အတ္တတိမ်စိုင် အပိုင်း(၈)

0 0 0
                                    

"အချစ်ဆိုတာကို ဘယ်အရာနဲ့မှ ဖန်တီးလို့မရဘူး။ မှော်ပညာနဲ့တောင်မှ ဖန်တီးယူလို့မရဘူး။"

💠💠💠💠💠💠💠💠💠💠💠💠💠

အခန်း (32)

"လိုအပ်ခန်းမှာ ခဏပဲ နေလို့ရမှာနော်။ အတန်းချိန်က ရှိသေးတယ်။"

"အင်းပါ အစ်ကိုရဲ့ ညီသိပါတယ်။"

သို့နှင့် လိုအပ်ခန်းသို့ပင် ရောက်နေပေပြီ။

အခန်းထဲသို့ အရောက်တွင် ဝဏ္ဏက အညိုရောင်သားရေဖြင့် ပြုလုပ်ထားသော တစ်ယောက်ထိုင် ကျောမှီဆိုဖာကို ညွှန်ပြကာ . . .

"ဒီမှာထိုင် အစ်ကို။" ဟု ပြောသည်။

"အင်း ညီ။ အစ်ကို ထိုင်လိုက်ပြီ။"

ကျွန်တော်လည်း မနေ့ညက ဝဏ္ဏ စိတ်ကောက်ထား၍ တစ်ညလုံးနီးပါး စိတ်ဆင်းရဲခဲ့ရသောကြောင့် ဒီနေ့တော့ စိတ်ညစ်ခဲ့ရတာနှင့် တန်အောင် ခိုင်းမည်ဟုတွေးကာ ခြေထောက်နှိပ်ခိုင်းခြင်း ဖြစ်၏။ ဝဏ္ဏကတော့ ညောင်းလို့ နှိပ်ခိုင်းသည် ဟုသာ ထင်နေသည်။

"ညီ စပြီး အစ်ကို့ကို ပြုစုပေးတော့မယ်နော်။"

"အိုကေ ညီ။ အစ်ကိုလည်း ဇိမ်ယူဖို့ အသင့်ပဲ။"

"ဟုတ်ပါပြီ သခင်လေးရယ်။"

"ဟဟ ဘယ်လို ဘယ်လို။"

"ဟုတ်တယ်လေ။ အစ်ကို့ကို ညီက ဒီလိုမျိုးတွေ ပြုစုပေးနေရတာဆိုတော့ အစ်ကိုက ညီ့ရဲ့ သခင်လေးပဲပေါ့။"

"ဟုတ်ပါပြီ။ ဒါနဲ့ အစ်ကိုက သခင်လေးဆိုရင် ညီကရော ဘာလေးလဲ။"

"ညီက ကိုယ်လုပ်တော်လေးပေါ့။"

"ကိုယ်ရံတော်လေးလောက်တော့ လုပ်ပါညီရယ်။ ညီက ကိုယ်လုပ်တော်ဆိုရင် အစ်ကိုက ဘုရင်လုပ်ရတော့မှာ။"

"ဒါဆိုလည်း အစ်ကိုက ညီ့ရဲ့ ရှင်ဘုရင်လေးပေါ့။"

"ဟုတ်ပါပြီဗျာ။ မောင်မင်းသဘောအတိုင်းသာ ကိုယ်တော်တို့ သတ်မှတ်ကြတာပေါ့။"

"သင့်မြတ်ကြောင်းပါ မင်းကြီး။"

"ဆက်လက် ခစားစေဗျာ။"

အရွှတ်အနောက်များ ပြောရင်း ဝဏ္ဏနှိပ်ပေးတာကို ဇိမ်ခံနေသည်။ အချိန် ၁၅ မိနစ်ဝန်းကျင် ကြာအပြီးတွင် . . . .

အတ္တတိမ်စိုင် (Cloudy Ego)Where stories live. Discover now