ထိုအခါ ယင်းရန်က ကျူံးချန်းရှော်ကို လှမ်းကြည့်ပြီး ဆက်ပြောဖို့အချက်ပြလိုက်တယ်။

ကျူံးချန်းရှော်ကလည်း ချောင်းဟန့်လိုက်ပြီး..

"မစ်လင်း..ကိုနှင်းဆီက ရှဲ့ချောင်တကယ်ဟုတ်​နေတယ်..အဲ့ဒါကြောင့် ဒီအကြောင်းအရာရွေးမယ့်အခွင့်အရေးကို အမိအရအသုံးချပြီး fanတွေဆီကနေ ကိုနှင်းဆီရဲ့ရည်းစားဦးအကြောင်း သဲလွန်စတွေ စုဆောင်းပေးရင်ကောင်းမယ်"

ချက်ချင်းဆိုသလို..လင်းပေ့မျက်နှာပေါ်က အပြုံးကြီး တောင့်တင်းသွားတယ်။

"စိတ်မရှိနဲ့နော်..သိပ်နားမလည်လိုက်လို့"

သူမပခုံးတွေ တင်းမာလာပြီး လေသံထဲမှာလည်း ခုခံလိုတဲ့အရိပ်အယောင်တွေ ပါလာတယ်။

"ကောင်းမုန်ယွီကို လူရှေ့ချပြချင်တာလား? ကိုနှင်းဆီfanတွေပြောဆိုထားတဲ့ ကောမန့်တွေ ရှင်တို့လည်းမြင်တာပဲ...ဒီလိုလုပ်လိုက်လို့ ကောင်းမုန်ယွီကိုပြန်ရှာတွေ့ရင်တောင် နောက်ဆက်တွဲဒဏ်ကို သူခံနိုင်မှာမဟုတ်ဘူး"

"ပြီးတော့ ဒါမျိူးဆိုတာ ကူညီချင်ယောင်ဆောင်ပြီး အ​သေသတ်နေသလိုကြီး...ကျွန်မကတော့ မလုပ်သင့်ဘူးလို့ပဲမြင်တယ်"

ကျူံးချန်းရှော်: "မှားနေပြဗျ..သူ့အကြောင်းတွေ ထုတ်ပြဖို့မလိုဘူး...မစ်လင်းတို့ကုမ္ပကီဘက်က fanတွေအချင်းချင်း 'ရည်စားဟောင်း'နဲ့ပတ်သက်ပြီး ငြင်းခုံဆွေးနွေးလို့ရမယ့် စကားဝိုင်းတွေ ဖန်တီးပေးဖို့ပဲလိုတာ...တစ်ချိန်တည်းမှာပဲ အခကြေးငွေပေးပြီး သတင်းလည်းဖြန့်ခိုင်းရမယ်— အဲ့ဒီအတွက် ကုန်ကျစရိတ်ကို ရှီအန်းကပြန်ပေးမှာပါ"

သူတို့ပြော​နေတာတွေက ယင်းရန်လိုက်လို့မမှီတဲ့ အနေအထားကိုရောက်လာပြီ။

အစည်းအဝေးဆိုတာ ဒါမျိူးလား? ထင်ထားတာထက် အများကြီးပိုပြီးပျင်းဖို့ကောင်းတာပဲ။

ယင်းရန်တစ်ကောင် မျက်နှာလေး တည်ကြည်နေပေမယ့် မျက်လုံးတွေထဲမှာ ဗလာကျင်းနေပြီ။ နောက်တော့ ခိုးကြောင်ခိုးဝှက်နဲ့ စားပွဲအောက်မှာ ဖုန်းကိုဖွက်ပြီး 'ငါးမန်း'ဆိုတဲ့စာလုံးကို ရိုက်ရှာနေလေတယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now