အပိုင်း ၄ 💚

15 1 0
                                    


မြတ်မှုးငယ်တစ်ယောက် လမ်းထိပ်ရှိ ကုန်တိုက်သို့ သွားရန် အမ မြတ်မူးသွယ်နှင့်အတူ ခြံထဲမှ ထွက်လာသည် ။ သိပ်မဝေးတာမလို့ ကားမယူလာဘဲ အသွယ်နဲ့ လမ်းလျှောက်သွားရန် ခြံထဲမှအထွက် မျက်​စောင်းထိုးခြံမှ အိမ်အကူတစ်ယောက်နှင့်ထွက်လာသော အမျိုးသမီးကြီးကို မြင်ကာ မျက်နှာက မည်းပုပ်သွားတော့သည်။

အံကိုကြိတ်၍ အမဖြစ်သူဘက်သို့ လှည့်ကာ ထိုအမျိုးသမီးကြားနိုင်မည့် အသံဖြင့် ...

'' စောစောစီးစီး ကျက်သရေတုံးဖို့ ဒီမျက်နှာတွေမြင်နေရတာ ၊ ဘယ်ဘဝက အကုသိုလ်တွေလဲ မသိဘူး ''

ဒေါ်မြခက်က မျက်နှာတစ်ချက်ပျက်သွားသော်လည်း လူကြီးအိန္ဒြေဆည်ကာ ထိန်းသည်။

'' ဒီမှာ ကလေးမ၊ မိကောင်းဖခင်သားသမီးဆိုတာ လူကြီးကို မလေးမစားမလုပ်ရဘူး၊ နင့်မိဘတွေက အဲ့လိုပဲ သင်ထားတာလား ''

မြမှုးငယ် ဒေါသထွက်ကာ ဆွေ့ဆွေ့ခုန်သည်။ သူခိုးက လူပြန်ဟစ်ရတယ်လို့။

'' ဘာပြောတယ်ရှင့် အဖွားကြီး ၊ ကျွန်မတို့ မိဘတွေက လေးစားသင့်တဲ့လူကိုပဲ လေးစားဖို့ သင်ပေးထားတာ၊ ရှင့်လို စိတ်ဓာတ်တွေ ပုပ်ပွနေတဲ့သူက ဘယ်နားက လေးစားချင်စရာ ကောင်းနေလို့လဲ ''

ဒေါ်မြခက်က လက်ကို တင်းတင်းဆုပ်ကာ ရှေ့တစ်လှမ်းတိုးသည်။ ကြားရတဲ့စကားတွေက နားထဲ သံရည်ပူလောင်းနေသလို။

''စကားပြောဆင်ခြင်ပါ မြမှုးငယ်၊ ငါက နင့်ထက် အငယ် မဟုတ်ဘူး ၊ နင် မလေးမစား ပြောလို့ရတဲ့ အဆင့်အတန်းလဲ မဟုတ်ဘူး ''

'' ရှင့်အဆင့်အတန်းက လူတကာ တံတွေးခွက်မှာ ပက်လက်မျောရမယ့် အဆင့်အတန်းလေ၊ ယုတ်မာအောက်တန်းကျလွန်းလို့ အမြဲတမ်း ပူလောင်နေရမယ့်သူ ၊ ဝဋ်ဆိုတာ နောက်ဘဝထိ မကူးဘူးလို့ ကျွန်မပြောခဲ့သားပဲ ၊ သူများဘဝကို ဖျက်ဆီးထားတဲ့အတွက် ရှင် ဘယ်တော့မှ အေးချမ်းရမှာ မဟုတ်ဘူး''

ဒေါ်မြခက် နှုတ်ခမ်းကိုမဲ့ကာ လက်ပိုက်ရပ်သည်။

'' ငါက နင့်တူဘဝကို ဖျက်စီးခဲ့တာမဟုတ်ဘူး၊ ကိုယ့်နေရာကို မသိလို့  ထိုက်တန်တဲ့ နေရာကို  ပြပေးလိုက်ရုံပဲ ၊ လူဆိုတာ ကိုယ်နဲ့ တန်ရာတန်ရာပဲ မှန်းရတယ်၊ ငါ့သားက နင့်တူ အေးချမ်းရာသီ လို အခြောက်တွေ ဘယ်တော့မှ လက်လှန်းမမှီတဲ့ အရာပဲ ''

   နှလုံးသားကိုဆန့်ကျင်၍Where stories live. Discover now