အတ္တဆိပ်/အတၲဆိပ္-၃

902 32 1
                                    

#unicode

"morning ပါး"

"ဟ ဒီတစ်ခါတော့ ငါတို့ သားအဖ၂ယောက်ဆုံကြပြီကွာ ထိုင် ငါ့သား"

မနက်စာလာချပေးတဲ့ အက္ခရာကိုကြည့်ပြီး ခွန်းက

"မင်း စားပြီးပြီလား"

"မစားရသေးပါဘူး သခင်လေး"

"ရပြီ သွားစားတော့"

"ဟုတ်ကဲ့"

"ပါး ပရောဂျက်အသစ် အခြေနေဘယ်လိုလဲ"

"ပြီးသလောက်ရှိနေပါပြီ ဒီည ရှယ်ယာရှင်တွေနဲ့ Dinnerရှိတယ် အော် Dinnerဆိုလို့ နိုနိုတို့မိသားစုကို အိမ်မှာ dinnerဖိတ်​ကျွေးကြရအောင်"

"အိမ်မှာ?အပြင်မှာက ဘာဖြစ်လို့လဲ"

"ငါ့သားရာ မင်းတို့တွဲတာ ၆နှစ်လောက်ရှိပြီ နိုနိုကိုလည်း မင်းတစ်ခါမှ အိမ်ကို မဖိတ်ဖူးဘူး အခု ပါးသဘောက dinnerလည်းဖိတ်ရင်း မင်းတို့ကိစ္စလည်းပြောရင်းပေါ့ကွာ မင်းတို့လည်း ယူသင့်နေပြီ ပါးကမြေးချီချင်နေပြီကွ"

"ပါးကလည်း ယူဖို့က စောပါသေးတယ်"

"ဟ မင်းအသက်ပဲ ၃၀ရှိနေပြီ နိုနိုဆို ၃၂
ယူတာ နောက်ကျရင် ခလေးယူဖို့လည်း အခက်အခဲဖြစ်မယ်ကွ"

"ဟာ ပါးကလည်း ၄၀ကျော်မှယူပြီး ခလေးရတဲ့သူတွေ တပုံကြီးပါ"

"ဟာ ဒီကောင် တယ်လက်ပေါက်ကပ်ပါလား နိုနိုကလည်း လက်ထပ်ချင်နေပြီ လူကြီးတွေကလည်း အသင့်ဖြစ်နေပြီ မင်းတစ်ယောက်ပဲ ဘုကန့်လန့်ခံနေတာ နိုနိုကို မြန်မြန်လက်ထပ်ခွင့်တောင်းလိုက်တော့"

"ကျွန်တော်စားပြီးပြီ သွားတော့မယ်"

"ကြည့် ဖအေက ဒီမှာပြောနေရင်းတန်းလန်း ဒီကောင်တော့"

"အက္ခရာ!"

"လာပါပြီ သခင်လေး"

အက္ခရာရဲ့ ထုံးစံတာဝန်အတိုင်း ကုတ်အင်္ကျီဝတ်ပေး ဖိနပ်စီးပေးနေရသည်။

"ညနေ ၂နာရီလောက် ငါပြန်လာခဲ့မယ် ရေချိုးထား"

"ဟုတ်ကဲ့"

၂နာရီထိုးတော့ ခွန်းက အိမ်ပြန်လာပြီး အင်္ကျီလဲကာ အက္ခရာနှင့်အတူ Mallသို့ထွက်လာခဲ့သည်။ခွန်းပုံစံက စတိုင်ကျကျမိမိုက်နေပေမဲ့ အက္ခရာကတော့ ကော်လံတီရှပ်လေးနှင့်လုံချည်ကိုသာသပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ခန္ဓာကိုယ်ကသွယ်သွယ်လေးနဲ့ ဖြူဖြူဖွေးဖွေးလေးမို့ အက္ခရာက ချစ်ဖို့ကောင်းနေသည်။အရပ်အမြင့်၅ပေ၉က မပုပေမဲ့ ၆ပေ၂ရှိတဲ့ ခွန်းနဲ့ယှဥ်ရင်တော့ အက္ခရာက အကောင်သေးသေးလေးသာကျန်သည်။

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now