Note:*တခြားသူတော့မသိဘူး၊ ကိုယ်တွေတော့ နေကမ္ဘာရဲ့ role ကို ကြိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် စိတ်ကူးထဲက နေကမ္ဘာရဲ့ ပုံကိုရှာတွေ့သွားတယ်၊ စိတ်ကူးနေနောက်/Fic ကို ကြိုတင်ရူးနေပါပြီကွယ်*
Unicode Version
အချိန်တန်ရင် သေဆုံးရမည် ဆိုပေမယ့် ယခုလို အချိန်မတန်သေးဘဲ လူ့လောက ကနေ ထွက်ခွာ သွားရလောက်တဲ့ ဝေဒနာကို မမှတ်မိအောင် ဆေးကူ နေရသည့် သူမ တွင်လဲ ချို့ယွင်းချက်ရှိမည်။
အဲတာက ဆေးပါ။ သူမေ့ချင်လို့မေ့သွားတာမျိုးမဟုတ်ဘဲ။ ဆေးကြောင့် အတိတ်မေ့နေတာပါ။ အရမ်းကို အန္တရာယ်များလွန်းသည်။
*နုငယ်တဲ့နှလုံးသားက ဒဏ်ရာဒဏ်ချက် တွေချည်းပဲ၊ သွန်းဆက် ကို အရမ်းချစ်ခဲ့တာလေ"
"သူ့ရဲ့အမေ နဲ့ဆင်တူတယ်လို့ ခေါ်ရမယ်၊ နှလုံးသားနုတယ်"
သွန်းခက် စာအုပ်စီရင်း အတွေးထဲ သက်မှုးသျှင်နဲ့ ပတ်သက်ပြီးတမျိုးပြီးတမျိုးဝင်လာ သည်။သူနဲ့ သက်မှူးသျှင်က ရွယ်တူပင်။
သို့သော် အခြေအနေ ချင်းကွာခြားသည်။
"စာရိုက်ခိုင်းထားတာ ပြီးပြီလား"
"ဪ"
အမြဲလိုလို မျက်မှောင်ကုတ်ထားသည့် သက်မှူးသျှင်။ အခုလဲ ဘာအလိုမကျလဲမသိ။
"ဟုတ် တဝက်ကျော်ကျော် တော့ ပြီးသွားပါပြီ၊ အမြန်ဆုံးလုပ်ဆောင်နေပါတယ်"
သက်မှူးသျှင်က သူ့လက်ထဲက စာအုပ်ကို ပေးသည်။
"ဒါပြန်တင်ထားလိုက်၊"
"ဟုတ်ကဲ့"
သူ စာမဖတ်ဘဲ ဘာလို့ စာအုပ်ယူထားလဲ ခက် နားမလည်။ သို့သော် မမေးဖြစ်ပါ။ သူမ အလုပ်လုပ်နေသည်ကို ကြည့်နေပြီး
"ငါမင်းနဲ့ အရင်ကတွေ့ဖူးလား"
လက်ပိုက်ပြီးစာအုပ်စင်ကိုမှီကာ သူမကို မေးခွန်းထုတ်သည်။ သွန်းခက် လှည့်ကြည့် သည်။
သူ့ရဲ့မှတ်ဉာဏ်ထဲမှာ နေရာအပြည်ဘအဝယူထားသည့်သူကို ဖိအားပေး၍ မေ့ခိုင်း ထားသည့်အတွက် သူမတည်ရှိနေခြင်းက သူ့အတွက်အန္တရာယ်ဖြစ်နေပြီလား။
![](https://img.wattpad.com/cover/366620709-288-k483358.jpg)
YOU ARE READING
အချစ်နဲ့ရူးသွပ်မှု (GL) Uni+Z
Romanceမြင်နေခွင့်လေးတစ်ခုသာ။သေဆုံးခွင့်မရှိတဲ့ ပန်းလေးတစ်ပွင့်။ #Owncreation by Lacuno VC