အတ္တဆိပ်/အတၲဆိပ္-၄

1.1K 43 5
                                    

#unicode

"ညီ"

အနောက်ကခေါ်သံကြောင့် ပန်းပင်ရေလောင်းနေရင်း လှည့်ကြည့်လိုက်သည်။အက္ခရာက ရေပိုက်ခလုတ်ကို ပိတ်လိုက်ကာ

"အော် အကို ဘာလိုလို့လဲမသိဘူး"

"ဘာမှမလိုပါဘူး ခုနကကိစ္စ အကိုတောင်းပန်ပါတယ်"

"ရပါတယ် ဘာမှမဖြစ်ပါဘူး"

"တအားထိမိသွားသေးလား"

"မထိမိပါဘူး ဘာမှမဖြစ်ဘူး"

အားနာအပြုံးလေး ပြုံးကာ ပြန်ဖြေနေတဲ့သူကိုကြည့်ပြီး တစ်ဖက်ကလူက ရင်ခုန်နေလေပြီ။

"အာ အကိုက စိုင်းလျံပါ"

လက်လေးကမ်းကာ နှုတ်ဆက်လာတော့ အက္ခရာက အားနားစွာ

"ဟုတ်ကဲ့ အက္ခရာပါ ဟို အက္ခရာလက်က ပေနေ..."

"ရပါတယ်"

ဆိုပြီး အက္ခရာလက်ကို သူကိုယ်တိုင်ဆွဲယူကာ နှုတ်ဆက်လိုက်သည်။

"အက္ခရာ အကို့ကို မမှတ်မိဘူးလား"

"မှတ်မိပါတယ်"

စိုင်းလျံက အံ့သြပြီး ပျော်ရွှင်သွားကာ

"ဟုတ်လား ဘယ်လိုမှတ်မိသွားတာလဲ"

"ခုနက ပန်းပင်ရေလောင်းနေရင်း မြင်ဖူးပါတယ်လို့ စဥ်းစားနေတာ နောက်မှ အရင်တုန်းက သခင်လေး အိမ်ကိုခဏခဏလာလည်တဲ့ သခင်လေးရဲ့သူငယ်ချင်းမှန်း သတိရသွားတာ"

စိုင်းလျံကရယ်မောရင်း

"အော် တော်သေးတာပေါ့ အကိုလည်း ညီ့ကို ရုတ်တရတ် မမှတ်မိဘူးဖြစ်နေတာ အရင်တုန်းက ညီက နဲနဲငယ်သေးတယ် အရပ်လည်း ဒီလောက်မရှိသေးဘူးလေ ပြီးတော့ တွေ့ပဲတွေ့ဖူးတာ စကားလည်း မပြောဖူးဘူးဆိုတော့"

"ဟုတ်ကဲ့"

"အသက်ဘယ်လောက်ရှိပြီလဲ"

"နောက်လဆို ၂၀ပြည့်ပြီ"

"အော် ချာတိတ်လေးပေါ့"

'တီ တီ တီ တီ တီ~~~~~~~~~'

ရုတ်တရတ် ဟွန်းတီးသံကြောင့် စကားကောင်းနေကြတဲ့ စိုင်းလျံနှင့်အက္ခရာက လန့်သွားသည်။

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Tempat cerita menjadi hidup. Temukan sekarang