Part 10 End

574 31 6
                                    

Unicode Version

"မင်းထွက်သွားတော့"

သွန်းခက် ခေါင်းထောင်သွားသည်။ ဦးသူရိန်အောင် ရဲ့ စိတ်ဓါတ်ကျနေတဲ့ မျက်နှာ နဲ့အပြုအမူတွေ။

သွန်းခက် အပြစ်မကင်းသည့် ခံစားချက်ကြောင့် တောင်းပန်ရုံနဲ့ မလုံလောက်ဘူးဆိုတာ သိပါသည်။

"အသက်ကလဲ မင်းကို လွတ်ပေးဖို့ ဟိုတလောက ပြောထားတယ်၊ မင်း ပြန်ချင်တဲ့ အချိန်ပေးပြန်လိုက်ဆိုတာ

သူ့ရဲ့ဆန္ဒကိုတော့ ဖြည့်ဆည်းပေးရမယ်၊ကျန်တာတော့ ထားလိုက်ပါ။ ငါ မင်းကို ဘာမှ မလုပ်တော့ဘူး"

သွန်းခက် မျက်ရည်များဝဲနေသည်။ ဦးသူရိန်အောင်က

"တကယ်တော့ ဆက် ဆုံးပါးကတဲက သမီး လေးလဲ အတူလိုက်သွားဖို့ ဆုံးဖြတ်ထားပုံပါပဲ။
ငါတို့က ဖေးမပြီး အသက်ဆက်ရှင်စေခဲ့တာ။ အဲဒီအတွက် သူဝေဒနာကို နှစ်ကြိမ်ခံစားစေခဲ့ရတယ်"

သွန်းခက် မှာ ပြောစရာမရှိပေ။

"သမီးလေးရဲ့အိမ်တော်က လူတွေအားလုံးကို ပြန်ခွင့်ပြုမှာမို့ ငါ့ကို အားမနာပဲ ထွက်သွားပါ။ ဒီမှာ ဖြစ်ခဲ့တာ တွေက တချိန်မှာ ပုံပြင်လိုပဲ ဖြစ်သွားမှာ"

"မနက်ဖန် မနက်ကို ၇ နာရီထက် နောက်မကျဘဲ ထွက်ပါ။ ဘာကြောင့်လဲဆိုတော့ မနက်ဖန် နေနေ ပြန်ရောက်လိမ့်မယ်။

သူရောက်တဲ့အချိန် သမီးလေးရဲ့ အိမ်တော်မှာ ရှိတဲ့ သူတွေကို တစ်ယောက်မှ အရှင်ထားမှာ မဟုတ်ဘူး။

အရင်ကတဲက သမီးလေးကို ထိခိုက်စေရင် သူ့အသက်နဲ့ ရင်းရပါစေ၊ ကလဲ့စားချေတုံ့ပြန်တက်တယ်"

သွန်းခက်ခေါင်းညိတ်လိုက်သညိ။

"သွားတော့"

ထိုအခါမှ သွန်းခက် ထိုနေရာက ထွက်လာတော့ သည်။ အိမ်တော်ကို အပြင်ရောက်မှ တချက်ကြည့်ပြီး စိတ်ထဲက နူတ်ဆက် လိုက်သည်။

တချိန်တစ်ခုကိုတော့ ဒီမှာ ကျော်ဖြတ်သွား ခဲ့ရပြီ။ ပြီးဆုံးသင့်တာတွေလဲ ပြီးဆုဲးပြီ။ သူမထွက်သွားဖို့သာ ကျန်တော့ သည်မဟုတ်လား။

++++++++

အဝတ်များသိမ်းဆည်းပြီး Luggage ကို ဆွဲကာ အခန်းထဲက ထွက်လာသည်။ ပန်းအို ကိုတော့  ထားခဲ့ လိုက်သည်။ အခန်းအပြင် ရောက်တော့ သူမလိုပင် အားလုံးလဲထုတ်ပိုးလို့ပြီးသွားကြပြီ

အချစ်နဲ့ရူးသွပ်မှု (GL) Uni+ZWhere stories live. Discover now