ညှို့တို့လက်ထပ်တော့မယ်ဆိုတာကိုမာန်ကတော့မသိသေးပါ။မာန့်ရဲ့မိဘတွေကမာန့်ကိုသနားလို့လျှိုဝှက်ထားခြင်းဖြစ်လေသည်။
မာန့်ရဲ့မိဘတွေကညှို့ရဲ့လုပ်ရပ်တွေကြောင့်ညှို့ကိုမကျေမချမ်းနိုင်ဖြစ်နေပေမယ့် ဒေါ်ကြည်ဖြူရှင်ရဲ့မျက်နှာကြောင့် လက်ထပ်ပွဲကိုလ်ုအပ်တာလေးတွေလုပ်ပေးဖို့ရောက်နေလေသည်။
"သမီးလေးနှိုင်းမရ နဲ့ သားထည်ဝါက...လာကူတာလား"
"ဟုတ်တယ်အန်တီကြည်ဖြူ"
"အိုးးးမလိုပါဘူးကွယ် အလုပ်သမားတွေရှိပါတယ်"
"မဟုတ်တာရှင်...အန်တီကြည်ဖြူကလဲ"
"လာလာ...အိမ်ထဲဝင်ပြီကော်ဖီလေးသောက်အုံး"
"ဟုတ်ကဲ့ရှင့်"
နှိုင်းတို့လည်းဧည့်ခန်းထဲတွင်ထိုင်ကာကော်ဖီသောက်နေလေသည်။
ညှို့ကအောက်ထက်ဆင်းလာတာနဲ့တန်းတွေ့သွားခဲ့သည်။ညှို့ကလည်းငထက်ကဝတ်စုံတွေအစမ်းဝတ်ရအောင်ခေါ်ခြင်းကြောင့်ပင်ဖြစ်သည်။
"ညှို့...နင်ဘယ်သွားမလို့လဲ"
"အင်း...ငါသွားစရာရှိလို့နှိုင်း"
"နင်နေမကောင်းဘူးလား...မျက်နှာတွေကိုသွေးမရှိတဲ့အတိုင်းဖြူဖတ်နေတာဘဲ"
"နေကောင်းပါတယ်...လက်ထပ်ပွဲနဲ့ဆိုတော့အလုပ်ရှုပ်တော့ပင်ပန်းသွားတာ"
"အင်း...ဆေးလေးပါလေးသောက်အုံး"
"အွန်းးး"
"ညှို့...နင်ကလဲကြာတာဟာ"
"လာပါပြီငထက်ရာ"
ထို့နောက်ညှို့တို့လည်းဝတ်စုံများကိုအစမ်းဝတ်ကြည့်လို့ပြီးသွားခဲ့လေသည်။
မာန်ကတော့အိမ်မှာဖုန်းသုံးရင်းနေနေခဲ့သည်။
ထိုအချိန်တတ်လာတဲ့postတစ်ခုကိုမာန်တွေ့ခဲ့လေသည်။