အတ္တဆိပ်/အတၲဆိပ္-13

442 17 3
                                    

#unicode

ဒီမနက် အိမ်တော်မှာရှိတဲ့လူတွေ အားလုံး တာဝန်ကိုယ်စီနဲ့ အလုပ်ရှုပ်နေကြသည်။ခွန်းအဖေကတော့ plannerတွေနဲ့ တိုင်ပင်ဆွေးနွေးနေသည်။အက္ခရာကတော့ မနက်အစောကတည်းက ဘုရားဆွမ်းတော်ကပ်ကာ မွေးနေ့ရှင်သူ့သခင်လေးအတွက် ဆုတောင်းပေးနေသည်။ဘုရားခန်းကအထွက် ခွန်းနဲ့ပက်ပင်းတိုးတာမို့ အက္ခရာစိတ်တွေထူပူသွားသည်။ခွန်းကတော့ အက္ခရာရဲ့ လက်ကောက်ဝတ်ကိုသာ အရင်ကြည့်မိသည်။အက္ခရာက သူ့သခင်လေးအကြည့်ကို သတိထားမိတာမို့ ဘာမှမပြောပဲ ခပ်သွက်သွက်လေး ပြေးထွက်လာခဲ့သည်။ခွန်းက သက်ပြင်းချကာ

'မနေ့ညကမှ ဖွင့်ပြောထားတာကို မင်းဘာတွေလောနေတာလဲ ဉာဏ်ရှိန်'

ထို့နောက် ဘုရားရှိခိုးကာ အဝတ်အစားလဲပြီး အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။စားပွဲပေါ်မှာ အရန်သင့်ခင်းထားတဲ့ မနက်စာကို တွေ့ရပေမဲ့ အက္ခရာကိုတော့ မတွေ့ရပေ။အခုကစပြီး အက္ခရာက သူ့ကိုလုံးဝရှောင်နေတော့မှာကိုလည်း သူကြိုတွေးပြီးသားဖြစ်သည်။အက္ခရာအတွက်လည်း နားလည်ပေးသည်။လက်ကောက်ဝတ်က နာရီကို တစ်ချက်ကြည့်လိုက်ပြီး ဒီတိုင်းသာထွက်လာလိုက်သည်။

"ဉာဏ်ရှိန်!"

အော်ခေါ်သံကြားတဲ့နေရာကို ခွန်းကြည့်လိုက်တော့ အဖေဖြစ်သူက သူ့စီလှမ်းလာနေသည်။အနားရောက်လာတော့ နှစ်ကိုယ်ကြားရုံမျှဖြင့်သာ

"ကုမ္ပဏီသွားဖို့လား"

"ဟုတ်တယ် ပါး"

"နားလိုက် နိုနိုနဲ့သွားလည်ပေးလိုက် နိုနိုနဲ့တစ်ခါမှပြန်မတွေ့ရသေးဘူးမလား ညကျရင် မင်းလက်ထပ်ခွင့်တောင်းရမှာနော် ငါ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့"

"ကုမ္ပဏီသွားတော့မယ်"

ထို့နောက် ခပ်တည်တည်ဖြင့်သာ ထွက်လာခဲ့သည်။အဖေဖြစ်သူက သူ့စကားကိုလျစ်လျူရှုသွားတဲ့သားကိုကြည့်ပြီး အော်ငေါက်ချင်ပေမဲ့ လူတွေအများကြီးရှိနေတာမို့ ထိန်းချုပ်လိုက်ရသည်။

"hi မား"

ခွန်းက သူယူလာတဲ့ ပန်းစည်းနဲ့ မုန့်တွေကို အမေဖြစ်သူ အုတ်ဂူရှေ့မှာ အသာလေးချလိုက်သည်။ထို့နောက်ပြုံးလျှက်သာ

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]जहाँ कहानियाँ रहती हैं। अभी खोजें