Chapter 5

34 8 0
                                    

Jaehyuk တစ်ယောက်မကျေမနပ်ဖြစ်ကာ shopping ထွက်နေတယ် ။
အကြောင်းရင်းကတော့သူ့မှာလိုအပ်တဲ့ ပစ်စည်းတွေရှိလို့သူညီအကိုတွေကိုခေါ်တာတစ်ယောက်မှသူနဲ့မလိုက်ပေးကြဘူးလေ ။
သူဝယ်စရာရှိတာတွေလည်းဝယ်ပြီးတော့ နေ့လည်လောက်ရောက်နေပြီမလို့ စားသောက်ဆိုင်တစ်ခုခုမှာဝင်စားဖို့ဆုံးဖြတ်လိုက်တယ် ။
Jaehyuk စားသောက်ဆိုင်ရှေ့ရောက်တော့ဝင်မလို့ရှိသေးသူတို့နဲ့မတည့်တဲ့ ဟို Japan ညီအကိုတွေထဲကတစ်ယောက်နဲ့တွေ့တယ် ။
တံခါးလက်ကိုင်ကိုနှစ်ယောက်စလုံးကထပ်တူကိုင်မိသွားတယ် ။

Jaehyuk : " ဘာလုပ်တာလဲ တံခါးလက်ကိုင်ကိုငါအရင်ကိုင်တာမင်းလက်လွှတ်လိုက် "

Jeongwoo : " ဘာလို့လွှတ်ရမှာလဲ ငါလည်းအရင်ကိုင်တာပဲ မင်းသာအရင်လက်လွှတ်လိုက် "

Jaehyuk : " မလွှတ်နိုင်ပါဘူး မင်းသာလွှတ်လိုက် "

Jeongwoo : " ငါလည်းမလွှတ်နိုင်ပါဘူး "

အဲ့လိုနဲ့သူတို့နှစ်ယောက်ဆိုင်ဝမှာတင်ကိုမဝင်ဘဲစကားများနေကြတော့ လမ်းပေါ်ကသူ‌တွေကလည်းကြည့်နေကြပြီ ။

Jaehyuk : " ကောင်းပြီ အဲ့တာဆိုနှစ်ယောက်လုံးတူတူဖွင့်ဝင်မယ် "

Jeongwoo : " အဲ့တာကောင်းတယ် "

Jaehyuk : " Ok 1.2.3 "

Jaehyuk 3 ထိလည်းအော်ပြီးရော နှစ်ယောက်လုံးတူတူဖွင့်ဝင်လိုက်တယ် ။ ဆိုင်ထဲလည်းရောက်ရောအချင်းချင်းမျက်စောင်းတွေထိုးပြီး စားပွဲရှိရာကိုလာလိုက်တယ် ။
Jeongwoo လည်းစားပွဲမှာထိုင်မလို့ရှိသေးဟိုတစ်ယောက်နဲ့ထပ်တိုးပြန်ပီ ။
ကြည့်ရတာအဲ့တစ်ယောက်ကလည်းဒီစားပွဲမှာထိုင်မလို့ထင်တယ် ။

Jeongwoo : " ဒီမှာဒါတော့ခင်ဗျားနည်းနည်းလွန်နေပြီ "

Jaehyuk : " ငါကဘာလွန်နေလို့လဲ ငါ့ဘာသာစားပွဲမှာထိုင်မလို့လေ "

Jeongwoo : " ဒီစားပွဲကိုကျွန်တော်ထိုင်မ
လို့ "

Jaehyuk : " ဒီမှာ ဒီစားပွဲကိုငါအရင်တွေ့
တာ "

Jeongwoo : " ဒီစားပွဲဆီကိုကျွန်တော်အရင်ရောက်တာ "

သူတို့နှစ်ယောက်စကားများတာအသံတွေကျယ်သွားတော့ဆိုင်ထဲကလူတစ်ချို့ကလည်းသူတို့ကိုကြည့်လာတယ် ။
ပြီတော့ ဝိတ်တာတစ်ယောက်ကသူတို့နားရောက်လာတယ် ။

Love Home { ချစ်စံအိမ် }Where stories live. Discover now