အတ္တတိမ်စိုင် အပိုင်း(၃)

12 3 3
                                    

BL Fiction - Cloudy Ego
အတ္တတိမ်စိုင် အပိုင်း(၃)
Written by - Wathan Kha

"သာမာန်လူသား (Muggle) တစ်ယောက်ရဲ့ စွမ်းအားနဲ့ မှော်ဆရာ (Wizard) တစ်ယောက်ရဲ့ စွမ်းအားဆိုတဲ့ စွမ်းအား ၂မျိုးလုံး ငါ့မှာရှိတယ်။"

💠💠💠💠💠💠💠💠💠💠💠💠💠

အခန်း (11)

ညသန်းခေါင် ရောက်နေပြီဟု ထင်သည်။ ကျွန်တော် အသံတစ်ခုကြောင့် တရေးနိုးလာသည်။ ထိုအသံမှာ အခြားမဟုတ် Ravenclaw ကျောင်းသား အိပ်ဆောင်မှ ခြေသံတစ်ခု ဖြစ်သည်။

အကူအညီ တစ်ခုခု လိုအပ်လျှင် ပေးရန်အလို့ငှာ ကျွန်တော်လည်း အိပ်ရာမှ ထလိုက်သည်။

"Lumos"

ကျွန်တော့်၏ မှော်တုတ်တံပေါ်တွင် မီးအလင်းလေး ထွက်ပေါ်လာအောင် ဂါထာဖြင့် အလင်းရောင် ဖန်တီးလိုက်ခြင်းဖြစ်သည်။

ထို့နောက် ခြေသံရှိရာဘက်သို့ ကျွန်တော် ဦးတည်၍ ထွက်လာသည်။ အခြားသူများ မနိုးအောင်လည်း သတိထား၍ လျှောက်ရသေးသည်။ ထို့နောက် ခြေသံ၏ မလှမ်းမကမ်းမှ ကျွန်တော်လိုက်လာခဲ့သည်။

အိပ်ဆောင်မှ တဆင့် Common Room အတွင်းသို့ပင် ရောက်ရှိသွားပြီ ဖြစ်သည်။ ခြေသံပိုင်ရှင်ကို မလှမ်းမကမ်းမှ လှမ်းမြင်ရသည်။ ထိုသူမှာ Philips အမည်ရသော Ravenclaw ကျောင်းသားတစ်ယောက် ဖြစ်သည်။ သူလည်း Lumos ဂါထာဖြင့် အလင်းရောင်ရရှိစေရန် ဖန်တီးပြီး အပြင်သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ Professor Flitwick က ပထမနှစ်များကို ယနေ့ သင်ပေးထားသော မှော်ပညာရပ်အား ယခုကဲ့သို့ အသုံးချနေခြင်း ဖြစ်သည်။ သိပ်ကို တော်လွန်းသော Ravenclaw ဂျူနီယာလေးပင်။

ကျွန်တော် သူ့ကို မြင်သော်လည်း သူ့အာရုံနှင့်သူ ဖြစ်နေသောကြောင့်ပင်လားမသိ။ မလှမ်းမကမ်းက ကျွန်တော့်ကို သူ မမြင်ပါ။ မလှမ်းမကမ်းက ကြည့်နေရင်းပင် Common Room ထဲမှ သူထွက်သွားပြီ ဖြစ်သည်။

ဒါမှ တကယ့်ပြသနာပင်။ Hogwarts ရှိ ကျောင်းသားများ ညတွင် အကြောင်းအရင်းမရှိဘဲ အိပ်ဆောင်မှ ထွက်၍ လျှောက်မသွားရန် စည်းကမ်းချက်လည်း ရှိနေသေးသည်။ စည်းကမ်းဖောက်ဖျက်လျှင် House Point အမှတ် (၅၀) အနှုတ်ခံရမည် ဖြစ်သလို အပြစ်ပေးခြင်းပါ ခံရမည်ဖြစ်သည်။

အတ္တတိမ်စိုင် (Cloudy Ego)Where stories live. Discover now