part-14

10 1 0
                                    

“ဒီအိမ်ကမြသားအသွင်တို့အိမ်လားမသိဘူး"
“ဟုတ်ပါတယ် ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"
“ ဒေါ်နှင်းနှင်းရှိန်နဲ့တွေ့ချင်လို့ပါ"
“ခဏလေးပါ ကျွန်တော်သွားပြောလိုက်ပါဦးမယ်"
“အန်တီနှင်း အိမ်ရှေ့မှာဧည့်သည်ရောက်နေပါတယ်"
“ဘယ်သူတွေလဲမောင်စော"
“ရန်ကုန်ကလို့ပြောပါတယ် အန်တီနှင်းနဲ့တွေ့ချင်လို့ပါတဲ့"
“ဘယ်သူတွေပါလိမ့် အေးအေးတံခါးဖွင့်ပေးလိုက်ပါကွယ်"
နောက်ဆုံးပေါ်ဇိမ်ခံကားသစ်ကြီးသည် ခြံထဲသို့ရောက်ရှိလာခဲ့ သည်။ ကားပေါ်မှဆင်းလာသူများမှာ လင်မယားဖြစ်ဟန်တူ သောကောင်လေးနှင့်ကောင်မလေး ပြီးတော့ မိန်းမကြီးတစ် ယောက်။ အသက်က၅၀ကျော်လောက်တော့ရှိမည်ဖြစ်ပြီး ခန့်ညားမှုနဲ့ ကြွယ်ဝမှုဂုဏ်ကတော့သူမရဲ့ပုံစံကိုကြည့်တာနဲ့ သိသာနိုင်သည်။ ဒေါ်နှင်းနှင်းရှိန်ကားပေါ်မှဆင်းလာသူအမျိုး သမီးကြီးကို ပျူငှာစွာဖြင့် အိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်သည်။
“အိမ်ထဲကိုကြွကြပါရှင်"
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
လူငယ်ကသွက်လက်စွာဝင်ဖြေသည်။ ရုပ်ကလူရည်မွန်ဖြစ်ပြီး စီးပွားရေးသမားဖြစ်ဟန်တူသည်။
“ကျွန်မနာမည်က ဒေါ်တင်မမလတ်ပါ မနှင်းနှင်းရှိန်နဲ့ တွေ့ချင်လို့ပါ"
“ကျွန်မပါပဲ ဘာကိစ္စများရှိလို့လဲမသိဘူး"
“ကျွန်မကနှိုင်းချေရဲ့မာမီပါ ကလေးတွေကိစ္စစကားပြောချင် လို့ပါဒီဘက်ကတော့နှိုင်းချေရဲ့မမနှိုင်းစံမမှီနဲ့သူ့ရဲ့ခင်ပွန်း ခန့်ထည်ဝါပါ"
“ဒီအထိလာခဲ့ရတာတော့အားနာပါတယ် ဒါပေမယ့် ကျွန်မ သဘောမတူနိုင်ပါဘူးရှင်"
“ဘာအတွက်ကြောင့်လဲဆိုတာသိလို့ရနိုင်မလားရှင့်"
“ရှင်းပါတယ် သူတို့နှစ်ယောက်လုံးကယောက်ျားလေးဖြစ်နေ တဲ့အတွက်ကြောင့်ပါ"
“ကျွန်မနားလည်ပါတယ် ကျွန်မလည်းအစကတော့ဒီလိုပဲ တွေးမိတာပါပဲ ဒါပေမယ့်လည်းသားသမီးတွေရဲ့ပျော်ရွှင်မှုဆို တော့ဘယ်တားရက်ပါ့မလဲ"
“အစ်မကတော့ဟုတ်မှာပါ နှိုင်းချေအစား အစားထိုးစရာ သမီးတစ်ယောက် ရှိသေးတာကိုးကျွန်မမှာတော့ဒီသားလေး တစ်ယောက်ထဲရှိတာပါ"
“အဲလိုသဘောမျိုးမဟုတ်ပါဘူးရှင် ကျွန်မအသွင်လေးကို လည်း သားအရင်းတစ်ယောက်လိုမျိုးချစ်လို့အခုလိုလာကမ်း လှမ်းရတာပါရှင်"
“ကျွန်မတစ်ခုဝင်ပြောပါရစေရှင်"
တချိန်လုံးငြိမ်နေသည့်နှိုင်းချေအစ်မဆိုသူက ရုတ်တရက်ဝင် ပြောလာလေသည်။
“တကယ်တော့ ကျွန်မမောင်လေးက အရင်တုန်းက မော်ဒယ်လ်တစ်ယောက်နဲ့သတင်းထွက်ဖူးတာကလွဲရင်ကျန်တာအားလုံး စိတ်ချလို့ရပါတယ် အဲဒီသတင်းထွက်ခဲ့တဲ့သူက လည်းတစ်ကယ်တော့ နှိုင်းချေရဲ့သူငယ်ချင်းပါ ဘေးလူတွေ ကအထင်လွဲကုန်ကြတာပါရှင်"
“အခုလည်း အဲဒီမော်ဒယ်လ်နဲ့ပဲ သတင်းထွက်ပြန်တာပဲမ ဟုတ်လား"
ရုတ်တရက်ကြားလိုက်ရသည်က လှေကားဆီမှအသံဖြစ်သ ဖြင့် အားလုံးအကြည့်တွေက ထိုနေရာဆီသို့ စုပြုံရောက်ရှိ သွားသည်။
“သား"
“သား အသွင်"
“အဲဒါကလည်း သူမြန်မာပြည်ပြန်ရောက်တုန်း နေရာစုံသွား ချင်တယ်ဆိုလို့နှိုင်းချေကလိုက်ပို့တာပါ တကယ်တော့အဲဒီ ကားထဲမှာ မမရော ခန့်ထည်ရော ပါပါတယ်"
“အဲဒါဆို ဓာတ်ပုံကိစ္စကကော"
“အဲဒါက photo ကိုပြန်ပြီး edit လုပ်ထားတာပါ အခု တော့သူတို့နှစ်ယောက်စလုံးပြန်ဖြေရှင်းဖို့လုပ်နေကြပါတယ်"
“ဘာလုပ်ဖို့လဲ"
“စိတ်ဆိုးနေတဲ့သူ့ကောင်လေးကို ပြန်ချော့ဖို့တဲ့လေ"
“ဟင်"
ရှက်သွေးလေးများဖြာသွားပြီးရဲတက်သွားတဲ့ မျက်နှာလေး သည် ပို၍ပင်ချစ်စရာကောင်းနေသေးသည်။ နှိုင်းချေ နှိုင်းချေ မင်းကတော့လေ တကယ့်ကလေးလေးကိုရွေးထားတာပဲ ရုပ်ကလေးကလည်းဆွဲကိုက်ချင်စရာ ပြီးတော့လူလေးက လည်းသေးသေးလေးနဲ့။တစ်ယောက်ကလည်းကမ်းကုန် အောင်အလိုလိုက် တစ်ယောက်ကလည်းဆိုး ဒီနှစ်ယောက် လိုက်လည်းလိုက်တယ်ဟုခန့်ထည်စိတ်ထဲတွေးလိုက်မိသည်။
“မြသားအသွင် ကျွန်တော်နဲ့စကားခဏပြောလို့ရမလား"
“ဟုတ်ရပါတယ်"
သူတို့နှစ်ယောက်ထွက်သွားသည်နှင့် အထဲမှစကားဝိုင်းကပြန် လည် အသက်ဝင်လာခဲ့သည်။
“သူတို့နှစ်ယောက်က တကယ်ချစ်ကြတာလား"
“တကယ်ပါနှင်းရယ် သူတို့နှစ်ယောက်ကိုသဘောတူလိုက်ပါ နော်"
“ဒါပေမယ့် ပတ်ဝန်းကျင်ကသူတို့ကိုကဲ့ရဲ့လာမယ့်စကားတွေ ကို သူတို့လက်ခံနိုင်ပါ့မလား"
“ကျွန်မတို့ကသူတို့ရဲ့မိဘတွေပဲ ကျွန်မတို့ကလက်ခံမပေးနိုင် ရင် ဘယ်သူတွေကလက်ခံပေးမှာလည်း ကိုယ့်သားသမီးက
ဘာပဲဖြစ်ဖြစ်လက်ခံပေးရမှာက မိဘတာဝန်ပဲလေ"
“ဟုတ်တယ်နော် အခုဆိုသားလေးက မိဘနဲ့ချစ်ရသူကြား မှာ ဗျာများပြီးစိတ်ဆင်းရဲနေရမှာပဲနော် အစကတည်းက  ကျွန်မသားလေးကိုပိုဂရုစိုက်ပေးရမှာပါ"
“အခုလည်းဂရုစိုက်ပေးတာပါပဲ အသွင်လေးအတွက်တော့ ရှင်ကလည်းမိခင်ကောင်းတစ်ယောက်ပါ"
“ကျေးဇူးတင်ပါတယ် ကျွန်မကိုအခုလိုနှစ်သိမ့်ပေးတာ"
အိမ်ထဲကအခြေအနေကတော့မုန်တိုင်းပြီးသွား၍ လေပြေလာ သလို ငြိမ်သက်သွားခဲ့လေပြီ။
“ကျွန်တော်မလိုက်ချင်ဘူး"
“နှိုင်းချေကမင်းကိုအရမ်းတွေ့ချင်နေတာ ဒါမှမဟုတ်သူ့ကို စိတ်ဆိုးမပြေသေးတာလား"
“ အဲဒါက.... "
“ကဲပါ ဟိုရောက်မှပဲမျက်နှာချင်းဆိုင်ကြည့်ပြီးဖြေရှင်းကြပေါ့ အခုတော့ ကျွန်တော်တို့နဲ့လိုက်ခဲ့ပါနော်"
“ဟုတ်ကဲ့ပါ ကျွန်တော်လိုက်ခဲ့ပါမယ်"
“တကယ်ပြောတာနော်"
“တကယ်ပြောတာပါ"
ပြောပြီးအိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။ မြင်လိုက်ရတဲ့အခြေ အနေကိုကြည့်ပြီး မြသားအသွင်သူ့မျက်လုံးသူမယုံနိုင်။ မာမီနှင့် ဒေါ်တင်မမလတ်တို့ပြုံးရယ်ကာစကားပြောနေသည် မှာ ခုနကသူတို့မဟုတ်သည့်အတိုင်းပင်။ သူလည်းအခြေအ နေကိုကြည့်ပြီး ရှေ့သို့တိုးကာအရဲစွန့်ပြီး ခွင့်တောင်းလိုက် သည်။
“မာမီ အသွင်ရန်ကုန်ကိုလိုက်သွားလို့ရမလား"
“သားက ဟိုကိုဘာလိုက်လုပ်မှာလဲ"
“ဟင်"
“ကဲပါနှင်းရယ် အသွင်လေးကိုစမနေပါနဲ့တော့ တကယ်တော့ သားအသွင်ကိုမင်းမာမီက မာမီလတ်တို့နဲ့လိုက်ခွင့်ပြုပါတယ် ကွယ်"
“ဟင် တကယ်ပြောတာလားမာမီ"
“တကယ်ပေါ့ကွယ် ကိုယ့်သားသမီးစိတ်ဆင်းရဲနေတာကို ဘယ်မိဘကကြည့်ရက်မှာလဲလို့"
“ဟင့် အသွင်အရမ်းဝမ်းသာတာပဲမာမီရယ်"
သူမာမီ့ကိုဖက်ထားရင်းမှမျက်ရည်များကျဆင်းလာပြန်သည်။
ဒီတစ်ခါကျလာတဲ့မျက်ရည်တွေက ၀မ်းသာမှုကြောင့်ဆိုတာ တော့ ဘယ်သူမှပြောပြစရာမလိုအောင် သူကိုယ်တိုင် သိသည်မို့။
“မာမီ့ကိုသားကန်တော့ခဲ့မယ်နော် "
“ အေးပါကွယ် မာမီ့သားလေးဘေးမသီရန်မခပဲခလုတ်မထိ ဆူးမငြိပါစေနဲ့ကွယ်"
မာမီ့ကိုနှုတ်ဆက်ပြီး လူကြီးရဲ့မိသားစုနဲ့အတူရန်ကုန်သို့လိုက်
လာခဲ့သည်။သူလူကြီးကိုယုံပေမယ့် ရုတ်တရက်မြင်ခဲ့ရသည့် မြင်ကွင်းကသူ့နှလုံးသားကို နာကျင်စေခဲ့သည်မို့ဘယ်တော့ မှမပြောထွက်ချင်တဲ့စကားကို သူ့ပါးစပ်မှထုတ်ပြောခဲ့ခြင်းပင် ဖြစ်သည်။လူကြီးရဲ့ယောက်ဖဆိုသူ ပြောပြတာကလည်း သူ့လူကြီးနှင့်သတင်းထွက်နေသူမှာ ငယ်ငယ်ကတည်းက ခင်မင်ခဲ့ကြသူများဖြစ်ကြောင်းသိလိုက်ရ၍သူစိတ်သက်သာရာ ရခဲ့သည်ဖြစ်သလို သူကိုယ်တိုင်ကလည်းတကယ်မဖြစ်ပါစေနဲ့ ဆုတောင်းခဲ့ရသူမို့လူကြီးကိုဘယ်လိုမှမခွဲချင်တာအမှန်ပင်။
စောင့်နေပါကျွန်တော့ရဲ့လူကြီးရယ် ခများကပဲကျွန်တော့ဆီ ရောက်အောင်လာခဲ့တာမို့ ဒီတစ်ခါတော့ကျွန်တော်ကပဲခများ ဆီရောက်အောင်လာခဲ့မှာမို့ စောင့်နေပေးပါလို့နှလုံးသားကနေ ပြောလိုက်ပါတယ် ရင်ခုန်သံချင်းထပ်တူကျရင်ကြားနိုင်ပါစေ လူကြီးရေ........။

🌺ရင်ဝယ်ဝှက်သောပန်းတစ်ပွင့် 🌺Where stories live. Discover now