part-6

1K 44 13
                                    

"အန်...အန်တီမမကလည်း မစပါနဲ့မာန့်ကို"

"ကိုယ်ကစနေတဲ့ရုပ်ပေါက်နေလို့လား"

"မာန့်...မာန့်မှာဘာအပြစ်ရှိလို့လဲ...အန်တီမမဘာမကြိုက်တာလဲ...ပြောလိုက် မာန်ပြင်ပေးမယ်"

*ကလေးလေးရယ်...ကိုယ့်ကိုအဲ့လောက်ချစ်တာလား...ကိုယ်လဲချစ်တယ်...ဒါပင်မယ့်ကိုယ်ကလဲသေရမယ့်လူ...မင်းကိုမနာကျင်စေချင်ဘူး*

"ဟင်လို့...အန်တီမမဖြေအုံး"

"ဘာမှပြင်စရာမလိုဘူးနှိုင်းမခမာန်...မင်းကိုခဏတာစိတ်ယိုင်မိခဲ့ရုံဘဲ"

"ဟင်..."

ညှို့ရဲ့စကားကိုကြားပြီးတော့ မာန်ဘာမှဆက်မပြောနိုင်တဲ့အထိလူသေတစ်ယောက်လိုဖြစ်သွားခဲ့သည်။

"ကိုယ်သွားပြီ...မင်းလဲပြန်တော့"

ညှို့ကတော့ထွက်သွားပြီဆိုပင်မယ့်...မာန်ကတော့အခုထိလူသေအတိုင်းပင်။

"မာန်ရေ...နင်တော်လိုက်တော့"

"အာဏာရိုင်း...နင်သိရဲ့လား...အန်တီမမကငါ့အပေါ်ခဏတာစိတ်ယိုင်တာတဲ့"

"သူတောင်ခဏတာစိတ်ယိုင်တာဘဲ...နင်ကအဲ့လောက်ထိခံစားစရာလိုလား"

"အန်တီမမကို...ငါအတည်ချစ်ခဲ့တာဟ"

"နင်မငိုစမ်းပါနဲ့ဟာ...ငါ့ရင်တွေနာလွန်းလို့ပါဟာ..."

"ငါခံစားနေရတာ...အရမ်းဆိုးလွန်းတယ်"

"လာ...အိမ်ပြန်ကြစို့မာန်"

"မပြန်ဘူး...အန်တီမမလာခေါ်မှပြန်မယ်"

"လာစမ်းပါဟာ"

အာဏာရိုင်းလဲမာန့်ကိုအိမ်သို့ပြန်ပို့ပေးခဲ့လိုက်သည်။

ညှို့တို့ဘက်တွင်

"နင်ဆေးသောက်အုံး"

"ဟင့်အင်း...မသောက်ဘူးငထက်"

"နင်ဆေးသောက်မှ...နင်ချစ်တဲ့မာန့်ကိုတွေ့လို့ရမှာပေါ့"

"သူနဲ့ကလမ်းခွဲပြီးပြီ"

"ငါသိပါတယ်...နင်သူကိုဂရုစိုက်ပေးရအုံးမယ်လေ"

"အာဏာရိုင်းကဂရုစိုက်ပေးလိမ့်မယ်"

"မာန်ချစ်တာကငါ့တူကိုမဟုတ်ဘူး...နင့်ကိုဘဲမာန်ကချစ်တာ"

"ငါလည်းမာန့်ကိုချစ်တယ်ငထက်"

"အခုတော့ဆေးသောက်နော်ညှို့"

"အင်း"

"မာန့်ကိုနင်ခံစားနေရတာပြောပြလိုက်ပါလားညှို့ရာ"

"ဟင့်အင်း...မပြောဘူး"

"ဘာဖြစ်နေကြတာလဲ"

"အန်တီကြည်ဖြူ...ဘယ်အချိန်ကတည်းကရောက်နေတာလဲ"

"အခုမှရောက်လာတာသား"

"ညှို့ယူရှင်...နင့်မျက်နှာကဘာပုံဖစ်နေတာလဲ...လာဘ်ကိုမရှိဘူး...ကျက်သရေယုတ်တယ်"

"အမေနဲ့မဆိုင်ပါဘူး...ငွေလိုလို့လာတာလား"

"ငါကိစ္စရှိလို့ပြန်လာတာ"

"အန်တီကြည်ဖြူ...အနားယူတော့လေ ပင်ပန်းလာမယ်ထင်တယ်"

"အေးအေး...သားကဒီမှာအိပ်တာလား"

"ဟုတ်တယ်ဗျာ့...ညှို့နဲ့အတူအလုပ်ကိစ္စတိုင်ပင်ရင်းနဲ့"

တကယ်တော့ညှို့ရောဂါအခြေအနေကြောင့်သူလာအိပ်ပေးနေခြင်းဖြစ်သည်။

"ညှို့...နင်အိပ်တော့"

"အေး"

*ညှို့ရယ်...နင်ကဘာကိစ္စနဲ့ရောဂါကိစ္စကိုမပြောချင်နေရတာလဲ*

ဒီလိုနဲ့တစ်ပတ်လောက်ရှိပြီလေ...

မာန့်ရဲ့မိဘ‌တွေကညှို့တို့အကြောင်းသိပြီးတော့...ညှို့ကိုအပြစ်တင်ပြောဆိုခဲ့ကြသည်။

"ငထက်...ငါတို့လက်ထပ်ကြရအောင်"

"ဟဲ့...ညှို့နင်ရူးတာလား"

"နင်အရင်ကငါ့ကိုဖွင့်ပြောထားတာလေ"

"အ့တာကဟုတ်တယ်...နင့်ဘက်ကအချစ်မပါဘဲဘယ်လိုလုပ်မှာလဲ"

"ငါအဆင်ပြေတယ်...အဲ့တာမှမာန်လဲငါ့ကိုပိုမုန်းပြီးနောက်အချစ်သစ်ရှာနိုင်မှာ"

"အင်းပါ...ငါစီစဉ်လိုက်မယ်"

ညှို့တို့လဲလက်ထပ်ပွဲကိုအမြန်ဆုံးစီစဉ်ကြလေသည်။ဘယ်သူမှမထင်ထားတဲ့လက်ထပ်ပွဲကြောင့်အကုန်လုံးကအံ့ဩမိနေကြသည်။

"ညှို့...လက်ထပ်ပွဲကရပြီဖိတ်စာတွေလဲရပြီ...နင်အဆင်ပြေမယ့်ရက်ကိုပြော"

"မြန်လေကောင်းလေဘဲဟာ"

"မာန့်ကိုမသနားဘူးလား"

"မသိဘူးငထက်ရာ...စိတ်ရှုပ်အောင်တွေမမေးစမ်းနဲ့"

"အင်းပါ"

"ငါသဘက်ခါကျရင်စီစဉ်လိုက်တော့မယ်လက်ထပ်ပွဲကို"

"အေး...စီစဉ်လိုက်တော့"

တိုသွားတယ်
မနက်ကတည်းနေနေမကောင်းလို့
voteလေးတော့ပေးခဲ့ကြ

First LoveWhere stories live. Discover now