အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )

Începe de la început
                                    

"ခါလန်း... "

"ခါလန်း... "

လူအုပ်ကြီးမှာ အသံကုန်ဟစ်ကာ ခါလန်းကို အားပေးနေကြသည်။ လင်ချူရွယ်သည် ရှုချန်းကို စိတ်ခွန်အားပေးသည့် အနေဖြင့် ဘေးမှ သိုင်းဖက်ထားလိုက်၏။

ထိုအချိန်တွင် လူအုပ်ထဲမှ ပရိသတ်အချို့က လင်ချူရွယ်ကိုပါ တိုက်ခိုက်ကြတော့သည်။

"အမ ချူရွယ်... ဘယ်လိုကောင်မျိုးကိုမှ သွားကြိုက်တာလဲကွာ... "

"အမ ချူရွယ်... မင်းက လှပေမဲ့ ယောကျ်ားရွေးတဲ့ နေရာမှာ တော်တော်ညံ့တာပဲ... "

"အမ ချူရွယ်... ခဏနေရင် ခါလန်းက ဘယ်လောက်တောင် ယောကျ်ားစစ်လဲ တွေ့တော့မှ နောင်တတွေ ရနေမယ်နော်... "

"အမ ချူရွယ်... အခုတည်းကတောင် နောင်တရနေပြီမလား... "

"ဟုတ်တယ် အမ ချူရွယ်... မင်းလူက ဘယ်လောက်တောင် အသုံးမကျဘူးလဲ ဆိုတာ ဒီနေ့ တွေ့ရတော့မှာ... ခဏနေရင် ခါလန်းကို ခြေထောက်ဖက်ပြီး အသနားခံရတော့မှာကို မြင်ယောင်နေပြီ... ဟားဟား... "

ထိုသူတို့၏ အမှိုက်ဆန်ဆန် အရည်မရ အဖက်မရ စကားများကို ကြားသောအခါ လင်ချူရွယ်က ရှုချန်းကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။

"အဆင်ပြေရဲ့လား... သူတို့ ပြောတာတွေကို စိတ်ထဲ ထားမနေနဲ့... "

ရှုချန်းက ပုခုံးတွန့်ပြလိုက်ပြီး...

"အေးဆေးပါပဲ... အခြေအနေ ကြည့်ရတာတော့ ခါလန်းက ဒီလိုဖြစ်အောင် တမင်ကို လုပ်ထားတာ... အဲ့ဒါကြောင့် တိုက်ပွဲတစ်ခုထက် ရှိုးလုပ်ပြနေရသလိုတောင် ခံစားမိတယ်... "

လင်လဲ့... "ဒါ နဂိုထဲက ရှိုးတစ်ခုပဲလေ... ဘုရင်မနဲ့ တော်ဝင်မျိုးတွေကို စော်ကားလိုက်တဲ့ မင်းရဲ့ ဇာတ်လမ်းက နိုင်ငံသားတွေကြားမှာ ပျံ့သွားတဲ့အချိန်၊ ခါလန်းက အခွင့်ကောင်းယူပြီး တရားမျှတမှုကို ကိုယ်စားပြုတဲ့ သူရဲကောင်းအဖြစ် နာမည်ဝင်ယူသွားတာ... အခုဆို နိုင်ငံ့အချစ်တော် သူရဲကောင်းကြီး ဖြစ်နေပြီ... "

"မင်းကတော့ ဗြိတိသျှသားတွေ မြတ်နိုးရတယ့် ဘုရင်မကို စော်ကားလိုက်သေးတယ် မလား... ပြီးတော့ တိုင်းတပါးသား ဖြစ်နေတယ် ဆိုတဲ့ အချက်ကြောင့်လည်း သာမန်လူတွေရော တော်ဝင်မျိုးနွယ်တွေကပါ ခါလန်းကို ဝိုင်းထောက်ခံနေကြတာ... "

နတ်နဂါးစစ်သည်Unde poveștirile trăiesc. Descoperă acum