အပိုင်း ၃

6 0 0
                                    

Uni

အပိုင်း ၃

 ဖန့်ကျင်း မျက်မှောင်ကြုတ်နေတာကိုမြင်တော့ မီရှန့်အာက သူ့အရင်က စကားတွေကို ထပ်ခါတလဲလဲ မပြောဘဲမနေနိုင်ခဲ့ပေ။ "ဒါကို ကြီးကြပ်ရေးမှူး ချင်ဆီ သတင်းပို့လိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်"

 "မလိုဘူး" ဖန့်ကျင်းက အကြံအစည်ကို ချက်ချင်း ငြင်းဆိုလိုက်သည်။ ဒီကိစ္စကို ဒီထက်ပိုပြီး ဒုက္ခမဖြစ်စေချင်ဘူး။  

“ငါ မကြာသေးခင်ကမှ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေခဲ့တာ။ မင်း ချင်ဖန်းဆီ ပြောပြလိုက်ရင် အဲ့တာက အဓိပ္ပါယ်မဲ့သွားရုံတင်သာမကဘဲ ငါ့ကို ဖိအားတွေတောင် ပေးလာနိုင်တယ်။ အဲဒါက ဆန့်ကျင်ဘက်ဖြစ်မှာ မဟုတ်ဘူးလား”

 “ဒါပေမယ့်……” မီရှန့်အာက သူ့အငြင်းအခုံကို မဝံ့မရဲပြောနေချိန်မှာပဲ သူ့ဖုန်းက အသံမြည်လာခဲ့သည်။

မီရှန့်အာသည် လိုင်း၏အခြားတစ်ဖက်ရှိ ကြီးကြပ်ရေးမှူးချင်၏ စကားကိုနားထောင်ရင်း တံတွေးမျိုချခဲ့သည်။ “အထူးသဖြင့် ဘာထူးခြားတာမှ မရှိပါဘူး။ ဖန့်ကျင်း နိုးပြီလား"

 “သူနိုးနေပါပြီ။ သူ နေ့တိုင်း အချိန်မှန်ထတယ်။ တကယ်တော့ ဒီရိုက်ကူးရေး အတွက် သူ စောစောထစရာ မလိုပါဘူး၊ ဒါပေမယ့် မနက်ပိုင်းမှာတော့ သူလေ့ကျင့်ခန်းနည်းနည်းတော့ လုပ်ပါတယ်”

 “အင်း၊ မဆိုးဘူး” ချင်ဖန်းက ဖန့်ကျင်း၏ စွမ်းဆောင်မှုကို အလွန်ကျေနပ်ခဲ့သည်။ “ရိုက်ကူးရေးက ဘယ်လိုနေလဲ”

 “အရမ်းကို ချောမွေ့ပါတယ်။ ဒါရိုက်တာက ဖန့်ကျင်းရဲ့သရုပ်ဆောင်ချက်ကို အတော်လေး သဘောကျနေတာ"

 “ဒါ ကောင်းတာပေါ့။ အော် ဟုတ်သားပဲ၊ ဇာတ်ဆောင်မင်းသမီး ကျူးရှု့ရမ်ကို မျက်စိအောက် ထောက်ကြည့်နေ။ သူမကို ဖန့်ကျင်းနဲ့ အရမ်းမရင်းနှီးသွားစေနဲ့။ ဖန့်ကျင်းက ​​ရုပ်ရှင်ဧကရာဇ်ဖြစ်လာတာမို့ ဆိုးရွားတဲ့ ကောလာဟလတွေ မပြန့်ပွားစေချင်ဘူး”

 "ကြီးကြပ်ရေးမှူး ချင်၊ ကြီးကြပ်ရေးမှူးရဲ့ စိုးရိမ်မှုတွေကို ထုတ်ထားလိုက်လို့ရပါတယ်။ ဖန့်ကျင်းက သူ့ကိုယ်ပိုင်လုပ်ငန်းကို အမှန်တကယ် စိတ်နှစ်ထားပြီး ပြဿနာကင်းအောင်နေတယ်။ မနေ့ညက ကျူးရှု့ရမ် သူ့တံခါးကို လာခေါက်ခဲ့ပေမဲ့ သူမကို တံခါးတောင် မဖွင့်ပေးခဲ့ဘူး!"

သန်းခေါင်ယံ စင်ဒရဲလားWhere stories live. Discover now