Chapter 105🧑‍⚕️

571 100 2
                                    

🧑‍⚕️Chapter 105

ကျန်းရွှိ သူ၏မျက်လုံးများကိုဖွင့်လိုက်ချိန်တွင် ရှန့်ဖန်းယွိ၏စနောက်ချင်နေသောအပြုံးကိုမြင်လိုက်ရပြီး စိုက်ကြည့်လိုက်ချိန်၌ ရှန့်ဖန်းယွိမှာ အနောက်သို့အနည်းငယ်ဆုတ်သွားခဲ့သည်။

ကျန်းရွှိအနောက်သို့ လှဲချတော့မည့်အချိန်တွင် ရှန့်ဖန်းယွိမှ သူ၏‌နှုတ်ခမ်းပေါ်သို့ လက်ညှိုးတစ်ချောင်းတင်ကာ အသံတိတ်စေလိုက်သည်။

" ရှုးးး ဘာမှမပြောနဲ့ဦး ကိုယ်မင်းကိုနမ်းပါရစေ…"

အနည်းငယ်အေးစက်နေသောလက်ချောင်းထိပ်များမှ ကျန်းရွှိ၏နှုတ်ခမ်းကိုပွတ်သပ်နေခဲ့သည်။ အရက်ရှိန်ကြောင့် ဖြစ်နိုင်ပေမည်၊ ရှန့်ဖန်းယွိ၏အကြည့်များမှာ အနည်းငယ်မသဲမကွဲဖြစ်နေသော်လည်း သူ၏မျက်လုံးများမှာ ကျန်းရွှိ၏မျက်နှာပေါ်တွင်သာရှိနေသောကြောင့် ရှန့်ဖန်းယွိ၏အကြည့်အောက်တွင် သူ၏မျက်နှာပူလောင်လာပြီဟု ကျန်းရွှိခံစားလိုက်ရသည်။

သူ၏အရေပြားပေါ်မှ ပိုးသားကိုပွတ်တိုက်သံများမှာ တိတ်ဆိတ်နေသည့်အိပ်ခန်းထဲတွင် ရှင်းရှင်းလင်းလင်းပေါ်ထွက်နေကာ ရှန့်ဖန်းယွိ၏အလွန်ချစ်မြတ်နိုးနေသောအကြည့်များဖြင့် ပေါင်းစပ်လိုက်ချိန်၌ သိမ်မွေ့နူးညံ့သောအဓိပ္ပါယ်တစ်ခုကို ဖော်ဆောင်နေပုံရသည်။

၎င်းမှာ နားရွက်နှင့်ပါးပြင်ပေါ်သို့ ညင်သာစွာပွတ်‌သပ်လိုက်သည်နှင့်တူနေခဲ့သည်။

ကျန်းရွှိ တည်ငြိမ်စွာ တံတွေးမြိုချလိုက်ချိန်တွင် သူ၏ရင်ဘတ်မှာ ပူနွေးသောနွေဦးစမ်းရေတွင်စိမ်ထားသကဲ့သို့ ခံစားနေရပြီး လည်ပင်းအရေပြားနားမှစိုစွတ်မှုကြောင့် အသက်ရှုရန်ပင် ခက်ခဲလာရသည်။

ကျန်းရွှိ သူ၏လက်ကို ရှန့်ဖန်းယွိ၏ရင်ဘတ်ပေါ်တင်၍ ရေနစ်နေသောငါးတစ်ကောင်ကဲ့သို့ အသက်ရှုနေခဲ့ရသည်။

သို့သော်လည်း သူ၏နှုတ်ခမ်းများကို ရှန့်ဖန်းယွိ၏လက်ချောင်းများဖြင့် ဖိကပ်ထားသည်ကို မေ့လျော့သွားပြီး သူ၏ဝင်သက်ထွက်သက်တိုင်းမှာ ရှန့်ဖန်းယွိ၏လက်ချောင်းထိပ်များပေါ်သို့ သက်ရောက်နေကာ တဖြည်းဖြည်းနှင့် ရေငွေ့ကြောင့် ၎င်းတို့ကိုစိုစွတ်လာစေသည်။

Dr.ကျန်း (ဘာသာပြန်)Où les histoires vivent. Découvrez maintenant