" အို့ ဟုတ်လား အေးအေး အာ့ဆို မြန်မြန် သွားလိုက်အုန်း  နောက်ကျလို့ အပြောခံနေရအုန်းမယ် "

" ဟုတ် ... ဒါဆို ခွင့်ပြုပါအုန်း "

Seokmin မှာ ဦးညွှန့်ပြီး ထွက်သွားတော့သည်။
.
.
.
.
.
" Seokmin ထွက်သွားပြီ  ဇောက်ထိုးကိုင်ထားတဲ့ စာအုပ်ကို ချလိုက်တော့ "

" အာ.... "

Joshua မှာ သူ့လက်ထဲ က စာအုပ်ဇောက်ထိုးဖြစ်နေတာကို သတိထားမိပြီး ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟက် ရင်း စာအုပ်ကို ချလိုက်ကာ Jeonghan ကို ကြည့်လိုက်တယ်။

" ဘာ လည်း .... ဘာကြည့်တာလည်း "

Jeonghan မှာ မျက်တောင် တခက်ခက် နဲ့ ဖြေးဖြေးချင်းအရှေ့ တိုးပြီး မေးလိုက်သည်။

" မင်း မဟုတ်မှလွဲ Seokm.... "

" ဘာ ...ဘာ.. ဘာကိုလည်း ... မဟုတ်ပါဘူး ငါလား သူ့ကို စိတ်၀င်စားမယ် ဟာသတွေ ဟား ! "

ရုတ်တရက် ဖြတ်ပြောလိုက်တဲ့ Joshua ကို Jeonghan မှာ ပြူးကြောင်ကြောင် လေးကြည့်နေပြီး

" ... သူ့ကို စိတ်၀င်စားနေတာလား လို့ ငါ .... မပြောမိဘူးနော် "

Joshua မှာ သူပြောလိုက်တာကို သတိထားမိပြီး မျက်နှာရဲတတ်လာတော့တယ်။

" .........မင်း...ထိုင်နေ "

Jeonghan တစ်ယောက် သူ့ညီကို ပြန်ထိုင်ခိုင်းပြီး တံခါးထ လော့ချကာ ထိုင်ခုံသို့ပြန်လာထိုင်လိုက်သည်။

" ကဲ ပြောတော့ စတဲ့ နေရာကနေအကုန် ငါ့ပြောပြ "
.
.
.
.
.
.
.
.
.
.
.

ပန်းခြံ မှာ တစ်ယောက်တည်း ဓားရေးကျင့်နေတဲ့ Seokmin မှာ ချွေးများထွက်ရင်း မနားတန်း ကျင့်နေတာ မသိရင် တစ်ခုခုကို မတွေးမိအောင် ဒါမှမဟုတ် အဖြေရှာမရလို့ စိတ်ရှုပ်နေလို့ ဖြေလျှော့နေသလိုပဲ

"Seokmin အတင်းကာရော အရမ်းမကျင့် နဲ့ ခန္ဓာကိုယ် က ‌ဒဏ်ဖြစ်ကုန်မယ် "

ရင်းနှီးသော အသံကြောင့် ကျင့်နေရာကနေ ရပ်ပြီး အနောက်ကိုလှည့်ကြည့် ကာ နှုတ်ဆက်လိုက်သည်။

" အကို SeungCheol "

" ကဲ Cheolie လို့ ခေါ်ပါဆို  Jeonghan နဲ့လည်း ရင်းနှီးနေကြတာ "

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: May 09 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

His Knight Kde žijí příběhy. Začni objevovat