chapter 147

521 54 4
                                    

Chapter 147
Imperial MeowJune 20, 2023
Chapter 147

_ ညတစ်ည





ကောင်းကင်ယံအလင်းရောင်အောက်တွင် နှစ်ဦးသားမျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြပြီး တစ်ဦးက လမင်းကိုကြည့်ရင်း ကျန်တစ်ဦးမှာ ဗျပ်စောင်းတီးခတ်နေခဲ့သည်။ဗလာဖြစ်ပြီး အထီးကျန်ဆန်သော ခံစားချက်မျိုးပါပင်။

ညတာမှာ အေးစက်ပြီး မှောင်ရိပ်များက လူကို ဆွေးမြေ့စေသည်။

ထိုအချိန်တွင် ချန်ရုံနေထိုင်ရာ အဆောင်အပေါ်ထပ်မှ ဇာပါးကန့်လန့်ကာအား တစ်စုံတစ်ဦးက မတင်လိုက်လေ၏။မျက်နှာခပ်ပြည့်ပြည့်နှင့်အစေခံတစ်ဦးက ကြယ်ရောင်အောက်မှ လူရိပ်များကိုလှမ်းကြည့်လျက် မျက်မှောင်ကြုတ်နေပြီး ရင်ဘတ်ပေါ်လက်တင်၍ ပြောလာသည်။

" အားကျစ် ... ငါကတော့ ဒီခံစားချက်ကြီးကို မကြိုက်ဘူးဟယ် ... "

အားကျစ်ဆိုသူမှာ အသက်နှစ်ဆယ်ကျော်အရွယ်ရှိသောအစေခံမလေးတစ်ဦးဖြစ်လေ၏။သူမက ဝမ်ဟုန်နှင့် အားရုံတို့အား သာမန်အတိုင်းစိုက်ကြည့်နေပြီး တစ်ဖက်အစေခံ၏စကားအား အကြောင်းမပြန်ခဲ့ပေ။

" ငါတို့ချီလန်က ဘယ်လောက်တောင် ထူးခြားလိုက်တဲ့သူလဲ ...  ဘာလို့ ဒီလို နိမ့်ကျတဲ့မိန်းကလေးကိုချစ်မိသွားရတာလဲ ”

ထိုအခါ အားကျစ်က ပြုံးလျက် ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

" သခင်ကြီးကပြောတယ် ... ချီလန်က ဝမ်မျိုးနွယ်စုရဲ့ အဓိ မဏ္ဍိုင်ဖြစ်လာမှာတဲ့ ...  အစေခံတစ်ယောက်အနေနဲ့ သူမလုပ်နိုင်တာ ဒါမှမဟုတ် မလုပ်ချင်တဲ့အရာမှန်သမျှကို လုပ်နိုင်ဖို့ကူညီပေးရမှာပဲ ”

တစ်ဖက်အစေခံက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ငြိမ်သက်နေချိန်တွင် အားကျစ်က ခပ်ယဲ့ယဲ့လေးပြုံးပြီး ဆက်လက်ပြောကြားလာခဲ့သည်။

“ဗုဒ္ဓကျမ်းဂန်တွေထဲမှာ ပြောမထားဘူးလား ...  သောကများတဲ့သတ္တဝါတွေထဲမှာမှ စိတ်ဆင်းရဲမှုဒဏ်ကို အခံရဆုံးက ကိုယ်လိုချင်တာကို မရနိုင်တဲ့သူတွေပဲတဲ့လေ ... ဒီမိန်းကလေးက ချီလန့်ကို အဲလိုမျိုး သောကဒဏ်ကို ဘယ်လိုတောင် ခံစားရစေနိုင်တာလဲ ... ဖြစ်နိုင်မယ်ဆိုရင် ငါတို့ကတောင် ဝင်ကူညီချင်ကူညီပေးရဦးမှာ ... "

မေကုန်းချင်Where stories live. Discover now