အပိုင်း၃

2.9K 86 0
                                    

အပိုင်း၃

မှောင်မဲနေတဲ့အခန်းထဲမှာ လမ်းလျှောက်နေသံတစ်ဒေါက်ဒေါက်ဟာ ကြက်သီထဖွယ်ရာကောင်းလှသည်။

" ဘယ်...ဘယ်သူလဲ ဘာလို့ဟန့်ကိုဖမ်းတာလဲ ပိုက်ဆံလိုချင်လို့လားဟင် ကိုကို့မှာ ပိုက်ဆံအများကြီးရှိတယ် "

" ဟက် ငါ့မှာရှိတဲ့ပိုက်ဆံက မင်းတို့မောင်နှမကိုတောင် ဖို့သတ်လို့ရတယ် "

ပြောရင်းဖြင့် အမှောင်ထဲမှထွက်လာသည့်သူကြောင့် ဟန်အနည်းငယ်မြင်လိုက်ရသည်။ထိုသူမှာ ချောမောလှပသည့် မိန်းကလေးတစ်ဦးမျှသာ။အေးစက်နေသည့် မျက်လုံးများဟာတော့ ဒေါသရိပ်များတန်းနေကာ ကြောက်မက်ဖွယ်ရာ။

" ဒါဆို ဟန့်ကိုဘာလို့ဖမ်းတာလဲလို့ အခုလွှတ်...အွန့်. "

စကားဆုံးအောင်ပင်မပြောရသေး ဟန့်ပါးစပ်ကိုလက်ဖြင့် ဖိပိတ်လိုက်တာကြောင့် လည်ချောင်းဝတွင်တစ်သွားရသည်။အနားရောက်လာမှသေချာမြင်ရသည် ထိုအမျိုးသမီးဟာတော်တော်ကို ချောတာ။နှုတ်ခမ်းပါးပါးဟာတည်တင်းနေကာ ဖြူနုနုမျက်နှာနှင့် လည်တိုင်ကျော့ကျော့မှ မှည့်အနက်ရောင်လေးကိုထင်းနေအောင်မြင်ရသည်။

" မင်းဟာအရမ်း စကားပေါတာဘဲ "

" အွင်းး "

ဟန့် ပါးစပ်ကိုအုပ်ထားသည့်လက်များမှာ ပို၍ တင်းကျပ်သွားတာကြောင့် နာကျင်လွန်း၍ မျက်ရည်များပင်ဝဲသွားမိသည်။ခေါင်းကိုဘယ်ညာရုန်းကန်တော့ ထိုအမျိုးသမီးရဲ့ နှုတ်ခမ်းတစ်ဖက်တွန့်ကွေးသွားပုံမှာ လှပသော်ငြား ကြောက်စရာကောင်းးနေသည်။

" အွန့် ဟင့် ဟွင်း "

" နာလား? "

မျက်ရည်များစီးကျနေသော ထို‌ကလေးမရဲ့ ပုံစံကိုကြည့်ရတာသဘောကျသည်။ဖြူဖြူဖွေးဖွေးသသားအရည်နဲ့ စကားအရမ်းပေါတာက ထက်ထက်ကိုပင်သတိရသွားစေသည်။သူတို့မောင်နှမသာဝင်မရှုပ်ရင် သူညီမလေးက အခုချိန်သူနဲ့ရှိနေဦးမှာ။

" ကျစ် "

" အ့ အဟွတ် ဟွတ် ဟင့် နာတယ် "

" အို့ သနားစရာလေးပါလားနော် "

နာကျင်ခြင်းမှ ချစ်ခြင်းဆီသို့ ...Where stories live. Discover now