အပိုင်း ၅

3 0 0
                                    

Uni

အပိုင်း ၅

 လက်ရှိတွင် ကျန်းရန် အလွန်အလုပ်များနေသည်။  တရုတ် ချစ်သူများနေ့ နီးကပ်လာသည်နှင့်အမျှ ဝယ်ယူမှု အရေအတွက်က သိသိသာသာ တိုးလာခဲ့သည်။ သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ တစ်ညလုံးနေပြီး ဒီနေ့ရထားတဲ့ အမှာစာတွေကို စုစည်းပြီး နောက်နေ့မှာ အရာအားလုံးကို ထုပ်ပိုးပြီး mail ပို့ပေးရမည်။ 

သူမအခန်း၏ တိတ်ဆိတ်မှုတွင် WeChat က မက်ဆေ့ချ်အသစ်တစ်ခုကို ညွှန်ပြနေသည့် သူမ၏ဖုန်းက တောက်လျှောက်လာနေသည်။

 ကန်စွန်းဥလေး - ချစ်လေး၊ ခုထိ မအိပ်သေးဘူးမလား။

တခဲလ်ခဲလ် ကိုယ်စားလှယ် ဝန်ဆောင်မှု - မဟုတ်ဘူး၊ ဝယ်ယူထားတဲ့ အမှာစာအားလုံးအတွက် စာရင်းရှင်းဖို့ တစ်ညလုံးနေရဦးမယ်။

 ကန်စွန်းဥလေး - အိုး အို၊ မင်းအတွက် ခက်ခဲနေတာလား။   အွန်း... ပြီးခဲ့တဲ့အခေါက်တုန်းက မင်းမှာထားတဲ့ 0.01 mm ကွန်ဒုံးကို မင်းသုံးဖူးလားလို့ မေးချင်လို့။  (>///<)   
တခဲလ်ခဲလ် ကိုယ်စားလှယ် ဝန်ဆောင်မှု- ငါ့မှာ အဲ့တာတွေ သုံးဖို့ အခွင့်အရေး မရှိသေးဘူး..
 ကန်စွန်းဥလေး - Hahahahahaha!  စိတ်ဓာတ်မကျပါနဲ့။  Valentine's Day နီးလာပြီဆိုတော့ သွား သွား သွား!
တခဲလ်ခဲလ် ကိုယ်စားလှယ် ဝန်ဆောင်မှု - ဒီကွန်ဒုံးတွေကို စွမ်းဆောင်ရည်မြင့်မြင့်နဲ့ စမ်းသပ်ထားပြီးသားဖြစ်တာကြောင့် အရည်အသွေးကိုတော့ အာမခံတယ်။နင် ဝယ်ချင်တယ်ဆိုရင်တော့ မြန်မြန်လုပ်ထားနော်။အခုရက်တွေမှာ အများကြီးရောင်းနေရတာ in stockက သုံးဖာပဲကျန်တော့တယ် ။
 ကန်စွန်းဥလေး -… လူတိုင်းက အရမ်းကြိုးစားနေကြတဲ့ပုံပဲ။အဲ့တာတွေ  အားလုံး ငါ့ကို ပေးလိုက်။

 ကျန်းရန် enter ခလုတ်ကို နှိပ်လိုက်ချိန် သူမရဲ့အနောက်ဘက်က ဆူညံသံအချို့ကို ကြားလိုက်ရသည်။  သူမ လှည့်ကြည့်လိုက်တော့ သူမရဲ့ခွေးလေး အခန်းထဲကို ခိုးဝင်လာမှန်း သိလိုက်ရသည်။

 "အပြင်ထွက်ကစားနေ!  အိုး၊ အဲဒါ မမှန်ဘူး။ စောစောအိပ်တော့နော်"  ကျန်းရန်က ခွေးလေးကို အပြင်မှာ ထားခဲ့ပြီး တံခါး ပိတ်လိုက်သည်။


သန်းခေါင်ယံ စင်ဒရဲလားWhere stories live. Discover now