Chapter - 5

166 22 1
                                    

သာသာယာယာ တိတ်ဆိတ်နေတဲ့ မနက်ခင်းလေးမှာ

" Seokminnnnn!!!!! "

မင်းသား အော်ခေါ်သံကြောင့် အလျှင်မြန်ပြေးလာပြီး တံခါးတွန်းဖွင့် လိုက်တဲ့ Seokminမှာ အခန်းထဲသို့ ရောက်လာခဲ့သည်။

" မင်းသား !!! ဘာဖြစ်...... " Seokmin ဟာ ရုတ်တရက် ရပ်တန့်သွားခဲ့

"Seokmin ရေ.... ကယ်အုန်းလို့..." Joshua တစ်ယောက် ငိုသံ အက်အက်ဖြစ် အကူအညီတောင်းရင်း လက်က စာအုပ်ကို ဖြန့်ကာ ခေါင်းကို အုပ်ထားသည်။

"Yahhhh ရပ်ကြည့် မနေပဲ ဒီ ပိုးကောင်ကို မြန်မြန် အခန်းထဲက ထုတ်ပေးလို့ !!!! "

ပြောရင်း ခေါင်း ငုံ၀င်သွားသော မင်းသား Joshua ကို ကြည့်ရင်း မရယ်မိအောင် Seokmin တစ်ယောက် ထိန်းနေရရှာတယ်။
ကူဖို့ ခြေလှမ်းလှမ်းမယ်ပြုသောလည်း မရွေ့နိုင်ဖြစ်နေခဲ့

" Seokmin ရေ လို့ !!! .....ဟင် ? " Joshua မှာ ကျောက်ရုပ်လို့ ရပ်နေတဲ့ Seokmin ကို ခဏတာ ကြည့်ပြီး မေးလိုက်သည်။

" Seokmin.... မင်း မဟုတ်မှလွဲ ......မင်းလည်း ပိုးကောင်ကြောက်တတ်တာလား "
မျက်လုံးချင်းမဆုံနိုင်သော Seokmin မှာနေထခက်နေရှာတော့တယ်

" .....အဟမ်း .... ဟို ... စိတ်တော့ မရှိပါနဲ့ မင်းသား..... ခဏစောင့်ပေးလို့ရမလား ကျွန်တော် အိမ်တော်ထိန်း Ruul ကို သွားခေါ်လိုက်ပါမယ်"

"ဟဲ့ ဟေ့ကောင် အဲ့လို မထားခဲ့နဲ့လေ ဟ!!"
Joshua စကားမဆုံးခင်ပဲ Seokmin မှာ လျှင်မြန်စွာ ပြေးထွက်သွားခဲ့သည်။
.
.
.
.
.
.
.
အိမ်တော်ထိန်း Ruul ပိုးကောင် ရှင်းလင်းပြီး နောက်

Seokmin ကို လက်ပိုက်ပြီး ခြေထောက် တစ်တောက်တောက် နဲ့ မျက်စောင်းထိုးနေသော Joshua

Joshua ရဲ့ မျက်စောင်းကို ကြောက်နေပြီး သူ့ ရှေ့မှာ ဒူးထောက်နေတဲ့ Seokmin

အဖြစ်ပျက်ကို အစအဆုံး သိပြီးနောက် ဗိုက်နိုပ်ပြီး အော် ရယ်နေတဲ့ Jeonghan

"ဟားးးဟားး မင်းတို့ဟာကကွာ ငါ အူတတ် "

"အူတတ်ရင် Noli အဖော်ရအောင် သူနဲ့ ညတိုင်း သွားအူ "

Joshua ရဲ့ ရုတ်တရက် ပြန်ပတ်ပြောလိုက်တဲ့ စကားကြောင့် Jeonghan တစ်ယောက် ရယ်သံ တိတ်သွား

His Knight Where stories live. Discover now