ကျူံးချန်းရှော်က ကောင်းမုန်ယွီလို လိုက်လုပ်နေတာပဲ

​နောက်ဆုံး​တော့ ယင်းရန် စိတ်နဲ့လူနဲ့ပြန်ကပ်သွားတယ်။

"ရေမိုးချိူးပြီးတော့ ကွတ်ကီးနည်းနည်းစားမယ်...ပြီးရင် စာလုပ်ဖို့ စားပွဲဆီသွားမယ်"

ဖြေးညှင်းပြီး လေးနက်တဲ့​လေသံနဲ့ ကျူံးချန်းရှော် သူ့ကိုယ်သူ ပြန်ပြောနေတယ်။

လက်ချောင်းသွယ်သွယ်တွေက ဖောက်လက်စကွတ်ကီးထုပ်ပေါ် ဖြတ်ပြေးသွားပြီး ခဏကြာတဲ့အခါ စာ​ရေးစားပွဲမှာ သူသွားထိုင်လိုက်တယ်။

စားပွဲနဲ့မျက်နှာချင်းဆိုင်မှာ..တခြားသော ပြတင်း​ပေါက်ငယ်လေး။ ပြတင်းတံခါး​တွေက တစ်ဝက်ပွင့်နေပြီး လိုက်ကာနဲ့စာမျက်နှာတွေဟာ လေယူရာ နွဲ့နွဲ့နှောင်းနှောင်းယိမ်းနေတယ်။

"တော်တော်ကြာတော့..ရေခဲသေတ္တာဆီ လျှောက်သွားပြီး အခဲခန်းထဲက အသားထုပ်တွေကို စနစ်တကျပြန်စီမယ်"

ကျူံးချန်းရှော် သူထိုင်နေတဲ့ခုံကို တွန်းဖယ်ပြီး ရေခဲသေတ္တာဆီလျှောက်သွားတယ်။ အဲ့လိုသွားနေရာက..သူ့လှုပ်ရှားမှုတွေ ရုတ်ချည်း ရပ်တန့်သွားလေရဲ့။

ထိုအခါ စိတ်ဝင်တစားလိုက်ကြည့်နေတဲ့ ယင်းရန်က...

"ဘာဖြစ်လို့လဲ?"

"တစ်ခုခုတော့ လွဲနေပြီ"

ကျူံးချန်းရှော် မသိမသာမျက်မှောင်ကြုပ်မိသွားပြီး စားပွဲရှေ့ကပြတင်းပေါက်ကို ကြည့်လိုက်တယ်။

"သူ ဘာလို့ပြတင်းပေါက် ဖွင့်ထားတာလဲ?"

"နွေဆိုတော့ လေဝင်လေထွက်ရှိအောင် ဖွင့်တာနေမှာပေါ့"

ကျူံးချန်းရှော်က ဖုန်းဆွဲထုတ်လိုက်ပြီး..

"သူပျောက်သွားတဲ့နေ့က သုန်းဟော့ရပ်ကွက်မှာ အပူချိန်35°Cတဲ့..ခြောက်ကပ်ပြီး လေလည်းမတိုက်ဘူး..ပြတင်းပေါက်ဖွင့်ရင် ပိုပူရုံပဲရှိမှာ...လေကောင်းလေသန့်ရှူချင်လို့ ဖွင့်တယ်ဆိုရင်တောင်..ခြင်ဆန်ခါ(ဇကာ)အထိ ဖွင့်စရာမလိုဘူး​—နွေဘက် ခြင်ပေါတာကို အသာထား..သူက နှစ်နဲ့ချီပြီး ကြောင်မွေးဖူးတဲ့လူလေ"

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now