အတ္တတိမ်စိုင် အပိုင်း(၄)

14 2 1
                                    

BL Fiction - Cloudy Ego
အတ္တတိမ်စိုင် အပိုင်း(၄)
Written by - Wathan Kha

"ကြမ်းတမ်းမှုက ကြောက်ဖို့ကောင်းတာမှန်ပေမယ့် တခါတလေမှာ နူးညံ့မှုက ပိုပြီးကြောက်ဖို့ကောင်းတယ်။"

💠💠💠💠💠💠💠💠💠💠💠💠💠

အခန်း (16)

Room of Requirement (လိုအပ်အခန်း) ထဲက အလိုလိုပေါ်နှင့်နေသော ပရိဘောဂများ အခန်းများကို ကျွန်တော် လှည့်ပတ်ကြည့်ရှုနေသည်။

ထိုစဥ် ဝဏ္ဏက ချောင်းတစ်ချက်ဟန့်ကာ ကျွန်တော့်ကို ခေါ်လိုက်ပြီးနောက် အညိုရောင် သားရေဆိုဖာများဖြင့် ပြည့်နှက်ကာ လှပနေသော ဧည့်ခန်းသို့လာရန် အမူအရာဖြင့် လှမ်းခေါ်နေသည်။

ကျွန်တော်ရောက်သွားသောအခါ လက်ရန်းပါသော တစ်ယောက်ထိုင် ဆိုဖာတစ်ခုအပေါ်တွင် ထိုင်ခိုင်းသည်။

"ညီရော မထိုင်ဘူးလား။ ဟိုဘက်က နှစ်ယောက် သုံးယောက်ထိုင်လို့ရတဲ့ ဆိုဖာပေါ်မှာပဲ နှစ်ယောက်သား အတူတူထိုင်ကြမယ်လေ။"

"ဟင့်အင်း။ ညီ မထိုင်သေးဘူး။ အစ်ကို့ကို ညီလုပ်ပေးစရာ တစ်ခုရှိတယ်။ ညီ ထိုင်ဆို ထိုင်လိုက် အစ်ကို။"

"အင်းပါ ညီ။" ဟု ပြောကာ ကျွန်တော်ထိုင်လိုက်သည်။

"အစ်ကို မနေ့ညက အိပ်ရေးမဝဘူး မဟုတ်လား။ ခုနက Professor Binns ရဲ့ အတန်းချိန်တုန်းကလည်း ညီသာ အိပ်တာ အစ်ကိုက မအိပ်ဖြစ်ဘူး။"

"အင်း ဟုတ်တယ်ညီ။ အဲဒါ ဘာလို့လဲ။"

"အဲလို ကိုယ့်ကိုယ်ကို ဂရုမစိုက်တော့ အစ်ကို ပင်ပန်းတာပေါ့။ ဒါတောင် စာကြည့်တိုက်သွားပြီး စာဖတ်ဦးမယ်တဲ့။ ညီ ရောက်လာလို့သာ မသွားဖြစ်တော့တာပေါ့။ မဟုတ်ရင် သွားနေဦးမှာ။ အစ်ကို့ကို အခုလို ပင်ပန်းနေတာမျိုး ညီ မကြည့်ရက်ဘူး။"

"အင်း အဲဒီအတွက် အိပ်ဖို့ လိုတယ်ဆိုရင် အစ်ကို သွားအိပ်လိုက်မယ်လေ ညီ။"

"အိပ်ခိုင်းမှာပါ။ ဒါပေမယ့် မအိပ်သေးခင် အစ်ကို့ကို ညီလုပ်ပေးစရာ တစ်ခုရှိတယ်။"

ထိုသို့ပြောကာ ကျွန်တော်ထိုင်နေသော ခုံ၏အခြေနား ကျွန်တော့် ရှေ့တည့်တည့်သို့ ဒူးထောက်ကာ ထိုင်ချလိုက်သည်။ ထို့နောက်တွင် ကျွန်တော့်ခြေထောက်နှစ်ဖက်လုံးရှိ ဘွတ်ဖိနပ်၊ ခြေအိတ်များကို ချွတ်နေသည်။

အတ္တတိမ်စိုင် (Cloudy Ego)Where stories live. Discover now