ကျိရှုးရန်က ပြောတယ်။

43 02

"ငါတို့ သူ့ကို မင်ယီကျောင်းတော်မှာ တက်ခွင့်ပေးလိုက်လို့ မဖြစ်ဘူး မွေးနေ့တုန်းက ကိစ္စကလည်း သူ့ကိုဘာထိခိုက်မှုမှ မဖြစ်စေခဲ့ဘူး ဒီဟာမလေးက အတော်ကလိမ်ကကျစ်နဲ့ သူ့ကိုသာ မင်ယီကျောင်းတော်ထဲဝင်ခွင့်ပေးလိုက်လို့ကတော့ ဘာတွေလုပ်ဦးမလဲဆိုတာမသိနိုင်ဘူး သူ့ကို ငါတို့မျက်စိအောက်မှာပဲ ထားရမယ် ဒါမှ သူ့ကိုလွယ်လွယ်နဲ့ ဒုက္ခပေးလို့ရမှာ"

ကျိရှုးရန်က မတ်တပ်ထရပ်လိုက်ပြီး

"ငါ အခုချက်ချင်း နင့်အဖေကို သွားရှာမယ်"

.........................

part 2

ဖန်းဖိန်းဥယျာဥ်အတွင်း >>>

တုန်အာနဲ့ ပိုင်ရွှယ်တို့က ကျန်းလီရဲ့ ဘယ်လောက်မှ မကြာတဲ့အချိန်အတွင်း ပြန်လာတာကြောင့် မျက်လုံးပြူး မျက်ဆံပြူးနဲ့ အသည်းအသန် လာမေးကြတယ်။

"မမလေး တော်တော်မြန်တာပဲ ဘာဖြစ်လို့လဲ သခင်ကြီးက ငြင်းလိုက်လို့လား"

"သခင်ကြီးက လက်ခံလိုက်ပြီ"

ပိုင်ရွှယ်က ပြုံးပြီး ပြောတယ်။

"ပြောသားပဲ သခင်ကြီးကို ကောင်းကောင်းမွန်မွန်သာ ဖြောင်းဖျမယ်ဆိုရင် သေချာပေါက် လက်ခံမှာပါလို့"

တုန်အာက သူ့မျက်လုံးကို လှန်လိုက်တယ်။ လောကကြီးက အဲ့လောက် လွယ်နေရင်တော့ ကောင်းတာပေါ့ သူက ကျန်းလီကို ကြည့်လိုက်တော့ ကျန်းလီကလည်း ပြုံးပြီး ခေါင်းငြိမ့်ပြတာ တွေ့တော့မှ သူကမေးတယ်။

"မမလေး တကယ်ကြီးလား ကောင်းတာပေါ့ အစောထဲက သိသားပဲ ငါတို့သခင်မလေးရဲ့ ပါရမီက မင်ယီကျောင်းတော်ကို ဝင်ခွင့်ရမယ့်အပြင် အခြားသူတွေကိုတောင် မျှပေးလို့ ရဦးမယ်ဆိုတာ"

သူက ချက်ချင်းဘဲ စိတ်ပူသွားပြန်ပြီး မေးတယ်။ "မမလေး သခင်ကြီးက အခု သဘောတူလိုက်ပေမယ့် နောက်ရက်တွေကျရင်တော့ ပြန်မရုတ်သိမ်းလောက်ပါဘူးနော်"

စာကြည့်ခန်းထဲမှာတုန်းက ကျန်းလီက ကျန်းယွမ်ပိုင်ရဲ့ ရင်ထဲထိစေမယ့် စကားအနည်းငယ်ပြောလိုက်တာနဲ့ သူကတန်းပြီး သဘောတူပေးလိုက်တာဖြစ်တယ်။ ဒါပေမယ့် ကျိရှုးရန်သိသွားတဲ့အချိန်ကျရင် ဒီကိစ္စကဒီတိုင်း လွယ်လွယ်နဲ့တော့ ပြီးသွားမှာ မဟုတ်ဘူး။ လေတစ်ချက်အဝှေ့မှာပဲ ကျိရှုးရန်က ကျန်းယွမ်ပိုင်ကိုသိမ်းသွင်းလိုက်မယ်ဆိုရင် ကိစ္စတွေက ပြောင်းလဲသွားပြီ။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now