ရွှီလော့ယန်က စောနကတစ်ချက်ခိုးကြည့်လိုက်တဲ့အချိန်က မြင်ခဲ့ရတဲ့ ချီချန်အန်းရဲ့ အသွင်အပြင်ကို အမှတ်ရမိရင်း သံစဥ်တစ်ခုကိုဖြေးညင်းစွာ ငြီးလိုက်သည်။မတ်က ၁ရက်နေ့ကနေ မတ်က၂၂ရက်နေ့ အတွင်း ချီချန်အန်းရဲ့က ကိုယ်လေးချိန်အနည်းငယ်လျှော့သွားပုံရပြီး အသားရည်ကလည်းပိုပြိးဖျော့တော့ပုံံပေါ်လေသည်။ယင်းက သူ့ရဲ့ ရှုပ်ယှက်ခပ်နေပြီး အပြည့်ဖြစ်နေတဲ့ အချိန်ဇယားတွေကြောင့်လားလို့ သံသယဝင်လာမိသည်။

ဒီ fan meeting ပြီးသွားရင် သူ့ရဲ့အသားအရည်ကို ပြန်လည်ဖြည့်တင်းဖို့ အရသာရှိတာတွေ ခေါ်သွားပြီးကျွေးရမယ်။

ထိုသူ့ကို ယခုလိုမြင်ရတာက သူ့နှလုံးသားကိုနာကျင်စေ၏။

အရင်ကသူလုံးဝသတိမထားမိပေမဲ့ ရွှီလော့ယန် သူ့ကိုမြင်လိုက်ရတဲ့ခဏမှာပဲ သူဘယ်လောက်သတိရနေတယ်ဆိုတာ သိလိုက်ရသည်။

ယင်းကိုတွေးလိုက်မိပြီးနောက် ရွှီလော့ယန်တစ်ယောက် မပြုံးမိဘဲမနေတော့ချေ။

"ဒီသီချင်းကို လောလောဆယ်တော့ 'longing for you-မင်းကိုလွမ်းဆွတ်ခြင်း'လို့ပေးဖို့တွေးထားတယ် အိမ်ပြန်ရောက်မှ အသံညှိလို့ရမရကြည့်ကြည့်လိုက်မယ်၊အဲ့ဒါ အဆင်ပြေသွားရင်တော့ စာသားအချို့ထပ်ပေါင်းပြီး နောက်အယ်ဘမ်အတွက် ပေါက်မဲ့သီချင်းတစ်ပုဒ်ဖန်တီးနိိုင်လောက်တယ်"

ထိုသိုပြောပြီးနောက် မတ်တက်ထရပ်လိုက်ပေမဲ့ မထင်မှတ်ထားစွာ သူ့ခေါင်းမူးဝေသွားသည်။သူက သူ့ရဲ့အနေအထားကိုချိန်ညှိလိုက်ပြီး ဖြစ်ပျက်သွားသမျှကိုဖုံးကွယ်လိုက်သည်။နှဖူးရှိချွေးတွေကို ပုဝါနှင့်သုတ်လိုက်ရင်း အခွင်းအရေးယူကာနှဖူးကိုထိလိုက်ချိန်မှာတော့ သိပ်မသေချာပေမယ့် သူအဖျားရှိနေပုံရသည်။

ထို့ကြောင့် နောက်ကျန်တဲ့နာရီတွေမှာ ရွှီလော့ယန် ဟိုဟိုဒီဒီပြေးမနေတော့ဘဲ ကတ္တီပါဆိုဖာပေါ်မှာထိုင်နေရင်းဖြင့် ငြိမ်သက်စွာနှင့်ကျက်သရေရှိတဲ့ အမျိုးသားဆိုတဲ့ ပုံရိပ်ကို ထိန်းသိမ်းထားလိုက်သညါ။

ထို့နောက် နောက်ပိုင်းဆိုဖို့သီချင်းနှစ်ပုဒ်ရဲ့စာသားတွေကိုစဥ်းစားနေလိုက်သည်။ မဟုတ်ရင် ဖျော်ဖြေရင်းလဲကျသွားပါက အလွန်ရှက်စရာကောင်းတာကြောင့် ငြိမ်ငြိမ်လေးနေဖို့ပဲဆုံးဖြစ်လိုက်သည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now