Chapter 13

17 5 0
                                    

Jaehyuk - " ဘယ်လို ဘယ်လို အဲ့တော့ kyu hyung ကအောက်ထပ်ကလူတွေနဲ့ငြိမ်းချမ်းရေးယူလိုက်တာလား "

Junkyu မနေ့ညကအကြောင်းသူ့ညီအကိုတွေကိုပြောပြလိုက်တာပါ ။

Junkyu - " အကုန်လုံးနဲ့တော့ မဟုတ်ပါဘူး haruto ဆိုတဲ့ကောင်လေးနဲ့ပဲ "

Jihoon - " အမယ် ကောင်လေးဆိုပဲ တော်တော်ဖြစ်နေ "

Junkyu - " ဘာတော်တော်ဖြစ်ရမှာလဲ ဒီတိုင်း သူကသူ့အမှားကိုတောင်းပန်... "

Junkyu ပြောလို့မပြီးခင်ပဲ yedam ကဝင်ပြောတယ် ။

Yedam - " ဘာကိုသူ့အမှားလဲ သူမှားတာဆိုလို့ပါးစပ်ကနည်းနည်းလေးပြောမိတဲ့စကားတစ်ခွန်းပဲရှိတယ် "

Doyoung - " အေးလေ ညီအကိုချင်းမလို့ kyu hyung ဘက်ကပါလိုက်ရတာ တကယ်တောင်းပန်သင့်တဲ့သူက hyung သူမဟုတ်ဘူး "

Junghwan - " ကျွန်တော်ကတော့တခြားဟာစိတ်မဝင်စားဘူး hyung နဲ့ သူနဲ့က ချစ်သူတွေလား "

Yedam - " ဘာဆိုင်လို့လဲ "

Junghwan - " hyung တို့မေ့နေပြီလား kyu hyung နဲ့ haruto ဆိုတဲ့ကောင်ကကုတင်ပေါ်မှာအခြေနေတစ်ခုဖြစ်ခဲ့ဖူးတယ်လေ "

Jaehyuk - " အေး ဟုတ်သားပဲ kyu hyung အဲ့တစ်ယောက်‌နဲ့ငြိမ်းချမ်းရေးလုပ်ခဲ့တာရိုးရောရိုးရဲ့လား "

Junkyu - " ဘာလို့ အဲ့ကိစ္စကပြန်ပါလာတာလဲ အဲ့နေ့တည်းက‌ရှင်းပြထားတာပဲ ဘယ်လိုကြောင့်ဘယ်လိုဖြစ်လာတယ်ဆိုတာ အဲ့တာလည်းမပြီးဘူး ‌doyoung ကြည့် မင်းမွှေလို့ဖြစ်တာ "

Doyoung - " သိပါတယ် အဲ့ကြောင့်လည်းကျွန်တော်ဘာမှဝင်မပြောဘူးလေ "

Jihoon - " သူများကိုပဲပြောမနေနဲ့ မင်းကိုယ်တိုင်ကကောဘာမှန်နေလို့လဲ "

Junkyu - " ကျွန်တော့်ကိုပြောပြီး hyung ကကော ဘာထူးလို့လဲ "

Jihoon - " ငါကဘာဖြစ်လို့လဲ "

Junkyu - " yedam ကိုရုပ်ရှင်ရုံရှေ့မှာတုန်းကအရောက်ပို့ခဲ့တဲ့ကိစ္စလေ "

Junghwan - " ဘာကိစ္စလဲ ကျွန်တော်တို့တောင်မသိရပါလား "

Yedam တို့အဲ့နေ့ကပြန်လာတဲ့အချိန်မှာ junghwan ၊  doyoung တို့ကအပြင်သွားနေတာမလို့ အဲ့ကိစ္စကိုမသိလိုက်ကြတာပါ ။

Junkyu - " ကဲ yedam မင်းပဲပြောပြလိုက်တော့ "

Yedam လည်းအဲ့နေ့ကဖြစ်ခဲ့တာတွေအကုန်ပြောပြလိုက်တယ် ။

Doyoung - " ဟာ jihoon hyung ရယ် hyung ကိုတကယ်မထင်ထားဘူး "

Jihoon - " ဘာကိုလဲ "

Doyoung - " hyung brain ကအဲ့လောက်တောင်ညံ့ရလားလို့ "

ခွပ် !

Doyoung - " အ့ သေပါပြီ  "

Jihoon - " ငါက မင်းတို့ထဲမှာအကြီးဆုံးနော် မလေးမစားမလုပ်နဲ့ "

Junghwan - " အကြီးဆုံးမလို့ပဲ yedam hyung ကိုသူများနဲ့အတင်းပေးစားလာခဲ့တယ် "

Jihoon - " junghwan မင်းကအငယ်ဆုံးနော် ငါတို့ထဲမှာ အဲ့တော့အကိုကိုမဝေဖန်နဲ့ "

Junkyu - " hyung ကအငယ်တွေပြောလည်းပြောချင်စရာကို "

Jaehyuk - " ကဲပါတော်ကြပါတော့ ပြသနာကတစ်ခုပြီးတစ်ခုတက်နေကြတယ် တော်ပြီ ကျွန်တော်ကိုယ့်အခန်းကိုယ်ပဲပြန်တော့မယ် "

Jaehyuk ကပြောရင်းဆိုရင်းသူတို့ထားကာအခန်းထဲကထွက်သွားတယ် ။ အခုက junkyu ကပြောစရာရှိတယ်ဆိုပြီးသူတို့ကိုခေါ်လို့ junkyu အခန်းထဲကိုအကုန်ရောက်နေကြတာပါ ။

တစ်ဖက်က jaehyuk မှာလည်းကိုယ့်အခန်းကိုပြန်ပြီးစဉ်းစားခန်းဖွင့်နေတယ် ။ kyu hyung တောင် သူနဲ့လုံးဝမတည့်တဲ့ haruto နဲ့ငြိမ်းချမ်းရေးယူလိုက်သေးတာ သူလည်းဟိုတစ်ယောက်နဲ့အဲ့လိုလုပ်သင့်လား ။ စားသောက်ဆိုင်‌တုန်းကလည်းအဲ့တစ်ယောက်ကသူ့အစား သူစားတဲ့ဟာတွေကိုရှင်းပေးခဲ့ရသေးတယ်လေ ။ သူတောင်းပန်သင့်တယ်လို့ထင်တယ် ။ jaehyuk လည်းအဲ့တစ်ယောက်ကိုတောင်းပန်ဖို့ဆုံးဖြတ်လိုက်တယ် ။
....……………………………………………………
20 / 5 / 2024 ( Monday )

တိုသွားတဲ့အတွက် sorry ပါ ။ Lia ဒါဒါလေးတွေကဖတ်ပြီးရင် cm လေးရေးပေးခဲ့ကြပါဦး ။ ⭐ လေးလည်းနှိပ်ပေးခဲ့ကြဦးနော် ။

Love you all readers 💞 😘

Thanks For Reading 💎 😊

You've reached the end of published parts.

⏰ Last updated: May 20 ⏰

Add this story to your Library to get notified about new parts!

Love Home { ချစ်စံအိမ် }Where stories live. Discover now