တွင် သူမသည် ထိုအမျိုးသမီးဦးဆောင်ရာနောက်သို့လိုက်ပါသွားတော့၏။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လှည့်ကြည့်လိုက်သောအခါတွင် အစေခံတစ်ဦးနှင့် သာသာယာယာစကားပြောနေသော အဖိုးစွင်းအား ချန်ရုံတွေ့ခဲ့ရသည်။

ယခုအချိန်တွင် ရန်မင်းနှင့် ဝမ်ဟုန်တို့၏ပူးပေါင်းဆောင်ရွက်မှုကြောင့် နန်ယန်မှာ လုံခြုံသွားမည်ဖြစ်သည်။

မေကုန်းချင်Where stories live. Discover now