လက်သီးစုပ်များဖြင့် စောင်ကိုကျစ်ကျစ်ပါအောင်ဆုတ်ကာ ထကြည့်သည်မရ မကြာပါ စိတ်ပူစွာ စိုးရိမ်တကြီး ပြောနေတဲ့ ချစ်ရသူအသံက နားထဲကိုအလုံးအရင်းဝင်လာသည်

"ဘယ်လိုဖြစ်ရတာလဲကွာ ကိုယ်ရင်တွေပူလိုက်တာ ဆေးခန်းသွားမှဖြစ်မှာပေါ့ လာ
ကိုယ်ပွေ့သွားပေးမယ်"

ရင်တွေပူလိုက်တာ။
ဆေးခန်းသွားမယ်။
ပွေ့သွားပေးမယ်။
အဟက် ထပ်ပြီး ထပ်ြပီးတော့လား 
ထပ်ပြီးတော့ကျန်ခဲ့ပြန်တာလား
ငါလဲ နေမကောင်းဘူးလေ ဂျွန်ရယ်
ထပ်ပြီးတော့လျစ်လျူရှုခဲ့ပြန်တာလား
စောင်ပုံထဲမှ တသိမ့်"တုန်နေတဲ့ ကိုယ်ထည်လေးဟာ ငြိမ်ကြသွားပြီး လက်သီးစုပ်လေးတွေလဲ ပြေကျသွားသည်ကိုတော့ ချစ်ရသူကြောင့် စိတ်ပူနေခဲ့တဲ့ ပင်လယ်ပြာလေးမသိခဲ့

"Jungkook Jungkook ရေ"

"ဘယ်သူမှမရှိဘူးလား အခန်းတံခါးကြီးဖွင့်ပြီး"

"Jung ဟင် မင်က စောင်ကြီးခြုံပြီး နေမကောင်းတာများလား"

မျက်နှာတစ်ဝက်ပေါ်ကာစောင်ခြုံပြီးအိပ်နေတဲ့မင့်ကြောင့် စိတ်ပူကာ မင်ရှိရာကုတင်စီ လျှောက်လာ၍ နဖူးပြင်ကိုစမ်းမိသည်
ပူကျစ်နေတာပဲ ဒီကလေးနေမကောင်းတာကို
ဘယ်သူ့မှမပြောဘူးလား

"မင် မင်ရေ ထအုံး"

"မင် မင် သတိလစ်သွားတာလား"

10နာရီဆို အပြင်ထွက်ခွင့်မရှိ အပြင်ကသူအထဲဝင်ခွင့်မရှိသော အဆောင်စည်းကမ်းကြောင့် လက်မှနာရီကိုကြည့်တော့ ကံကောင်းသည်ဟုဆိုရမယ် 9နာရီပင်ရှိသေးသည် 10နာရီကျော်နေလဲ မင့် အတွက်ပဲ ထွင့်သင့်ရင်ထွက်ရမှာပေါ့

ပျူကျစ်နေသည့်ကိုယ်ထည်သည် ပွေ့ထားသည့်လူပင်ကြာကြာမပွေ့နိုင် သိပ်ကိုပူလောင်လွန်းနေသည်ကြောင့် စိုးရိမ်စိတ်တို့နှင့် ဆေးရုံသို့အပြေးအလွှားသွားခဲ့သည်

အဆောင်ရှေ့ရောက်သည်နှင့်ဖြတ်သွားသော taxi ကြောင့် ရပ်စောင့်နေစရာမလိုအဆင်သင့်ငှားကာဆေးရုံသို့မြန်"မောင်းခိုင်းရသည်
ဆေးရုံရောက်သည်နှင့် အသိဆရာဝန်တစ်ယောက်စီအပြေးအလွှားသွားကာစမ်းသပ်ခိုင်းရပြန်သည်

အချစ်ရှိရာWhere stories live. Discover now