Chapter 12

41 7 1
                                    

Haruto : " ဟိတ် ညဘက်ကြီးတစ်ယောက်ထဲဘာလုပ်နေတာလဲ "

ည ၇ နာရီလောက်ကို haruto အခန်းပြတင်းပေါက်ကနေအောက်ကိုကြည့်လိုက်တော့ ခြံထဲဆင်းသွားတဲ့ သူ့ရဲ့ Honey လေးကိုတွေ့တာမလို့နောက်ကနေလိုက်သွားလိုက်တယ် ။

Junkyu : " ဪ ဘယ်သူများလဲလို့ သစ်ကုလားအုတ်ကို "

Haruto : " ဟမ် ကိုယ့်နာမည်ကသစ်ကုလားအုတ်မဟုတ်ပါဘူး Haruto မှတ်ထားနော် "

Junkyu : " ဘာကိစ္စမှတ်ရမှာလဲ "

Haruto : " ဘာလို့ကိုယ့်ကိုအသလွတ်ကြီးမုန်းနေတာလဲ "

Junkyu : " မင်းတို့ညီအကိုတွေနဲ့ငါတို့ညီအကိုတွေကကောတည့်လို့လား "

Haruto : " သူတို့နဲ့မတည့်တာနဲ့ကိုယ့်ကိုပါဘာလို့မုန်းနေတာလဲ "

Junkyu : " စရောက်တည်းနဲ့မင်းနဲ့ပဲမတည့်ဆုံးပဲ ငါက "

Haruto : " ဟို ဘောလုံးကိစ္စကိုပြော‌နေတာလား အဲ့ပြသနာမှာကိုယ်ကတောင်အထိနာသေးတာလေ "

Junkyu : " ငါ‌လည်းတောင်းပန်မလို့ပဲလေ မင်းကငါ့ကိုလက်ကမြင်းတယ်ပြောလို့ "

Haruto : " ဟုတ်ပါပြီ ကိုယ်ကပဲအကုန်လုံးတောင်းပန်တယ် အဲ့တော့အခုကိုယ်နဲ့ခင်လို့ရပြီလား "

Junkyu : " ရပြီ "

Haruto : " အခုကော ညဘက်ကြီးခြံထဲဘာဆင်းလုပ်တာလဲ "

Junkyu : " အိပ်မပျော်လို့ ပျင်းလို့ လမ်းဆင်းလျှောက်တာ "

Haruto : " အဲ့ဆိုလည်း ကိုယ်နဲ့အတူတူလျှောက်မယ်လေ "

Junkyu : " အင်း "

အဲ့လိုနဲ့ junkyu နဲ့ haruto လမ်းအတူတူလျှောက်ကာ haruto ကလည်း စကားပျက်တာနဲ့‌ မရှိရှိရာစဉ်းစားပြီးစကားတွေတောက်လျှောက်ပြောတယ် ။
Junkyu ကတော့ haruto နဲ့ခင်ကြည့်ချိန် haruto ကအဆင်ပြေတဲ့လျူစ်ယောက်ဆိုတာနားလည်လာတယ် ။

Haruto : " ကိုယ်ကော junkyu ကို kyu လို့ခေါ်လို့ရလား "

Junkyu : " မင်းကဘာကိစ္စအဲ့လိုခေါ်မှာလဲ ခေါ်မယ်ဆိုရင်တောင် ငါကမင်းထက်အသက်ကြီးတယ် hyung လို့ပဲခေါ်ပေါ့ "

Haruto : " အဲ့ဆို kyu hyung ဆိုရင်ကော "

Junkyu : " ရတယ်လေ ငါ့ညီတွေလည်းငါ့ကိုအဲ့လိုပဲခေါ်တာ "

Haruto : " ဟမ် "

Haruto တော့အဲ့လိုမခေါ်ချင်တော့ပါ ။ သူက Honey ကိုနာမည်အဖျားစွတ်ပြီးခေါ်ချင်တာ အခုဟာက Honey ရဲ့ညီတွေကလည်းအဲ့လိုခေါ်တာဆိုတော့ Brother zone ထဲဝင်သွားမှာဆိုးတယ် ။

Haruto : " junkyu hyung လို့ပဲခေါ်တော့မယ် ရတယ်မလား "

Junkyu :  " မင်းသဘောပဲ ငါကတော့ ruto လို့ပဲခေါ်မယ်ရတယ်မလား "

Haruto : " ရတာပေါ့ hyung ကြိုက်သလိုခေါ်လို့ရတယ် hyung လိုချင်ရင် ကိုယ်က ကိုယ့်နာမည်တစ်ခုလုံးတောင်ပေးမှာ "

Junkyu ကတော့ စကားတက်တဲ့ကောင်လေးကြောင့်ရယ်မိသွားတယ် ။

Junkyu : " ဒါနဲ့ ruto စကားပြောရင်ဘာလို့ ကိုယ် ကိုယ်နဲ့ပြောတာလဲ အကျင့်ဖြစ်နေလို့လား တခြားသူတွေနဲ့လည်းအဲ့လိုပဲပြောတာလား "

Haruto : " No No No တခြားသူတွေနဲ့စကားပြောရင် ကိုယ့်ကိုယ်ကို ကိုယ်လို့ဘာ်တော့မှမသုံးဘူး အကျင့်ဖြစ်နေတာလည်းမဟုတ်ဘူး "

Junkyu : " ဟင် အဲ့ဆိုဘာလို့လဲ "

Haruto : " junkyu hyung တွက်ပဲသီးသန့်သုံးတာ "

Junkyu : " ငါ့အတွက် ဟုတ်လား "

Haruto : " ဟုတ်တယ် အဲ့လိုမျိုး ကိုယ်လို့သုံးရင် hyung များရင်ခုန်မလားလို့လေ "

Junkyu : " အမ် ဟို.. ဟို ငါအိမ်ချင်နေပြီ အိမ်ပေါ်တက်တော့မယ်နော် "

သူပြောလိုက်တော့ရှက်ကာ အိမ်ပေါ်တင်ပြေးဖို့လုပ်နေတဲ့သူ့ honey ကို

Haruto : " hyung goodnight နော် "

Junkyu : " အင်း အင်း goodnight "

Junkyu ကအိမ်ပေါ်တက်သွားပေမဲ့ haruto ကတော့ခြံထဲမှာပဲသူ့ရဲ့ပထမဆုံးခြေလှမ်းကအောင်မြင်သွားတဲ့အတွက် အရမ်းပျော်နေတယ် ။ တောက်လျှောက်မျက်နှာကလည်စပ်ဖြီးဖြီးဖြစ်‌နေတယ် ။

Junkyu ကတော့အစကစရောက်တည်းက ကိုယ်လို့သုံးနေတဲ့ကောင်လေးကိုအကျင့်ဖြစ်နေလို့ ဖြစ်မယ်လို့ထင်ထားတာကြောင့် ဘာမှမဖြစ်ပေမဲ့ အကြောင့်ပြချက်ကသူ့ကိုရင်ခုန်အောင်ဆိုတဲ့ဟာကိုသိတော့အဲ့အချိန်ကျမှတကယ်ရင်ခုန်သွားတာ ။ သူလည်းဘာပြောလို့ဘာလုပ်ရမှန်းမသိတာနဲ့ အိပ်ချင်တယ်ဆိုကာ အိမ်ပေါ်ပြေးဆက်လာခဲ့တာ ။ အပေါ်ထပ်ကသူ့အခန်းကိုအခန်းထဲဝင်ကာ တံခါးကိုပိတ်ပြီးတံခါးကိုမှီပြီးထိုင်လိုက်တယ်။ ပြီးတော့ခုန်နေတဲ့သူ့ရင်ဘက်ကိုကိုင်ကာ ပြုံးနေမိတယ် ။

************************************

27 . 4 . 2024 ( Saturday )

ဒီမပိုင်းက Harukyu အပိုင်းသီးသန့်ဖြစ်သွားပါတယ် ။ Lia ကတစ်ပိုင်းစီမှာအတွဲတစ်တွဲစီကိုဖော်ပြမှာမှာပါ ။ ⭐ လေးနှိပ်ပေးကြပါဦးနော် ။

Love you all readers 💙 😘

Thanks For Reading 💎 ☺️

Love Home { ချစ်စံအိမ် }Tempat cerita menjadi hidup. Temukan sekarang