Mahar လုပ်ငန်းစုဟူသည့်အသံကြားတော့ အားလုံးမှာအငြိမ်မနေနိုင်တော့။

"Mahar... Mahar လုပ်ငန်းစုဆိုတာ..ဟို ဟို ကျွန်တော်သိနေတဲ့ဟာများလား"

"ဟုတ်ပါတယ်ရှင်"

အကုန်လုံးမှာ ပါးစပ်အဟောင်းသားနှင့် အံ့ဩနေကြသည်။ဒေါ်နုနုသက်လည်းပါတာပေါ့။

"Mahar က Rarh Cu company နဲ့ယနေ့မှစပြီး ပရောဂျက်တစ်ခုအတွက် ပူးတွဲလုပ်ဆောင်မှာဖြစ်ပါတယ်"

"ဘယ်လိုဖြစ်နိုင်မှာလဲ။Mahar လို..."

ဗုန်းးးး

ရာစု ဟန်လင်းသန့်ထဲမှ စာချုပ်ကိုယူကာ စားပွဲပေါ်ပစ်တင်ပေးလိုက်သည်။

ထိုစာချုပ်အား ဒေါ်နုနုသက် အငမ်းမရဖွင့်ကြည့်လိုက်သည်။

"ဒါ့ကြောင့် ဒီပရောဂျက်ရဲ့ကိစ္စမှန်သမျှ Mahar ကပါ ဆုံးဖြတ်ပေးသွားမှာပါ"

"ဒါဆို အခုကိစ္စမှာ Mahar ဘက်ကအမြင်လေး။ဘယ်သူ့ကို လွှဲပြောင်းပေးချင်သလဲ"

ယွန်းဝတီ တစ်ချက်ပြုံးပြပြီး

"ကျွန်မတို့ဉက္ကဌက ဒီကဉက္ကဌ ဗာမာန်ရာစုဆုံးဖြတ်ချက်အတိုင်းပဲသွားမှာပါ။"

ဉီးဝဏ္ဏ ဟန်ပင်မဆောင်နိုင်တော့။ထိုင်ခုံပေါ်မှီချပစ်လိုက်သည်။လူတစ်ချို့မှာ သဘောပင်ကျနေကြသည်။ဘာလို့ဆို Mahar လိုလုပ်ငန်းစုကြီးနှင့်တွဲလုပ်ရမည်ကြောင့်ပင်။

"ဒါဆို ကျွန်မကိုခွင့်ပြုပါအုံး"

"ကောင်းပါပြီ"

ယွန်းဝတီ ထွက်သွားသည်နှင့် ရာစု ဒေါ်နုနုသက်လက်လှည့်ကာ နှုတ်ခန်းတွန့်ရုံမျှပြုံးပြလိုက်သည်။

"၆မဲ ၇မဲနဲ့ ဒီပရောဂျက်ကို ဟန်လင်းသန့်ပဲလွှဲပြောင်းပေးလိုက်ပါပြီ။ဒီနေ့ meeting ကတော့ ဒီလောက်ပါပဲ"

ရာစုဘက်မှ လူများမှာပြုံးပြုံးဖြင့်ထွက်သွားနိုင်ကြသော်လည်း ဒေါ်နုနုသက်ဘက်ရှိလူများမှာ ဟန်ဆောင်ပြုံးပင်မပြုံးနိုင်။

meeting room ထဲကျန်နေသူများမှာ ရာစု၊ဟန်လင်းသန့်၊ရှင်းဟန်တို့နှင့် အတူ ဒေါ်နုနုသက်နှင့်ဉီးဝဏ္ဏတို့ပင်ဖြစ်ကြသည်။

Love Behind The Complexity Where stories live. Discover now