အတ္တဆိပ်/အတၲဆိပ္-11

402 16 0
                                    

#unicode

နံနက် (၄)နာရီခွဲတာနဲ့ အက္ခရာနိုးတတ်တာ ပုံမှန်ဖြစ်နေပြီဖြစ်သည်။ခန္ဓာကိုယ်အကြောကိုဆန့်ရင်း မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

'ဟွန် အခန်းက ဘယ်လို...'

ညက ခွန်းအခန်းမှာအိပ်ပျော်သွားတာကို ချက်ချင်းသတိရသွားကာ အလန့်တကြား ထထိုင်လိုက်သည်။တစ်ဖက်ကိုကြည့်လိုက်တော့ ခွန်းက နှစ်ခြိုက်စွာ အိပ်နေသည်။အက္ခရာလည်း သေပြီဆိုတဲ့ အတွေးနှင့် သူ့ခေါင်းကို လက်သီးလေးဖြင့် အသာလေး ထုရိုက်နေသည်။ထို့နောက် ညှင်သာစွာ ကုတင်ပေါ်ကနေဆင်းပြီး ခြေသံဖွဖွလေးဖြင့် ခွန်းအခန်းထဲကနေ ထွက်လာလိုက်သည်။

နံနက်(6)နာရီခွဲ

ခွန်းနိုးလာတာနဲ့ တစ်ဖက်ကိုကြည့်လိုက်တော့ အက္ခရာကို မတွေ့ပေ။အက္ခရာက အစောကြီးထတတ်သူဆိုတာကို သိနေပြီးသားမို့ အထူးအဆန်းမဖြစ်ပေ။ဆံပင်စုတ်ဖွားနဲ့ခွန်းက အခန်းတံခါးကို ဖွင့်ပြီး

"အက္ခရာ!"

"ဗျာ သခင်လေး"

ခွန်းခေါ်သံကြားတော့ မီးဖိုဆောင်မှာ နန်းရွန်းနဲ့အတူ ဘုရားဆွမ်းတော် ပြင်နေတဲ့ အက္ခရာက လှေကားရင်းဘက်သို့ ချက်ချင်းပြေးထွက်လာသည်။

"ကော်ဖီ ယူလာပေး"

"ဟုတ်ကဲ့ သခင်လေး"

ထို့နောက် ခွန်းက အခန်းထဲက ကုတင်ပေါ်မှာပြန်ထိုင်နေသည်။အောက်ထပ်မှာ ကော်ဖီဖျော်နေတဲ့ အက္ခရာကတော့ စိုးရိမ်မှုအတွေးတွေနဲ့ပင်။

'အားးး ဘယ်လိုလုပ်ရမလဲ သခင်လေးကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ သူ့အိပ်ရာပေါ်မှာ အိပ်မိသွားတာ ငါတော့ ဒီတစ်ခါ တကယ်အသေပဲလားမသိ'

ထို့နောက် ကော်ဖီခွက်ကိုကိုင်ကာ

'ဘာမှမဖြစ်ဘူး စိတ်လျှော့ စိတ်လျှော့ ဟူးး'

သက်ပြင်းအရှည်ကြီး ချပြီးနောက် အိပ်ပေါ်ထပ်သို့ တက်လာခဲ့သည်။

'ဒေါက် ဒေါက်'

"သခင်လေး အက္ခရာဝင်လာမယ်နော်"

ကော်ဖီခွက်ကို ကုတင်ဘေးက စားပွဲမှာတင်လိုက်ပြီးနောက် ခြေလှမ်းသွက်သွက်နဲ့ လှည့်ထွက်ဖို့အလုပ် ခွန်းက သူ့လက်ကို ကိုင်ဆွဲလိုက်တာမို့ အက္ခရာ လန့်သွားသည်။ကြိမ်းသေပေါက် ဆူခံထိတော့မယ်ဆိုတဲ့ အသိနှင့်အက္ခရာလည်း စိတ်ကိုကြိုတင်ပြင်ဆင်နေသည်။

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now