part-2

25 1 0
                                    

“သား အသွင်ဒီကိုလာဦး ဒယ်ဒီပြောစရာရှိတယ်"
“ဟုတ် သားကိုဘာပြောမလို့လဲဒယ်ဒီ"
“ဟိုတလောကဒယ်ဒီနဲ့ပါလာတဲ့ ဒယ်ဒီ့်မိတ်ဆွေမောင်နှိုင်းချေ
ကို သားမှတ်မိလား"
“ဟုတ်မှတ်မိပါတယ်"
“သူဆိုအခုမှအသက်သုံးဆယ့်ငါးပဲရှိသေးတယ်သားနဲ့ဆိုဆယ်နှစ်ကျော်လေးက်ပဲကွာမယ် အခုဆိုဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းမှာအောင်မြင်နေပြီးလူကြီးတွေနဲ့တောင် ရင်ဘောင်တန်းနိုင်နေပြီ ဒယ်ဒီ့သဘောကတော့ သူ့လိုပဲ သားအသွင်ကိုလည်း အောင်မြင်စေချင်တယ်"
“သားကြိုးစားပါ့မယ်ဒယ်ဒီ"
“ဒယ်ဒီစောင့်နေမယ်နော်"
“ဟုတ်ကဲ့ပါ"
ဟုတ်သားပဲ လာမယ့်နိုဝင်ဘာဆယ့်တစ်ရက်နေ့ဆိုသူ့အ သက်နှစ်ဆယ့်လေးနှစ်ပြည့်ပြီဖြစ်သည်။တကယ်တော့ စီးပွားရေးနဲ့ကျောင်း ပြီးထားတဲ့သူ့အဖို့ ဖခင်ရဲ့လုပ်ငန်းတွေ
ကိုဦးစီးဖို့အဆင်သင့်ဖြစ်နေသင့်သည်။ တစ်ဦးတည်းသော သားဖြစ်သည့်အတွက် အထိုက်အလျောက်နည်းနည်းတော့ ဆိုးချင်သည်။မာမီကလည်းအထည်ဆိုင်ဖွင့်ထားသည့်အတွက် ဆိုင်နှင့်အိမ်အိမ်နှင့်ဆိုင်ဗျာများနေတတ်သလို ဒယ်ဒီကလည်း သူ့ကုမ္ပဏီလုပ်ငန်းတွေနှင့်သာအချိန်ကုန်နေတာများသည်။ ငယ်ငယ်ကအရမ်းလိမ္မာပြီးစာကြိုးစားကာဆရာဝန်ဖြစ်ရမည်ဟုရည်မှန်းထားသော်လည်း စီးပွားရေးဘွဲ့ဖြင့်သာကျေနပ်ခဲ့ ရသည်။ဘွဲ့ရပြီးနှစ်နှစ်ကျော်ကြာသည်အထိဘာအလုပ်မှ မလုပ်ပဲ သူငယ်ချင်းတွေ နှင့်သာအလေလိုက်နေခဲ့တာဖြစ် သည်။ သူ့သူငယ်ချင်းထက်ညီစေဆို car workshop &accessories လုပ်ငန်းကိုဦးစီးလုပ်ကိုင်နေကာ တစ်နှစ်ကျော်ရှိသေးသော်လည်းအခုဆိုအောင်မြင်နေပြီဖြစ် သည်။ကိုယ့်ဇာတိမြေဆိုတာ စစ်ကိုင်းတိုင်းရဲ့မြို့တော်မုံရွာ ဖြစ်သည်။မုံရွာဆိုတာ နယ်မြို့လေးဖြစ်သော်လည်း တခြားမြို့ များနှင့်ကူးသန်းရောင်းဝယ်မှုထွန်းကားသောမြို့ဖြစ်သည့်အ လျောက်စည်ကားလှပေသည်။ ဆုတောင်းပြည့်၊ ရွှေစည်းခုံ၊ မိုးညှင်းသမ္ဗုဒ္ဓေ၊ ဗောဓိတစိထောင်၊ ကျောက္ကာရွှေဂူနီ၊ ရွှေဂူဖြူ၊
အစရှိတဲ့တန်ခိုးကြီးဘုရားများပေါများလှသလို မဟာလယ်တီ ဆရာတော်ဘုရားကြီးသာသနာပြုခဲ့ရာမြို့လည်းဖြစ်သည်။ ညနေဖက်အားလပ်ချိန်များတွင်ချင်းတွင်းမြစ်ကမ်းတလျောက် ဆိုင်ကယ်စီးရင်းလေညှင်းခံထွက်ကာညဈေးတန်းတွင်မုန့်ဝင် စားကြသည်မှာပျော်စရာပင်။ လည်စရာပတ်စရာသိပ်မပေါများ ပေမယ့်ဘုရားပွဲတော်အလွန်ပေါများသောမြို့လည်းဖြစ်သည်။  ဒီမြေမှာမွေးဒီမြေမှာပဲကြီးခဲ့သူမို့ဒီမြို့လေးကိုအလွန်ချစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်သူ့အသက်နှစ်ဆယ့်လေးနှစ်ပြည့်ပြီးသည် နှင့်ဒယ်ဒီရဲ့လုပ်ငန်းတွေကိုကူညီလုပ်ကိုင်ပေးမည်ဟုဆုံးဖြတ် လိုက်သည်။ တကယ်တော့လည်းဒီတာဝန်တွေဟာတစ်ဦး တည်းသောသားဖြစ်တဲ့ သူ့တာဝန်တွေပင်မဟုတ်ပါလား။
“ဟိတ်ကောင်ကြီးတွေးလှချည်လားငါခေါ်နေတာတောင်မ ကြားဘူးဆိုတော့ မှန်းစမ်းရည်းစားတွေဘာတွေများ"
“ဘာရယ်မဟုတ်ပါဘူးကွာ လာမယ့်ငါ့အသက်နှစ်ဆယ့်လေး နှစ်ပြည့်ပြီးရင် ငါငါ့ဒယ်ဒီရဲ့လုပ်ငန်းတွေကိုဦးစီးတော့မယ်ကွ"
“တကယ်လား ကောင်းတာပေါ့မင်းဒယ်ဒီနဲ့မာမီအရမ်းပျော်နေ မှာပဲ"
“ဟုတ်တယ် ဒါနဲ့မင်းဒီနေ့အလုပ်မသွားဘူးလား"
“ဥပုသ်နေ့တိုင်းပိတ်တယ်လေကွာ"
“ဆောရီးငါမေ့သွားတယ်"
“ဒါနဲ့မင်းကဘယ်လိုလုပ်ပြီးစိတ်ကူးမိသွားတာလဲပြောပါဦး"
“အရင်အပတ်တနင်္ဂနွေနေ့ကငါ့ဒယ်ဒီနဲ့အတူရန်ကုန်ကဧည့်သည်တစ်ယောက်ပါလာတယ်ဒယ်ဒီပြောတာတော့HMCဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းစုကစီအီးအို ဦးနှိုင်းမုန်းမာန်ချေတဲ့ ငါ့ထက်တော့အသက်ဆယ့်တစ်နှစ် လောက်ကြီးမယ် သူကမနှစ်ကမြန်မာ့လူငယ်စီးပွားရေးပညာ ရှင်ဆုရထားတာတဲ့ အဲဒါကြောင့်ဒယ်ဒီကငါ့ကိုလည်းသူ့လိုပဲ ကြိုးစားစေချင်တယ်တဲ့"
“၀ိုး အရမ်းတော်မှာပဲနော်အဲဒါဆို"
“ဟုတ်တယ် သူ့ရဲ့မျက်လုံးတွေကစူးရှထက်မြတ်ပြီးနှုတ်ခမ်း တွေကပိရိသေသပ်လွန်းတယ် အောင်မြင်မှုကြောင့်ပဲလား တော့မသိဘူးသူ့ပုံစံကအရမ်းတည်ငြိမ်လွန်းတယ်"
“ညွှန်းလှချည်လား"
“တကယ် မဟုတ်ရင်ယောက်ျားတစ်ယောက်ကိုငါကအဲ့လောက်ထိညွှန်း စရာလား"
“ဒါနဲ့အဲ့ဦးလေးကြီးကဘယ်က"
“ရန်ကုန်က"
“ဪ အဝေးကြီးပဲနော်"
“ဟုတ်တယ်"
တကယ်တော့လည်းအဲ့လူကြီးရဲ့စူးရှတောက်ပတဲ့အကြည့် တွေကိုသူရင်မဆိုင်ရဲခဲ့။သူ့လိုလူငယ်တစ်ယောက်ကိုထိုလူ ကြီးက ရယ်စရာအဖြစ်တောင်မြင်ချင်မြင်နေမည်။ဘာဖြစ်လဲ အခုကစပြီး ခများနဲ့ကျွန်တော်အောင်မြင်မှုကိုအရယူနိုင်တဲ့သူ ကဘယ်သူဖြစ်မလဲဆိုတာ ခများစောင့်ကြည့်နေလိုက် ဦးနှိုင်းမုန်းမာန်ချေ။
* * * * * * * * * * * * * * * * * * * * * * * *
“တူ တူ"
“ဟုတ်ကဲ့အန်ကယ်ကောင်းပြောပါဗျာ"
“လာမယ့်နိုဝင်ဘာဆယ့်တစ်ရက်နေ့ကျရင် သားအသွင်ရဲ့ မွေးနေ့ပွဲကိုလာဖို့ မောင်နှိုင်းချေကိုဖိတ်ပါတယ်ကွယ် ဖိတ်စာကိုတော့ အမြန်ချောပို့နဲ့ပို့ပေးလိုက်ပါ့မယ် ပြီးတော့ ဒီပွဲမှာသားအသွင်ကို အန်ကယ့်စီးပွားရေးပါတနာတွေနဲ့လည်း မိတ်ဆက်ပေးချင်လို့ပါ မောင်နှိုင်းချေအားရင်တော့ လာခဲ့စေ ချင်ပါတယ်ကွယ်"
“ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်အန်ကယ်"
“ကျေးဇူးပါပဲကွယ်"
သူဖုန်းချပြီးခေတ္တမျှစဉ်းစားနေစဉ် ပါးချိုင့်လေးနှင့်နှုတ်ခမ်းပါး ရဲရဲလေးကိုပြန်မြင်ယောင်နေမိတယ်။ အလုပ်တွေကိုလက်စ သပ်ပြီး မုံရွာမြေသို့နောက်တစ်ကြိမ်ခြေချဖို့ဆုံးဖြတ်လိုက် တယ်။ပြန်ဆုံတွေ့ကြဦးမှာပေါ့ မုံရွာသားလေးရေ ဒီတစ်ခါ ပြန်ဆုံတွေ့ခဲ့ရင်ကိုယ့်အတွေးတွေ သေချာသလားဆိုတာ ကိုယ်သိရမှာပါ။ တကယ်သေချာတယ်ဆိုရင်ရော သူဘာဆက် လုပ်ရမလဲ။ ဟူး..... သက်ပြင်းချပြီးလေပူတွေပဲမှုတ်ထုတ် မိပြန်ပြီကော ကောင်ငယ်လေးရယ်။

🌺ရင်ဝယ်ဝှက်သောပန်းတစ်ပွင့် 🌺Where stories live. Discover now