part-4

18 1 0
                                    

“သားအသွင်လေး နိုးလာပြီလား"
“ဟုတ်ကဲ့ မာမီဒါနဲ့သားညကတစ်ခုခုဖြစ်သွားတာလားလို့"
“ထုံးစံအတိုင်းပေါ့ သားအရက်သောက်မိသွားတယ်လေ
အဲဒါနဲ့မောင်နှိုင်းချေခမျာစိတ်ပူပြီး သားအခန်းထဲထိသူကိုယ် တိုင်လိုက်ပို့သွားတယ်လေ"
“သားကိုပွေ့ချီထားတာဦးနှိုင်းချေလား"
“ဟုတ်တယ် ဘာဖြစ်လို့လဲသား"
“ဘာမှမဖြစ်ပါဘူး သားကသိချင်လို့မေးကြည့်တာပါ ဒါဆို ဦးနှိုင်းချေကအခုဘယ်မှာလဲဟင်"
“မနေ့ကညတွင်းချင်းပဲပြန်သွားပြီသား အရေးကြီးကိစ္စရှိလို့တဲ့
နောက်ပြီး သားအားတဲ့အချိန်ကျရင်ဒယ်ဒီ့ဆီကဖုန်းနံပါတ် တောင်းပြီး မောင်နှိုင်းချေကိုကျေးဇူးတင်ကြောင်းပြောဖို့မမေ့ နဲ့ဦး မာမီအလုပ်သွားတော့မယ်နော်"
“ဟုတ်ကဲ့ပါ"
သူ့ကိုပွေ့ချီထားခဲ့တာ ဦးနှိုင်းချေတဲ့လား အဲဒီနှုတ်ခမ်းတွေရဲ့ ပိုင်ရှင်ကသူရင်းနှီးနေတဲ့သူလား။အခုဆို ဦးနှိုင်းချေရဲ့ရေမွှေးနံ့ နဲ့အတူ ကိုယ်သင်းနံ့လေးကပါသူ့ဆီကပ်ကျန်နေသလိုပင်။ စတွေ့ကတည်းကသတိထားမိနေတဲ့ စူးရှတောက်ပတဲ့အ ကြည့်၊ပိရိလွန်းတဲ့နှုတ်ခမ်းတစ်စုံကြောင့် ဦးနှိုင်းချေရဲ့မျက်နှာ ကိုအနည်းငယ်မာကျောခက်ထန်စေသလိုပင်။ အသက်ဆယ် နှစ်ကျော်ကွာတယ်ဆိုပေမယ့် ခြောက်ပေခန့်ရှည်လျားသော အရပ်၊တောင့်တင်းသောခန္ဓာကိုယ်နှင့်ရင်အုပ်ကျယ်ကျယ်တို့ က အားကစားလိုက်စားသူမှန်းသိသာစေသည်။ စတွေ့က တည်းကကိုယ်ငေးကြည့်ခဲ့ရတဲ့ တစ်ယောက်တည်းသောသူ ကအိပ်ခန်းထဲအထိကိုယ့်ကိုပွေ့ချီသွားသတဲ့လား။ တွေးလိုက် မိသည်နှင့်တပြိုင်နက် နှလုံးခုန်သံတို့ကမြန်လာခဲ့သည်။ ကောင်ငယ်လေးတစ်ယောက်ရဲ့ အစပျိုးတဲ့ရင်ခုန်ခြင်းဟာ
တခြားယောက်ျားတစ်ယောက်ဆီမှာတဲ့လား ဆန်းကြယ်လိုက် တဲ့ချစ်ခြင်းတရားရယ်....။ညနေဒယ်ဒီအလုပ်ကပြန်လာတော့ ဖုန်းနံပါတ်တောင်းပြီး ဦးနှိုင်းချေဆီဖုန်းဆက်ခဲ့သည်။
“တူ တူ "
တစ်ဖက်မှပြန်ထူးသံမကြားရသဖြင့် နောက်တစ်ကြိမ်ထပ်ခေါ် လိုက်သည်။
“တူ တူ "
“ဟယ်လို"
အသံကြားရပြန်တော့လည်းရုတ်တရက်ဆိုတော့ အစပျိုးမယ့် စကားလုံးတို့ပါမေ့နေပြန်သည်။
“ဟယ်လို"
“ဦးနှိုင်းချေလားဟင်"
“ဟုတ်ပါတယ် ကျွန်တော်နှိုင်းချေပါအခုပြောနေတာက"
“ကျွန်တော်မြသားအသွင်ပါ"
နာမည်ကြားလိုက်သည်နှင့် နှိုင်းချေတစ်ယောက်နှလုံးခုန်သံ တို့အလိုလိုမြန်ဆန်လာခဲ့သည်။
“ဪ ခုနကကိုယ်ရေချိုးနေလို့ဖုန်းမကိုင်လိုက်မိဘူး ဆောရီးနော်မြသားအသွင်"
“ရပါတယ် ပြီးတော့ကျွန်တော်ဦးနှိုင်းချေကိုကျေးဇူးတင်စကား ပြောချင်လို့ပါ"
“ကျေးဇူးတင်စရာမလိုပါဘူး ဘာပဲဖြစ်ဖြစ်ကိုယ်ကူညီသင့်လို့ ကူညီလိုက်တာပါ ပြီးတော့မင်းအရက်နဲ့မတည့်တာကိုယ်မသိ တဲ့အတွက်ကိုယ့်အပြစ်လည်းပါပါတယ်"
“ဦးနှိုင်းချေအပြစ်ပဲမဟုတ်ပါဘူး ဒါနဲ့နောက်အပတ်ထဲကျွန် တော်ရန်ကုန်ကိုလာဖို့ရှိတယ် ဦးနှိုင်းချေအားရင်ကျွန်တော် တို့တွေ့လို့ရနိုင်မလား"
“ကောင်းပြီလေ ရန်ကုန်ရောက်တော့တွေ့ကြတာပ"
“see you ဦးနှိုင်းချေ"
“ဘိုင့်ကောင်လေး"
ဖုန်းချပြီးသည့်တိုင် နေရာမှာပင်အကြာကြီးရပ်နေမိသည်။ အသံလေးကြားရရုံနဲ့သာသူဒီလောက်ရင်ခုန်နေရတာ လူကိုယ် တိုင်တွေ့ရပါကကိုယ့်အဖြစ်ကိုသာကောင်လေးမြင်ရရင် ရယ်ချင်နေမလား ဒါမှမဟုတ်ကိုယ်ချင်းစာပြီးသနားများသွား မလား။ ကောင်ငယ်လေးပြောတဲ့ နောက်တစ်ပတ်မြန်မြန် ရောက်ပါစေဟုစိတ်ထဲမှကျိတ်ဆုတောင်းရုံသာ။
* * * * * * * * * * * * * * * * * * * * * * * *
“မင်း ဟိုတနေ့ကမုံရွာတစ်ခေါက်ပြန်သွားသေးတယ်ဆို"
“အင်း ဟုတ်တယ်"
“အလုပ်ကိစ္စပဲလား"
“မဟုတ်ဘူး ငါမွေးနေ့ပွဲသွားတာ"
“ဒီခရီးနဲ့ဒီခရီး ပြီးတော့မင်းညတွင်းချင်းပြန်လာခဲ့တယ်ဆို
ငါပြောပါဦးမယ် မင်းအခုတလောမူမမှန်ဘူးဆိုမင်းရုံးက၀န် ထမ်းတွေပြောတာကြားတယ် မဟုတ်မှမင်းချစ်သူရနေတာများ လား"
“ငါပြောပြလိုက်ရင်မင်းငါ့ကိုစိတ်မပျက်ပါဘူးဆိုတဲ့ကတိပေး နိုင်မလား"
“သေချာတာပေါ့ မင်းနဲ့ငါကညီအစ်ကိုဆိုလည်းဟုတ်တယ် သူငယ်ချင်းဆိုလည်းဟုတ်တယ်လေ ပြောမပြရင်သာငါက စိတ်ဆိုးမှာ"
“ငါ ငါလူတစ်ယောက်ကိုချစ်မိနေပြီထင်တယ်"
“အဲ့လူကအပြုံးလှလှလေးတွေပိုင်ဆိုင်ထားတာဖြစ်ရမယ်"
“ဟင် မင်းဘယ်လိုသိတာလဲ"
“လူတစ်ယောက်ကတစ်ခြားလူတစ်ယောက်ကိုတကယ်ချစ်မိသွားရင်အဲ့လူရဲ့အမူအကျင့်တွေက ကိုယ့်ဆီက်ုအလိုလိုကူး စက်လာတတ်တယ်တဲ့ မင်းလိုအပြုံးအရယ်နည်းတဲ့သူကတစ် ခါတလေနံရံကိုကြည့်ပြီးလူတစ်ယောက်ကိုပြုံးပြနေသလိုပဲတဲ့
အဲ့တော့ငါသိလိုက်ပြီလေ မင်းလူတစ်ယောက်ကိုချစ်မိသွားပြီ ဆိုတာ ပြီးတော့သူကဘယ်သူလဲအရမ်းလှလား"
“လှတယ်အရမ်းကိုလှတယ်ပါးချိုင့်လေးပေါ်အောင်ပြုံးပြ လိုက်ရင်အရမ်းကိုလှပါတယ်ဆိုတဲ့ကောင်မလေးတွေတောင် အရှုံးပေးရလောက်တယ်"
“ဒါဆိုမင်းချစ်မိနေတာက"
“ယောက်ျားလေးတစ်ယောက်ကိုပါ"
“မင်းတကယ်ပြောနေတာလား"
“ဘာလဲမင်းအခုငါ့ကိုစိတ်ပျက်သွားပြီလား"
“ငါမင်းကိုစိတ်မပျက်ပါဘူးအံ့ဩသွားရုံပါ ဟိုတစ်ခါငါ့ကိုမေးခဲ့ တာကလည်းမင်းအကြောင်းပဲမို့လား"
“ဟုတ်တယ်"
“ဘာမှစိတ်မပူပါနဲ့ ငါမင်းကိုပြောခဲ့ပြီးသားပဲအချစ်ဆိုတာငါတို့ နှလုံးသားထဲကိုဘယ်လိုပုံစံနဲ့ရောက်လာမယ်မသိဘူးလို့ပြီးတော့မင်းကငါ့ရဲ့အမြဲတမ်းညီအစ်ကိုသူငယ်ချင်းပါပဲ"
“မင်းတကယ်ပြောတာလား ငါမင်းကိုကျေးဇူးအရမ်းတင်တာပဲ
မင်းငါ့ကိုရွံသွားမယ်ထင်ထားတာ"
“ မင်းသူ့ကိုဖွင့်ပြောပြီးပြီလား"
“ဟင့်အင်း ငါ့ကိုယ်ငါသေချာအောင်ဆန်းစစ်နေတုန်းမလို့"
“အခုကော သေချာပြီလား"
“သေချာပြီဆိုမှမင်းကိုပြောပြတာပါ"
“ငါ့အကူအညီလိုရင်ပြောနော် မင်းကိုကူညီဖို့အဆင်သင့်ပဲ"
“လာမယ့်တနင်္ဂနွေနေ့ကျရင် သူအလုပ်ကိစ္စနဲ့ရန်ကုန်လာဖို့ ရှိတယ်အခြေနေပေးရင်ငါသူ့ကိုဖွင့်ပြောဖို့ကြိုးစားမယ်"
“အောင်မြင်ပါစေသူငယ်ချင်း"
“အင်းဒါပေမယ့်ငါစ်တ်ပူနေတုန်းပဲ"
“အဆင်ပြေသွားမှာပါ"
သူငယ်ချင်းနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ဖက်လိုက် ကြသည်။ ငယ်ငယ်ကတည်းကခုချိန်ထိ တစ်ယောက်ရဲ့အ ခက်အခဲကိုနားလည်ပေးကာဖေးမကူညီခဲ့ကြတာပင်။တကယ် တော့ သူ့သူငယ်ချင်းခန့်ထည်က နှိုင်းချေရဲ့အစ်မနှိုင်းစံမမှီနှင့်
မကြာခင်လက်ထပ်တော့မှာဖြစ်သည်။နှိုင်းချေကိုစိတ်မချ၍ အချိန်ဆွဲထားကြရာမှအခုလိုကြာနေကြခြင်းဖြစ်သည်။
“စံသာသူ့မောင်အခုလို ချစ်တတ်သွားတာမြင်ရင်ဘယ် လောက်ကျေနပ်နေမလဲမသိဘူးနော်"
“ဟုတ်တယ် ငါကိုယ်တိုင်လည်းဘယ်သူ့ကိုမှချစ်မိမယ်မထင် ခဲ့ဘူး အခုတော့မြသားအသွင်ဆိုတဲ့ကောင်ငယ်လေးကိုမှချစ်မိ သွားရတယ်လို့"
“အချစ်နဲ့ဖူးစာဟာဆန်းကြယ်တယ်တဲ့အခုတော့ကိုယ်တွေ့မို့ လား"
“ဟုတ်တယ်ကွ ဟား ဟား ဟား "
“ဟား ဟား ဟား ဟား ဟား "
သူငယ်ချင်းနှစ်ယောက်သဘောကျစွာဖြင့် ပြိုင်တူရယ်လိုက် ကြသည်။အခုလိုပြောနေရင်းနဲ့တောင်သူကောင်ငယ်လေးကို
ပြေးတွေ့လိုက်ချင်သည်။ တကယ်ပါမြသားအသွင်ရယ် ကိုယ်မင်းကိုဘယ်လောက်ချစ်သလဲဆို မင်းသာပန်းကလေး တစ်ပွင့်ဆိုရင်အဲ့ပန်းကလေးကိုနေရောင်ခြည်လည်းမခစေသ လို တခြားဘယ်သူရဲ့ခူးယူမှု၊ နမ်းရှိုက်မှုကိုမှကိုယ်ခွင့်ပြုမှာမ ဟုတ်ဘူး။ကိုယ့်ရင်ခွင်အကျယ်ကြီးထဲမှာပဲ ယုယကြင်နာစွာ ထွေးပိုက်ထားချင်ပါရဲ့ကိုယ်သိပ်ချစ်ရတဲ့ သလ္လာဝတီသားလေးရယ်။

🌺ရင်ဝယ်ဝှက်သောပန်းတစ်ပွင့် 🌺Tempat cerita menjadi hidup. Temukan sekarang