၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )

ابدأ من البداية
                                    

ကျောက် စီးပွားရေးသမားများကမူ ကျောက်ဝိတ်၊ ကျောက်ချော် နှင့် ကျောက်အထိုင်ပုံစံတို့ကို ကြည့်ကာ မိမိတို့၏ အသိပညာ၊ အတွေ့အကြုံ၊ ဈေးကွက်၊ အရင်းအနှီး ထို လေးချက်တို့ကို ပေါင်းစပ်၍ ကျောက်၏ ဈေးနှုန်းကို ခန့်မှန်းကာ ရောင်းဝယ် ဖောက်ကားကြလေသည်။

"အဖေ... ဒီပစ္စည်းတွေအတွက် ဘယ်လောက် ကုန်ခဲ့လဲ... "

လင်ကွေ့ရန် က ဘန်ဂျမင်ကို စိုက်ကြည့်လိုက်ပြီး...

"သယ်ယူပို့ဆောင်ရေးကိုပါ ထည့်တွက်မယ်ဆိုရင် ဒီမှာရှိတဲ့ ကုန်ကြမ်းတွေကို သန်းရာဂဏန်းလောက် ပေးပြီး ဝယ်ခဲ့ရတယ်... "

လင်ချူရွယ်က ရှုချန်းကို အနားနား တိုးပြောလိုက်သည်။

"သန့်စင်ပြီးသား ပစ္စည်းရဲ့ စျေးနှုန်းတွေက တိုက်ရိုက် သတ်မှတ်ထားပြီးသားပဲ... အဲ့ဒီ ပစ္စည်းနဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတွေရဲ့ ထောင့်အနားသတ်တွေက ထွင်းဖောက်မြင်ရပြီး ပါးလည်းပါးတယ်... နာမည်ကြီး ပန်းပုဆရာတွေကို limited edition တွေ လုပ်ခိုင်းလိုက်မယ် ဆိုရင် ဈေးပိုတင်နိုင်မှာပဲ... ဒါပေမဲ့ ကန့်သတ်ထုတ်ဝေတာ ဆိုတဲ့အတိုင်း အရောင်းပမာဏတော့ နည်းသွားလိမ့်မယ်... "

"အဲ့ဒါကြောင့် ဈေးကောင်း တင်ရောင်းနိုင်အောင် ကျောက်စီးပွားရေးသမားတွေက (ရေမဆေးကျောက်)အရိုင်းတုံးတွေကို လိုက်ဝယ်ကြတာ... ဥပမာ ပြောပြရရင် ရှင်က ဒေါ်လာ ၅သိန်း နဲ့ ကျောက်ရိုင်းတုံး တစ်တုံးကို ဝယ်လိုက်ပြီး ၅ သန်းတန် ကျောက်စိမ်း ထွက်လာမယ်ဆိုရင် ဈေးကွက် ပေါက်ဈေးက ဒေါ်လာ ၅ သန်း ဖြစ်သွားပြီ... အဲ့ဒါကို ဒီဇိုင်နာတွေနဲ့ပါ သေချာထုဆစ်ခိုင်းလိုက်ရင် ဒေါ်လာ ၈ သန်း ဒါမှမဟုတ် ၁၀ သန်း လောက်ထိ ဈေးတက်လာနိုင်တယ်... ဒီ လုပ်ငန်းက လုပ်တတ်ရင် ဘယ်လောက်မြတ်လဲ ရှင် မြင်ပြီလား... အဲ့ဒါကြောင့် အန်ကယ်က ကျောက်ရိုင်းတုံးတွေကို ဆယ်နှစ်ကျော်ကြာအောင် လေ့လာနေခဲ့တာပဲ... "

ရှုချန်းက သဘောပေါက်သော်လည်း ဘန်ဂျမင်ကို ရွဲ့စောင်းပြောလိုက်၏။

"ဒါပေမဲ့ အဲ့ဒီ ကျောက်ထဲမှာရှိတဲ့ ပစ္စည်းက ဘာတန်ဖိုးမှ မရှိရင် အဖေ သုံးခဲ့တဲ့ သန်းနဲ့ ချီတဲ့ ငွေတွေအားလုံး ပလုံသွားမှာပေါ့... အဲ့လိုလား... "

နတ်နဂါးစစ်သည်حيث تعيش القصص. اكتشف الآن