အပိုင်း၂၆...
နှလုံးသားလှသူကြီး နှင့် ရင်ဘတ်အပေါက်နဲ့သူတစ်ဉီး...
"မချစ်ပဲဘာလို့သည်လိုတွေလုပ်နေတာလဲ.."မျက်ရည်တွေနဲ့အငိုမျက်ဝန်းတွေ..မင်းအဲ့လောက်ကိုပျော့ညံ့တာလား သစ္စာမှိုင်းလွန်..?
"ကောင်းပြီ ကွဲမယ်ဝေးမှဝေးရင်လဲဘယ်တော့မှပြန်မလာနဲ့တော့"
"အင်း..စိတ်ချ"
စိတ်တိုတိုနဲ့ ပြောလိုက်မိပေမဲ့ ဒီစကားကိုအတည်ယူစရာလား မင်းဘာတွေဖြစ်နေတာလဲသစ္စာမှိုင်းလွန်!! ပြန်ပြောလေအရင်ကလိုငါ့ကိုတစ်ခွန်းမကျန်ပြန်မအော်တော့ဘူးလား ဟမ်..? ငါဘာပြောပြောမဆဲတော့ဘူးလား မင်းကဘာလို့အခုလိုပျော့ညံ့ပြနေတာလဲ? ငါသိခဲ့တဲ့သစ္စာမှိုင်းလွန်ကဒီလိုလူမျိုးမဟုတ်ဘူး။
ခွန်းကောသစ္စာပါစိတ်တွေလေးနေပြီ..
တစ်ယောက်ကလဲသူ့ကိုဖက်ထားပြီး အကုန်လုံးကိုလွှတ်ချကာသူ့လက်မောင်းပေါ်မှာငိုချချင်မိသည်။ကျန်တစ်ယောက်ကလဲသူ့ရဲ့မျက်နှာပေါ်ကမျက်ရည်တွေကိုဆွဲသုတ်ပေးချင်မိသည်။သူတို့နှစ်ယောက်ကြားလက်တစ်ကမ်းအကွာအဝေးကတောင်ဒီအခြေအနေမှာတံတိုင်းအထပ်၁၀၀လောက်ခြားထားသလို ဘယ်တစ်ဦးတစ်ယောက်ကမှထိုတံတိုင်းတွေကိုမဖြိုချသလို ဖြိုချဖို့လဲမကြိုးစားကြပါ တကယ်နီးနီးလေးနဲ့တောင်ဝေးနေပြီ..ခွန်းကပဲအရင်လသာဆောင်ဘက်ထွက်ပြီး dream bed ပေါ်မှာစိတ်ပျက်လက်ပျက်စီးကရက်သာရှိက်နေရင်းအတွေးပေါင်းသောင်းခြောက်ထောင်..အဲ့စောက်အတွေးတွေအကုန်စီးကရက်ငွေ့လိုသာလေထဲပျောက်သွားရင်ကောင်းသား။
သစ္စာကတော့ပုံစံကိုမပျက် သူ့ပုံကဒုန်းဒုန်းကျနေတဲ့လူတစ်ယောက်အလား.."ဘယ်တော့မှပြန်မလာနဲ့"..သူတို့တကယ်ဝေးပြီလား..
နှစ်ယောက်လုံးရဲ့ခေါင်းထဲကိုတန်းစီဝင်လာတာကတခြားမဟုတ်တဲ့သူတို့အဆင်ပြေခဲ့တုန်းကအမှတ်တရတွေ..
ပုံပြင်လေးလို..
"ဟော့ ကားကိုမဲနေတာလားအသေးလေး"
ဒဏ္ဍာရီတစ်ခုလို..
"ဘာ မင်းကငါ့ကိုဇွတ်အတင်းဖက်ထားတာမဟုတ်ဘူးလား မအေ*ိုးရဲ့"
YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]
Teen Fictionခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်