Part 5

453 36 2
                                    

*ဖြတ်လိုက် ပြန်ရေးလိုက်နဲ့ နောက်ကျသွားတယ်။ စိတ်တိုင်းမကျလို့ပါ၊ကြိုးစားပြင်ဆင်နေပါတယ်*

Unicode Version

မနက်အာရုံတက်ချိန်သာ ရှိသေးသည်။ သွန်းခက် တစ်ယောက် မြင်းစီးကွင်းရဲ့ အလယ်မှာ  ရပ်နေသည်။ ခြေဖျားလက်ဖျား များအေးစက်နေကာ ဒူးနှစ်ဖက်ကလဲ တဆက်ဆက် တုန်နေသည်။

မြင်းစီးကွင်းအပြင်ဘက်မှာတော့ ရွှေဝါအမည်ရှိ မြင်းပေါ်မှာ ထိုင်လျက် သူမကို စိုက်ကြည့်နေသည့် သက်မှူးသျှင်။

အရင်လို လက်ထဲမှာ ရိုင်ဖယ် မပါလာ။ သို့သော် ကြာပွတ် တချောင်းတော့ မြင်းကုန်းနှီးဘေးမှာ ချိတ်ထားသည်။

"မင်းတစ်ယောက်ထဲ ဆိုတော့  တခြားသူတွေ ကိုမခေါ်တော့ဘူး၊
ပြေးကြည့်လိုက်

တစ်နာရီအတွင်း ငါမင်းကိုရှာမတွေ့ရင် ခြံဝန်း အပြင်ဘက်ကို ကိုယ်တိုင် လိုက်ပို့ပေမယ်။

ရှာတွေ့ရင် ငါမင်းကိုသတ်မယ်။"

သွန်းခက် ဇောချွေးများပျံနေသည်။ ယခုလို အခက်အခဲ တွေ့ခဲ့ရင် ဘယ်သူမှ သူမကို မကယ်နိုင်တာ လက်တွေ့ပင်။

ဘယ်သူ့ကိုမှလဲ အားကိုးလို့မရ။

"ဒိုင်း"

သေနတ်သံထွက်ပေါ်လာ သည်နှင့် ခွေယိုင်လုခြေထောက်တစ်စုံဖြင့်အနောက်ကို လှည့်၍ အားကုန်ပြေးသည်။

နောက်ကို လှည့်ကြည့်တော့ မလှုတ်မယှက် နှင့် မြင်းပေါ်မှ လူကို တွေ့သည်။ ကိုက်၅၀၀ထိ ဝေးသော တောစပ်ဆီကို‌ပြေးရင်း အမောစို့နေသည်။ ဒူးတဝက်ခန့်ရှိသည့် ဂျင်းဘောင်းဘီမို့ တော်သေးသည်။

ဘွတ်ဖိနပ်အစွပ်နှင့်အပေါ်က crop top အတို နှင့် ။ဆိုကာ။ ပြေး၍တော့ လွတ်လပ်သည်။ ခက်တာက မပြေးနိုင်တာပဲ။ ဆံပင် ထူထူများကို စုစည်းထားသည်။

တောထဲ ဝင်နိုင်တော့ သူမ အသက်ပင် မရူနိုင်တော့။

"ဟောဟဲ ဟောဟဲ"

တောထဲရောက်စပဲရှိသေးသည်။ မြင်းစီးကွင်းကို ဖြတ်ပြီး လာနေသည့် သူ့ကြောင့် အမောပင် မဖြေနိုင်။ ပုံစံတူ အပင်တွေက အစီအတန်း ။

အချစ်နဲ့ရူးသွပ်မှု (GL) Uni+ZWo Geschichten leben. Entdecke jetzt