Part 6

299 28 1
                                    

Unicode Version

ခက်မျက်စိမျက်နှာ ပျက်နေသည့် အတွက် သက်မှူးသျှင်က သူမရဲ့ ဒဏ်ရာတွေကို မသင်္ကာသလိုကြည့်လာခဲ့ပြီ။

PA က

"သခင်မ ကျွန်မ ဘာမှ မဖုံးကွယ်ပါဘူး၊ သွန်းခက်ကလေ ရုတ်တရပ် ဒီမှာ လာနေရမယ် ဆိုတော့ အဆင်သင့်မဖြစ်သေးတာကြောင့် ထိတ်လန့်နေတာပါ။

ဟုတ်တယ်နော် သွန်းခက်"

သူမကို စကားထဲဆွဲထည့်လာတော့ သွန်းခက် ခေါင်းအမြန်ညိတ်ပြီး

"ဟုတ်...ဟုတ် ပါတယ်"

သက်မှူးသျှင် နှစ်ယောက်လုံးကို စိုက်ကြည့် နေစဉ်ပဲ တံခါးဖွင့်ဝင်လာ သည့် ဦးသူရိန်အောင် ကြောင့် သက်ရဲ့မျက်ဝန်းတွေက ဒေါသရိပ်များလွှမ်းမိုးလာသည်။

ဦးသူရိန်အောင်က သွန်းခက်ကို တချက်သာ ကြည့်သည်။

"ဘယ်က ကလေးမလဲ"

သက်က တဖက်လှည့်ပြီး

"ခင်ဗျားသိစရာမလိုဘူးထင်တယ်"

ဦးသူရိန်အောင် သက်ပြင်းရှိုက်ရင်း

"ဒီညနေ ပဲ နေနေ ပြန်ရောက်လိမ့်မယ်၊ အလုပ်ကိစ္စနဲ့ လာတာဆိုတော့ မြစ်ဆိပ်ကို ဆင်းရမှာ၊

မင်းအဆင်သင့်လုပ်ထား၊ နေနေကိုတော့ မင်းတွေ့ချင်တယ် မဟုတ်လား"

နေကမ္ဘာဆိုတာ။ သက်မှူးအတွက် အကိုတစ်ယောက်လိုပါပဲ။

"PA သူ့ကို အချိန်မှီခေါ်ခဲ့"

"ဟုတ်ကဲ့"

ထိုစကားသာပြောပြီး ပြန်ထွက်သွားတော့ သက်မှူး ပို၍ အံ့အားသင့်နေသည်။ ဒီစကား ပြောဖို့ ကိုယ်တိုင်ရောက်လာဖို့ လိုလား။

အခြေအနေ တရပ်လုံးမသင်္ကာစရာတွေ ပြည့် နေပေမယ့် သက်မှူး မှတ်ဉာဏ်ထဲမှာ ဘာမှ မရှိနေပါ။ ထူးဆန်းသည်ဟု ဆိုရမည်။

"အောက်တထပ်မှာ ဧည့်သည်အခန်းရှိတယ်၊ သူ့ကိုထားလိုက်၊ မနေ့ညက အချိန်ပဲ ငါ့အခန်းမှာ စောင့်နေ"

"ဟုတ်ကဲ့"

သွန်းခက် ပြန်လည်ဖြေပြီး အခန်းထဲကနေ ထွက်သွား‌သည့်နောက်မှာ

အချစ်နဲ့ရူးသွပ်မှု (GL) Uni+ZWhere stories live. Discover now