ကျန်းယို့ရောင်က ဂနာမငြိမ်နဲ့ ပြောတယ်။

"သူသေချာပေါက် ဆက်ခံသူကျိုးနဲ့ နီးစပ်ချင်လို့ ဖြစ်လိမ့်မယ် ဒီအပျက်မကတော့"

မင်ယီမိန်းကလေးကျောင်းရဲ့ ဆန့်ကျင်ဘက်မှာ အင်ပါယာကျောင်းတော်ရှိပြီး ကျိုးယန်ပန်ကလည်း အဲ့မှာတက်ရောက်နေတာ ဖြစ်တယ်။ကျိရှုးရန်က သူပြောမှပဲ အဲဒါကို စဥ်းစားမိတော့တယ်။

"အစောကြီးထဲက သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိတာ သမီးသိသားပဲ မွေးနေ့တုန်းကလည်း ဆက်ခံသူကျိုးကို ဥယျာဉ်ထဲမှာ ဖျားယောင်းနေသေးတယ် အတော်လေး အရှက်မရှိတာပဲ! အမေ သူ့အကြံအောင်မြင်သွားလို့ မရဘူးနော် အမေသူ့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်လို့ မရဘူး!"

ကျိရှုးရန်က သူ့သမီးရဲ့စကားတွေကို ကြားတော့ မျက်မှောင်ကြုံ့သွားတယ်။ အမှန်တိုင်းပြောရရင် ကျန်းလီက ကောင်းကောင်းမွန်မွန် ကြီးပျင်းလာတာပဲ ကျန်းယို့ရောင်ရဲ့ သခင်မလေးအပြုအမူတွေနဲ့ ယှဥ်ရင် သူမရဲ့ အများကြီး ပိုတည်ငြိမ် ရင့်ကျက်တဲ့ပုံက အရင်က သူလုပ်ခဲ့တာတွေကို အပြေးအလွှားကြိုးပမ်းနေစရာ မလိုဘဲ အနည်းငယ်တော့ မှေးမှိန်သွားစေတယ်။ ဒီလိုပုံစံက အမျိုးသားတွေကို ပိုဆွဲဆောင်နိုင်တယ်။ကျိရှုးရန်က ယောကျာ်းတွေအကြောင်း အထာနပ်တော့ အခုကျန်းလီသာ ဒီပုံစံနဲ့ ကျိုးယန်ပန်ကို ဖျားယောင်းမယ်ဆို သေချာပေါက် ဖြစ်နိုင်တယ်။

သူမမှာ ကျန်းယို့ရောင်ရဲ့ ဒီထိမ်းမြားမှုအတွက် အရိုးကြေကြေ အရေခမ်းခမ်း ရုန်းကန်ထားရတာ.....ကျိုးယန်ပန်က မင်းမျိုးမင်းနွယ်မဟုတ်ပေမယ့် ယန်ကျင်းမှာ အမတ်ကြီး နင်းယွမ်ကလည်း တော်ရုံ ခေသူမဟုတ်ဘူး။ ကျန်းမိသားစုနဲ့ ရင်ဘောင်တန်းနိုင်တဲ့ မိသားစုဖြစ်ပြီး အမတ်ကြီးရဲ့ဇနီးကလည်း ပေါင်းသင်းလွယ်တဲ့ ရိုးရှင်းတဲ့ မိသားစုဖြစ်တယ်။ အဓိကအကျဆုံးကတော့ ကျန်းယို့ရောင်က ကျိုးယန်ပန်ကို ချစ်ခင်စုံမက်နေတာပဲ။ လူတွေကိုသူတို့ဘက်ဆွဲသွင်းပြီး ကျန်းလီလက်ထဲက လုယူခဲ့ရတဲ့ သူ့ဒီကြိုးစားမှုလေးကို အလဟသတော့ အဖြစ်မခံနိုင်ဘူး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းΌπου ζουν οι ιστορίες. Ανακάλυψε τώρα