အပိုင်း ၆

2 0 0
                                    

Uni

အပိုင်း ၆

ဟဲကျစ်ယွမ်သည် ကျန်းရန်ရဲ့ ပစ္စည်းတွေကို ကူပြီးထုပ်ပိုးပေးရန် လာခဲ့သည်။

 နေ့ခင်းဘက်မှာတော့ ကျန်းရန်ကို အပြင်ထွက်ပြီး စားသောက်ဖို့အတွက် ဖိတ်ချင်ခဲ့သည်။ ဒါပေမယ့်လည်း ကျန်းရန်က သူမသည် ထုပ်ပိုးမှုနှင့် ကုန်ပစ္စည်းများ တင်ပို့ရာတွင် အလုပ်များလွန်းနေသည်ဟု ပြောလာခဲ့သည်။  ထို့ကြောင့် ဟဲကျစ်ယွမ်က စေတနာ အလျောက်သွားပြီး သူမကို ကူညီခဲ့သည်။

 ဒါပေမယ့် တရုတ်ချစ်သူများနေ့ မတိုင်ခင်မှာ Package တွေ အများကြီးရှိလိမ့်မယ်လို့ ဟဲကျစ်ယွမ်ကတော့ မမျှော်လင့်ထားခဲ့ပေ။ နှစ်ယောက်သား အလုပ်မပြီးခင်မှာ အလုပ်ခွဲပြီး ညဆယ့်နှစ်နာရီအထိ မရည်ရွယ်ဘဲ အလုပ်ဆင်းခဲ့ကြသည်။



ကျန်းရင် ပြုံးလိုက်သည်။ သူမ တစ်ခုခုပြောဖို့ ပြင်နေချိန်မှာ သူမရဲ့ ခွေးကလေးက ရုတ်တရက် ပြေးလာခဲ့သည်။ "ဝုတ် ဝုတ်!"

 သူသည် ဟဲကျစ်ယွမ်ကို မရင်းနှီးသောပုံစံဖြင့် နှစ်ကြိမ်ဟောင်လိုက်သည်။ ကျန်းရန်က သူ့ကို အမြန်ပွေ့ချီလိုက်သည်။  "အာ့ဟွမ်  ဘာလုပ်နေတာလဲ။ နင် အစ်ကို ဟဲကျစ်ယွမ်ကို မမှတ်မိတော့ဘူးလား"

 “……”ဘယ်သူက အစ်ကိုဟဲကျစ်ယွမ်ကို မှတ်မိတာလဲ။

 "သူက ငါ့ကို ကူပြီးပစ္စည်းတွေ ထုပ်ပိုးဖို့ ဒီကိုလာခဲ့တာ၊ နင်က သူ့ကို ဘာလို့ဟောင်တာလဲ။ သိပ်ရိုင်းတယ်နော် "

 "ဝုတ် ဝုတ်!"  သန်းခေါင်ကျော်နေပြီ ဖြစ်သော်လည်း သူက တစ်ယောက်တည်းနေနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အိမ်မှာ ရှိနေသေးသည်--လွန်ခဲ့သည့်ရက်အနည်းငယ်က သူ၏ လေ့လာတွေ့ရှိချက်တွေအရ ကျန်းရန်က တစ်ကယ်ကို တစ်ကိုယ်တည်းနေနေတဲ့သူဖြစ်သည် -- နောက်ဆုံး သူက သူမကို ပစ္စည်းတွေ ကူထုပ်ပိုးပေးချင်လို့လား ဒါမှမဟုတ် တစ်ခုခုလုပ်ချင်လို့လား။  သူကိုယ်တိုင်က ယောကျ်ားတစ်ယောက်ဆိုတော့ သူ ဘယ်လိုလုပ် နားမလည်နိုင်ရမှာလဲ။
 "အာ့ဟွမ် နင်ဘာတွေရှုပ်နေတာလဲ"  ကျန်းရန်က သူ့ကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ သူ့ရဲ့ ခွေးစာ ဘီစကွတ်တွေကို ဒီနေ့ သူမ သိမ်းယူလိုက်တဲ့အတွက် ဒီကောင်လေးရဲ့စိတ်က အရမ်းနိမ့်နေခဲ့သည်။ အခုလေးတင် သူအဲဒီမှာ လဲလျောင်းပြီး အိပ်ပျော်နေခဲ့တာ သေချာနေပြီကို ရုတ်တရက်ကြီး သူဘာလို့ အပြေးအလွှား ကြုံသလို လာဟောင်နေရတာလဲ။
 “ကောင်းပါပြီ”  ကျန်းရန် မတ်တပ်ထရပ်ပြီး သူမရဲ့ရုန်းကန်နေတဲ့ ခွေးလေးကို ပွေ့ဖက်ထားဆဲပင်။ "နောက်တစ်ရက်ကျရင် ရှင့်ကို ကျေးဇူးတင်ကြောင်းပြဖို့အတွက် စားသောက်ဖို့ ဖိတ်ပါ့မယ်"

သန်းခေါင်ယံ စင်ဒရဲလားWhere stories live. Discover now