အတ္တတိမ်စိုင် အပိုင်း(၇)

1 0 0
                                    

"မိုးရေစက်လေးတွေကို ထိတွေ့ရတာ အေးချမ်းပါတယ် ညီ။ ဒါပေမယ့် အစ်ကို့အတွက်တော့ ညီ့အပြုံးတွေကို မြင်ခွင့်ရတာ ပိုအေးချမ်းပါတယ်။"

အခန်း (28)


"အစ်ကို မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား။"


"မိုးက တစ်ညလုံး ရွာနေတော့ အိပ်ရတာ အဆင်မပြေပါဘူး ညီရယ်။"


"အွန် တစ်ညလုံး ရွာတာလား။ ညီပဲ မသိတာ နေမှာ။ ဘာမိုးသံမှ မကြားပါဘူး။"


"အိပ်ပျော်သွားလို့ နေမှာပေါ့ ညီရဲ့။"


"မဟုတ်ဘူးလေ ညီမှ မအိပ်သေးတာ။ ညီတို့ အိပ်ဆောင်က ရေကန်နက်ထဲမှာ ရှိတာလေ။ မိုးက မြေကြီးပေါ်မှာ ရွာတာလေ။ ဒီတော့ ဘယ်သိပါ့မလဲ။"


"အဲဒါလည်း ဟုတ်သားနော်။ ဒီလိုအချိန်ကျ Slytherin House က ပိုကောင်း သလိုပဲ။"


"လေသံမိုးသံတွေ မကြားရတဲ့ တစ်ခုတည်းသော House က Slytherin House လေ။ Hufflepuff တောင် အနည်းငယ် ကြားရချင် ကြားရမှာ။"


"Ravenclaw House က ကြည့်ရင်တော့ လျှပ်စီးတွေ လက်တာဆို ပြတင်းပေါက် မှန်တွေမှာ အ​က်ကြောင်းတွေ ထသွားသလိုကို မြင်ရတာ။"


"မြင်ရရောပေါ့။ အစ်ကိုက Hogwarts ရဲ့ အမြင့်ဆုံးမှာ တက်နေတာကိုး။"


"ချမ်းတာလည်း တော်တော်လေးကို ချမ်းသွားတာ။"


"ဒါဆို အနွေးထည် ဝတ်အိပ်ဖြစ်ရဲ့လား အစ်ကို။"


"ဝတ်အိပ်တာပေါ့ ညီရဲ့။"


"ညီကတော့ ချမ်းလည်း အနွေးထည် မဝတ်ဘူး။"


"မဝတ်ရင် အအေးပတ်မှာပေါ့ ညီရဲ့။"


"အအေးမပတ်အောင် အစ်ကို့ကို ဖက်ထားခိုင်းမှာပေါ။"

"အခုအချိန်မျိုးဆို ဖက်ပေးလို့ရပါတယ်။ တကယ်လို့ Slytherin House ထဲမှာ ဆိုရင်ရော။"

အတ္တတိမ်စိုင် (Cloudy Ego)Where stories live. Discover now